ကိန်း ပြီးတော့ အိုဆင်ဟမ်၊ မောင့် ဒုတိယ ကမ်းလှမ်းမှု၊ ဒေးဗစ် ရာယာ၊ ပွဲစဉ်ဇယားနဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်မောင့်အတွက် ကနဦး ကမ်းလှမ်းမှု ပေါင် သန်း ၄၀ က ချက်ချင်း ပယ်ချခံခဲ့ရပေမယ့် ဒုတိယမြောက် ကမ်းလှမ်းမှုကို မကြာခင် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ယူနိုက်တက် ပစ်မှတ် တစ်ဦး ဖြစ်တဲ့ ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ် အတွက် အာဆင်နယ်က ကမ်းလှမ်းမှု စတင် ပြုလုပ်လိုက်ပေမယ့် ပယ်ချ ခံခဲ့ရတယ်လို့ သတင်းထောက် ရိုမန်နို က ဖော်ထုတ်ထားပါတယ်။

ဘရန့်ဖို့ဒ် အသင်းရဲ့ ပေါင် သန်း ၄ဝ တန် ဂိုးသမား ဒေးဗစ် ရာယာကို စပါးအသင်း ရဖို့ ရေပန်းစားနေပေမယ့် ယူနိုက်တက်ကလည်း ပါဝင် ချိတ်ဆက်နေဆဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးသစ် ရှာဖွေရေး အစီအစဉ်တွေမှာ ဟယ်ရီကိန်း မပါတော့သလို အိုဆင်ဟမ် ကို ခေါ်ယူရေးလည်း နောက်ဆုတ်ခဲ့ပြီလို့ သိရပါတယ်။

နာပိုလီမှ ခံစစ်မှူး ကင်မင်ဂျေကို ခေါ်ယူရေး မန်ချက်စတာ ယူနိုက်တက်က ရေပန်းစားနေဆဲပါ။ ဒါပေမယ့် သတင်းတွေမှာ ဖော်ပြနေကြသလို သဘောတူညီမှု ရထားတဲ့ အဆင့်ကို ရောက်ရှိနေတာတော့ မဟုတ်သေးပါဘူး။

ခံစစ်မှူးသစ် အလိုရှိနေတဲ့ ဘိုင်ယန်မြူးနစ်ကလည်း ကင်ကို စိတ်ဝင်စားနေပြီး သူတို့ရဲ့ စောင့်ကြည့်စာရင်းထဲ ထည့်ထားပါတယ်။

ပရီးမီးယားလိဂ် ၂၀၂၃-၂၄ ရာသီ အတွက် ပွဲစဉ် ဇယားများ ဒီနေ့ ထွက်ပေါ်လာရာ ယူနိုက်တက် က အဖွင့်ပွဲမှာ ဝုဗ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

ရာသီသစ်မှာ အရေးကြီး ပွဲစဉ် အချို့က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • August 14, opener: Wolves (home)
  • October 28: Manchester City (home)
  • December 26, Boxing Day: Aston Villa (home)
  • December 16: Liverpool (away)
  • March 2: Manchester City (away)
  • April 6: Liverpool (home)
  • May 19, closer: Brighton (away)