ဝီလီယံ ထွက်သွားပြီးနောက် ကျောနံပါတ် ၁၀ ကို ချယ်ဆီးမှာ ဘယ်သူ ဆက်ခံနိုင်မလဲ

ခ်ယ္ဆီးမွာ ေက်ာနံပါတ္ ၁၀ ကို ၀တ္ဆင္သြားတဲ့ ဘရာဇီးသား ေတာင္ပံတိုက္စစ္သမား ၀ီလီယံဟာ အာဆင္နယ္အသင္းထံ အျပီး ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၀ီလီယံ ၀တ္သြားတဲ့ နံပါတ္ ၁၀ ကို ဘယ္သူ ဆက္ခံမလဲ ဆိုတာ စိတ္၀င္စားစရာ ျဖစ္လာခဲ့ပါတယ္။

နာမည္ၾကီး ေက်ာနံပါတ္ ၁၀ ဟာ ဂါဗင္ပီးေကာ့၊ မာ့ဟုခ်္၊ ဂ်ိဳကိုးလ္၊ ဘင္နာေယာင္း၊ မာတာ၊ ဟာဇက္၊ ၀ီလီယံ စတဲ့ ကစားသမားေကာင္းေတြ ၀တ္ဆင္ သြားခဲ့တဲ့ ကိန္းဂဏန္း တစ္ခု ျဖစ္ပါတယ္။ နံပါတ္ ၁၀ က ကစားရတဲ့ ေနရာထက္ ေနာက္ပိုင္းမွာေတာ့ အလ်င္းသင့္သလို ေနရာေပးေနခဲ့တာပါ။

ျပီးခဲ့တဲ့ေႏြက ခ်ယ္ဆီးရဲ႕ အဓိက အားထားရတဲ့ ကစားသမား အီဒင္ ဟာဇက္ ထြက္ခြာသြားတဲ့ေနာက္ ၀ီလီယံက နံပါတ္ ၁၀ ကို ေျပာင္းလဲ ၀တ္ဆင္ခဲ့တာပါ။ နံပါတ္ ၁၀ ေက်ာနံပါတ္ဟာ ၂၀၀၂-၀၃ ရာသီ က စလို႔ ေနာက္ပိုင္း ရာသီဆက္ အလစ္အလပ္ မရွိဘဲ အျမဲ ၀တ္ဆင္သူ ရွိခဲ့တဲ့ နံပါတ္ တစ္ခုလည္း ျဖစ္ပါတယ္။

၀ီလီယံ ျပီးတဲ့ေနာက္ ဘယ္သူ နံပါတ္ ၁၀ ကို ဆက္လက္ ၀တ္ဆင္မလဲ ဆိုတာက ေမးခြန္းၾကီး တစ္ခု ျဖစ္လာခဲ့ပါတယ္။ အသင္း လက္ရွိ လူစာရင္းက သူေတြပဲ ဆက္ခံမလား အသစ္ ေရာက္လာတဲ့ ကစားသမား တစ္ဦးဦးကို ေပးမလား စိတ္၀င္စားစရာပါ။

ခ်ယ္ဆီး ကစားသမားသစ္ ဇီယက္ဟာ နံပါတ္ ၁၀ ေရာ ၁၂ ကိုပါ ၀တ္ဆင္ခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။ ေအဂ်က္မွာေတာ့ ၁၀ ၀တ္ဆင္ခဲ့တာပါ။ တီမို၀ါနာကေတာ့ လိုက္ပ္ဇစ္မွာ ၀တ္ဆင္ခဲ့တဲ့ ၁၁ ကိုပဲ ေရြးခ်ယ္ဖြယ္ ရွိေနတာ ျဖစ္ျပီး လက္ရွိ ၀တ္ဆင္တဲ့ ပက္ဒရိုလည္း အသင္းက ထြက္ခြာျပီး ျဖစ္ပါတယ္။ ခ်ယ္ဆီးထံ ေရာက္လုနီးပါး ရွိေနတဲ့ ကိုင္းဟာဗက္ဇ္ကလည္း လီဗာကူဆင္မွာ လက္ရွိ ၀တ္ေနတဲ့ နံပါတ္ ၂၉ ထက္ တျခား ကိန္းဂဏန္း တစ္ခုကို ေတာင္းဆိုဖြယ္ ရွိပါတယ္။ ဟာဗက္ဇ္ဟာ ယခင္နွစ္မ်ားမွာေတာ့ ဂ်ာမနီနဲ႕ လီဗာကူဆင္ လူငယ္အသင္းမ်ားမွာ နံပါတ္ ၁၀ ၀တ္ဆင္ခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ လက္ရွိအသင္းသားထဲက ဆိုရင္ ပူလီဆစ္ ရွိေနျပီး ၄င္းက လက္ရွိ နံပါတ္ ၂၂ ၀တ္ဆင္ေနပါတယ္။ အေမရိကန္ လက္ေရြးစင္ အသင္းမွာေတာ့ ပူလီဆစ္က ၁၀ ၀တ္ဆင္သူပါ။ ေနာက္တစ္ဦး ျဖစ္တဲ့ ေမဆန္ေမာင့္က စီနီယာအသင္း အဆင့္မွာ နံပါတ္ ၈ နဲ႕ ၁၉ ကုိ ၀တ္ဆင္သူ ျဖစ္ေပမယ့္ လူငယ္အသင္းမ်ားမွာ ၁၀ ၀တ္ဆင္ခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ အိုဒြိဳင္းလို လူငယ္ ကစားသမားကို အခြင့္အေရး ေပးသင့္သလား ဆိုတာလည္း စဥ္းစား စရာ ျဖစ္ပါတယ္။ ခ်ယ္ဆီးဖန္ေပ့ခ်္ေတြနဲ႕ ၀က္ဘ္ဆိုဒ္ေတြမွာေတာ့ နံပါတ္ ၁၀ ဘယ္သူ ၀တ္ဆင္သင့္သလဲ ေမးျမန္း ဆႏၵေကာက္ခံမႈေတြ ရွိေနပါတယ္။

