လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ နည်းပြ ကလော့ပ် အလိုရှိနေတဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမား ရိုင်ယန် ဂရာဗန်ဘာ့ချ်ကို ခေါ်ယူရေး မီးစိမ်းပြ ခွင့်ပြုလိုက်ပြီ လို့ သိရပါတယ်။ နယ်သာလန်သားကလည်း ဘိုင်ယန်မှာ အနာဂတ် မရေရာတော့တာကြောင့် အန်းဖီး ရောက်လာနိုင်ပါတယ်။
ပရီးမီးယားလိဂ်မှာ တန်းတင် ကျန်ရစ်အောင် ရုန်းနိုင်ခဲ့တဲ့ ဘုန်းမောက် အသင်းဟာ နည်းပြ ဂယ်ရီအိုနေးကို ရာထူး ကနေ ထုတ်ပယ်လိုက်ပါတယ်။ မကြာခင်မှာ နည်းပြသစ် အဖြစ် ခန့်အပ်သွားမှာလည်း ဖြစ်ပါတယ်။
အမ်ဘာပေကို နောက်နှစ် လက်လွှတ်ရတော့မယ့် ပီအက်စ်ဂျီ ဟာ အင်္ဂလန် တိုက်စစ်ကြယ်ပွင့် ဟယ်ရီ ကိန်း ကို အရ ခေါ်ယူဖို့ ပစ်မှတ် ထားလာပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်သမား ရက်ဖိုဒ့်ကို ကာလရှည် သက်တမ်းတိုးဖို့အတွက် သဘောတူညီမှု ရခဲ့သလို ကစားသမားကလည်း နည်းပြတန်ဟက်နဲ့ ဆက်လက် တွဲလုပ်ဖို့ ပျော်ရွှင်နေပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ အမ်ဘာပေကို ခေါ်ယူမှာ မဟုတ်ဘဲ ပြင်သစ်သား တိုက်စစ်မှူးဟာ သူတို့အသင်းထံ ပြောင်းလာဖို့ မဖြစ်နိုင်ကြောင်းနဲ့ တိုက်စစ်သမား ဘယ်ကို ပြောင်းလိုတယ်ဆိုတာ လူတိုင်း သိပါတယ်လို့ ထုတ်ပြောသွားပါတယ်။
ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှုး အိုဆင်ဟမ် က လက်ရှိကလပ်နဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရထားကြောင်း နာပိုလီ အသင်း ဥက္ကဌ ဒီလော်ရန်းတစ်စ် က ထုတ်ဖော် အသိပေးလိုက်ပါတယ်။
ချယ်ဆီး ဂိုးသမား မန်ဒီဟာ ဆော်ဒီကလပ် Al Ahli အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဇီယက်ချ်လည်း ဆော်ဒီဘက်ပဲ ပြောင်းရွှေ့မှာပါ။
နယူးကာဆယ်ဟာ ဒီနွေမှာ ကစားသမားသစ်တွေ အင်အားဖြည့်မှာ ဖြစ်ပေမယ့် ကွင်းလယ်လူ ဂွီးမားရက်စ်ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဖို့ ဦးစားပေးအဖြစ် ရည်ရွယ်ထားပါတယ်။
မန်စီးတီး အသင်း ဟာ ကွင်းလယ်လူ ဂွမ်ဒိုဂန်နဲ့ ညာအစွန် နောက်ခံလူ ဝေါ်ကာတို့ကို ဆက်ထိန်းလိုနေပါတယ်။
