ကိန်း – ဟာဇက် အလဲထပ်၊ အငှား လွှတ်ခံရမယ့် လီဗာပူးကြယ်ပွင့်၊ ယူရို သန်း ၉၀ ထိ ရမယ့် ဘာပေနဲ့ အပြောင်းအရွှေ့ သတင်းထူးများ

အမ်ဘာပေဟာ ဒီနွေရာသီမှာ ရီးရဲလ်ကို ပြောင်းမယ့် အစား ကလပ်မှာ ဆက်နေဖို့ သဘောတူမယ်ဆိုရင် ပီအက်စ်ဂျီက သူ့ကို အပိုဆု အများကြီး ပေးမှာဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ ၂၀၂၅အထိ စာချုပ်ကို သက်တမ်းတိုးဖို့ စိတ်မဝင်စား ပေမယ့် အသင်းမှာ ဆက်နေမယ်ဆိုရင် ယူရိုသန်း ၉၀ အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ညာအစွန် နောက်ခံလူ ဒါလော့ကို ကာလရှည် သက်တမ်းတိုးဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူငယ် ကာဗယ်ရို ကို နောက်ရာသီမှာ အငှားစေလွှတ်ဖွယ် ရှိကြောင်း ယာဂင် ကလော့ပ်က ထုတ်ဖော် ပြောဆိုလာပါတယ်။

ဂျူ့ဒ် ဘယ်လင်ဟမ် ဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ၂၀၂၉ ထိ ရှိစေမယ့် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။

ချယ်ဆီးနဲ့ ပွဲမှာ ဒဏ်ရာ ရသွားတဲ့ အန်တိုနီရဲ့ အခြေအနေက ပြင်းထန်ပုံ ရကြောင်း နည်းပြ တန်ဟက်က ဝန်ခံသွားပြီး အန်တိုနီဟာ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဖိုင်နယ်မှာ ပါဝင်ဖို့ မရေရာဘူး ဖြစ်နေပါတယ်။

အာဆင်နယ် အသင်းဟာ ရေးစ် နယ်ဆန်ကို ၄ နှစ် သက်တမ်းရှိ စာချုပ်သစ်နဲ့ သက်တမ်းတိုးဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

တော့တင်ဟမ် စပါးအသင်းဟာ သူတို့ ကြယ်ပွင့် တိုက်စစ်မှုး ကိန်း ကို မန်ယူအသင်းထံ မရောင်းချလိုတာကြောင့် ရီးရဲလ်မက်ဒရစ် အား ကိန်းကို ခေါ်ယူဖို့ ချဉ်းကပ်မေးမြန်းနေပါတယ်။ စပါးက ကိန်းကို ရီးရဲလ်ထံ ရောင်းရင် အီဒင် ဟာဇက် ကိုပါ အပြောင်းအရွှေ့ထဲ ထည့်သွင်းဖို့ တောင်းဆိုထားပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက်ဟာ နယူးအင်္ဂလန် ရီဗော်လူးရှင်း ဂိုးသမား ပက်ထရိုဗစ်ကို စောင့်ကြည့်နေပါတယ်။ ဆားဘီးယား လက်ရွေးစင်ဟာ ဒီရာသီ မေဂျာလိဂ်မှာ ခြေစွမ်းပြသခဲ့ပြီးတော့ ပရီးမီးယားလိဂ်ဘီလူးတွေနဲ့ ဘင်ဖီကာက သူ့ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

လူးကပ် ဟာနန်ဒက်နဲ့ ပီအက်စ်ဂျီဟာ နောက်ရာသီ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရထားပြီဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်ဆီက ခွင့်ပြုချက်ရအောင် လုပ်ရဦးမှာပါ။ သူဟာ ဘိုင်ယန်နဲ့ ၂၀၂၄ ဇွန်လအထိ စာချုပ်ရှိနေတာ ဖြစ်ပါတယ်။