ချယ်ဆီးမှာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်သွားတဲ့ ဘရာဇီးသား တောင်ပံတိုက်စစ်သမား ဝီလီယံဟာ အာဆင်နယ်အသင်းထံ အပြီး ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဝီလီယံ ဝတ်သွားတဲ့ နံပါတ် ၁၀ ကို ဘယ်သူ ဆက်ခံမလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

နာမည်ကြီး ကျောနံပါတ် ၁၀ ဟာ ဂါဗင်ပီးကော့၊ မာ့ဟုချ်၊ ဂျိုကိုးလ်၊ ဘင်နာယောင်း၊ မာတာ၊ ဟာဇက်၊ ဝီလီယံ စတဲ့ ကစားသမားကောင်းတွေ ဝတ်ဆင် သွားခဲ့တဲ့ ကိန်းဂဏန်း တစ်ခု ဖြစ်ပါတယ်။ နံပါတ် ၁၀ က ကစားရတဲ့ နေရာထက် နောက်ပိုင်းမှာတော့ အလျင်းသင့်သလို နေရာပေးနေခဲ့တာပါ။

ပြီးခဲ့တဲ့နွေက ချယ်ဆီးရဲ့ အဓိက အားထားရတဲ့ ကစားသမား အီဒင် ဟာဇက် ထွက်ခွာသွားတဲ့နောက် ဝီလီယံက နံပါတ် ၁၀ ကို ပြောင်းလဲ ဝတ်ဆင်ခဲ့တာပါ။ နံပါတ် ၁၀ ကျောနံပါတ်ဟာ ၂၀၀၂-၀၃ ရာသီ က စလို့ နောက်ပိုင်း ရာသီဆက် အလစ်အလပ် မရှိဘဲ အမြဲ ဝတ်ဆင်သူ ရှိခဲ့တဲ့ နံပါတ် တစ်ခုလည်း ဖြစ်ပါတယ်။

ဝီလီယံ ပြီးတဲ့နောက် ဘယ်သူ နံပါတ် ၁၀ ကို ဆက်လက် ဝတ်ဆင်မလဲ ဆိုတာက မေးခွန်းကြီး တစ်ခု ဖြစ်လာခဲ့ပါတယ်။ အသင်း လက်ရှိ လူစာရင်းက သူတွေပဲ ဆက်ခံမလား အသစ် ရောက်လာတဲ့ ကစားသမား တစ်ဦးဦးကို ပေးမလား စိတ်ဝင်စားစရာပါ။

ချယ်ဆီး ကစားသမားသစ် ဇီယက်ဟာ နံပါတ် ၁၀ ရော ၁၂ ကိုပါ ဝတ်ဆင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ အေဂျက်မှာတော့ ၁၀ ဝတ်ဆင်ခဲ့တာပါ။ တီမိုဝါနာကတော့ လိုက်ပ်ဇစ်မှာ ဝတ်ဆင်ခဲ့တဲ့ ၁၁ ကိုပဲ ရွေးချယ်ဖွယ် ရှိနေတာ ဖြစ်ပြီး လက်ရှိ ဝတ်ဆင်တဲ့ ပက်ဒရိုလည်း အသင်းက ထွက်ခွာပြီး ဖြစ်ပါတယ်။ ချယ်ဆီးထံ ရောက်လုနီးပါး ရှိနေတဲ့ ကိုင်းဟာဗက်ဇ်ကလည်း လီဗာကူဆင်မှာ လက်ရှိ ဝတ်နေတဲ့ နံပါတ် ၂၉ ထက် တခြား ကိန်းဂဏန်း တစ်ခုကို တောင်းဆိုဖွယ် ရှိပါတယ်။ ဟာဗက်ဇ်ဟာ ယခင်နှစ်များမှာတော့ ဂျာမနီနဲ့ လီဗာကူဆင် လူငယ်အသင်းများမှာ နံပါတ် ၁၀ ဝတ်ဆင်ခဲ့ပါတယ်။

ချယ်ဆီးရဲ့ လက်ရှိအသင်းသားထဲက ဆိုရင် ပူလီဆစ် ရှိနေပြီး ၎င်းက လက်ရှိ နံပါတ် ၂၂ ဝတ်ဆင်နေပါတယ်။ အမေရိကန် လက်ရွေးစင် အသင်းမှာတော့ ပူလီဆစ်က ၁၀ ဝတ်ဆင်သူပါ။ နောက်တစ်ဦး ဖြစ်တဲ့ မေဆန်မောင့်က စီနီယာအသင်း အဆင့်မှာ နံပါတ် ၈ နဲ့ ၁၉ ကို ဝတ်ဆင်သူ ဖြစ်ပေမယ့် လူငယ်အသင်းများမှာ ၁၀ ဝတ်ဆင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် အိုဒွိုင်းလို လူငယ် ကစားသမားကို အခွင့်အရေး ပေးသင့်သလား ဆိုတာလည်း စဉ်းစား စရာ ဖြစ်ပါတယ်။ ချယ်ဆီးဖန်ပေ့ချ်တွေနဲ့ ဝက်ဘ်ဆိုဒ်တွေမှာတော့ နံပါတ် ၁၀ ဘယ်သူ ဝတ်ဆင်သင့်သလဲ မေးမြန်း ဆန္ဒကောက်ခံမှုတွေ ရှိနေပါတယ်။