ကာရင်တန်က ကွင်းပိတ် ခြေစမ်းပွဲမှာ ဂိုးပြတ် နိုင်ပွဲရယူနိုင်ခဲ့တဲ့ မန်ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂါနေ့က ကာရင်တန်မှာ လိဂ်ဝမ်းကလပ် ဘရတ်စလေ အသင်းနဲ့ ကွင်းပိတ် ခြေစွမ်းပွဲ ကစားခဲ့ပြီး ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

နိုင်ငံပွဲတွေအတွက် ရွေးချယ်မခံရတဲ့ စီနီယာတွေ ပွဲကစားခွင့်ရဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကာ မန်ယူနိုက်တက်က သက်သောင့်သက်သာ ခြေစွမ်းဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဒဏ်ရာကနေ သက်သာလာတဲ့ ကစားသမားတွေ ပါဝင်ခဲ့တယ်။

ဗန်ဒီဘိခ်နဲ့ အန်တိုနီတို့ ပွဲထွက်လူစာရင်းကနေ ပါဝင်လာခဲ့သလို လူငယ်စတားတွေကို ပွဲထုတ်ခဲ့တယ်လို့ သိရပါတယ်။

အန်တိုနီ ဟာ ရည်းစားဟောင်းနဲ့ ဖြစ်နေတဲ့ အမှုကြောင့် ထရိန်နင်ကနေ နှစ်ပတ်ကြာ ခွင့်မဲ့ ပျက်ကွက်ခဲ့သေးကာ အသင်းနဲ့ ပြန်ပူးပေါင်းတာ မကြာသေးပါဘူး။ ဘရာဇီးသားဟာ ပြီးခဲ့တဲ့ ဂါလာတာစရေးနဲ့ ဘရန့်ဖိုဒ့် ပွဲတွေမှာ လူစားဝင် ကစားခဲ့ပါသေးတယ်။

ဒီရာသီ ယူနိုက်တက်အတွက် ၂၁ မိနစ်ပဲ ကစားပေးထားတဲ့ ဗန်ဒီဘိခ်က ဘရတ်စလေပွဲမှာ ကိုယ်တိုင် ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။ ကိုဘီကတော့ ဒဏ်ရာကနေ ပြန်သက်သာလာစမို့ မပါနိုင်ခဲ့ပါဘူး။

အသက် ၁၈ နှစ်အရွယ် ကြယ်ပွင့်လေးဟာ ရာသီကြိုမှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဒီတလော ဒဏ်ရာကနေ ပြန်သက်သာလာပေမယ့် ပွဲကစားခွင့် ပေးဖို့ကတော့ စောလွန်းနေသေးတာ ဖြစ်ပါတယ်။