အာဆင်နယ်ပွဲမှာ ကိုဗာဆစ် အနီကဒ် ရသင့် မရသင့် ဒိုင်လူကြီး အကြီးအကဲ ကိုယ်တိုင် ထုတ်ပြောလာပါပြီ

PGMOL အကြီးအကဲ ဟောင်းဝတ်ဝပ်က အာဆင်နယ်နဲ့ မန်စီးတီးပွဲမှာ ကိုဗာဆစ် ကွင်းထဲ ဆက်ရှိနေတာ ကံကောင်းခဲ့တယ်လို့ ထုတ်ပြောလာပါတယ်။

အဆိုပါပွဲမှာ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာက အဓိက ဆုံးဖြတ်ချက်ကြီးတွေကို ပြုလုပ်ခဲ့ရပြီး ကိုဗာဆစ်ရဲ့ အိုဒီဂတ်ကို ဝင်ဖြတ်မှုဟာ အနီကဒ် ပြသမခံရခြင်းနဲ့ ရိုက်ကို တူညီတဲ့ အခြေအနေနဲ့ ဝင်ဖြတ်မှုမှာ ဒုတိယအဝါ မရခြင်းတွေအတွက် ဝေဖန်သံတွေ ထွက်ခဲ့တာပါ။

ဟောင်းဝတ်ဝပ်က ရှင်းပြရာမှာ ” အဲ့တာက ညံ့ဖျင်းတဲ့ ဝင်ဖြတ်မှုလို့ ထင်ပါတယ်။ အဲ့ဖြစ်ရပ်အတွက် မိုက်ကယ် အိုလီဗာက တိုက်ရိုက် အနီကဒ် ပေးလို့ ရပါတယ်။ ဒါပေမယ့် သူက အဝါကဒ်ပဲ ပေးခဲ့တယ်။

မတူတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ကိုဗာဆစ်က ဒီဝင်ဖြတ်မှုကို ညာခြေနဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းထဲက ဆုံးဖြတ်ချက်ကတော့ ဝင်ဖြတ်မှု အခြေအနေဟာ သိသာထင်ရှားမှု မရှိတာမို့ အဝါကဒ်ပေးခဲ့တာ ဖြစ်ပါတယ်။

ကျနော်ကတော့ ကွင်းထဲ ကိုဗာဆစ် ဆက်ရှိနေတာ ကံကောင်းတယ် ထင်ပါတယ်။ အဲ့ဖြစ်ရပ်ကော နောက်တစ်ကြိမ် ဖြစ်ရပ်မှာကော သူ ဒုတိယအဝါ ထပ်မရဘဲ ကွင်းထဲ ဆက်နေနိုင်တာ အတော်လေး ကံကောင်းပါတယ်။

ကျနော်တို့ အင်္ဂလန်လိဂ်ရဲ့ အကောင်းဆုံး ဒိုင်တွေထဲက တစ်ဦး၊ ကမ္ဘာ့အကောင်းဆုံး ဒိုင်တွေထဲက တစ်ဦးဖြစ်တဲ့ အိုလီဗာက ဒါကို ဆုံးဖြတ်ပေးခဲ့တာပါ ” လို့ ဖြေရှင်းသွားပါတယ်။