007 ကိုင်ဟာဗက်၊ ရိုက်စ် အခြေအနေ၊ ခွင့်လွှတ်ခံထားရတဲ့ ဂျော်ဂျင်ဟို၊ လက်လျှော့်မှာ မဟုတ်တဲ့ ရမ်စ်ဒယ်နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

စပါးပွဲမှာ ဂိုးသမား ရာယာရဲ့ ကာကွယ်မှုကို အရန်ခုံကနေ ရမ်စ်ဒယ်က လက်ခုပ်တီးနေခြင်းကို လှောင်ရယ်ခဲ့တဲ့ ကာရေဂါအား အဆင့်ရှိရှိ နေစမ်းပါလို့ အင်္ဂလန်ဂိုးသမားလေးရဲ့ ဖခင်က လူမှုကွန်ယက်ကနေ တုန့်ပြန်ပါတယ်။

ရမ်စ်ဒယ်က သူ့ရဲ့ ပွဲထွက်ခွင့် ဆုံးရှုံးမှုကို လွယ်လွယ်ကူကူ လက်ခံပေးမှာ မဟုတ်ဘဲ ပြန်ကြိုးစားကာ လူတွေ မှားတယ်ဆိုတာ သက်သေပြလိုနေပါတယ်။

ဒီကလန်ရိုက်စ် ဒဏ်ရာ ဟာ ကာလရှည် နားရမှာ မျိုး မဟုတ်ဘူးလို့ အာဆင်နယ် အသင်းက ယုံကြည်နေပြီး ရိုက်စ်ဟာ ပထမပိုင်းထဲ က နောက်ကျောမှာ မသက်မသာ ဖြစ်နေတယ် အသိပေးထားတာကြောင့် အနားပေးခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။

စပါးပွဲမှာ ဂျော်ဂျင်ဟိုရဲ့ အမှားအတွက် အာတီတာက ခွင့်လွှတ်ပေးခဲ့ပြီး ဘောလုံးမှာ ဒီလို မှားယွင်းမှုတွေ ရှိတတ် ပါတယ် လို့ ကာကွယ် ပြောဆိုပါတယ်။

အာဆင်နယ်အသင်းဟာ စပို့တင်း ခံစစ်သမား Ousmane Diomande ကို ခေါ်ယူနိုင်ရေးအတွက် စည်းရုံးမှုတွေ ရှိနေပါတယ်။

အာဆင်နယ်အတွက် ၇ ပွဲကစားရာမှာ သွင်းဂိုး ၀ ၊ ဂိုးထောက်ပံ့မှု ၀ ပဲ လုပ်နိုင်တာကြောင့် တိုက်စစ်သမား ကိုင်ဟာဗက်ကို 007 အဖြစ် လှောင်ပြောင်နေကြပါတယ်။

ဆာကာဟာ ဒီရာသီ အာဆင်နယ်အသင်းမှာ ခြေစွမ်း အမှန်ဆုံး ကစားသမားဖြစ်ပြီး အမြဲတမ်း သာမာန်ထက်ပိုတဲ့ ကောင်းမွန်တဲ့အဆင့်ကို ဆက်တိုက် ပြသထားနိုင်ပါတယ်။

ဘရန့်ဖို့ဒ် တိုက်စစ်မှူး တိုနေးက သူ့ရဲ့ နောက်ကလပ်အဖြစ် မှန်ကန်တဲ့ ဦးတည်ချက်ရှိတဲ့ အသင်းကို ရွေးချယ်လိုပြီး အာဆင်နယ်ပွဲတွေကို ငယ်တည်းက ကြည့်ရှုခဲ့ပါကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။