နယူးကာဆယ်အသင်းဟာ ကလပ်ရဲ့ အဓိက ကွင်းလယ်လူ ဂွီးမားရက်စ်ကို ၅ နှစ် သက်တမ်းတိုး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်ပါတယ်။
၂၀၂၂ မှာ လိုင်ယွန်ကနေ နယူးကာဆယ်ကို ရောက်ရှိလာခဲ့သလို ချန်ပီယံလိဂ်မှာ ပါဝင်ကစားနေတဲ့ ဘရာဇီးသားဟာ နှစ်ရှည် စာချုပ်သစ်ကို လက်မှတ်ထိုးရာမှာ ပေါင် သန်း ၁၀၀ ပေးမှ သူ့ကို ခေါ်ယူခွင့်ရှိမယ်ဆိုတဲ့ အချက်ကို သဘောတူခဲ့ပါတယ်။
သို့ပေမယ့် ဂွီးမားရက်စ်ဟာ သူ့ရဲ့ အိပ်မက်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကိုတော့ အဆိုပါ ပမာဏ မဟုတ်ဘဲ သက်သာတဲ့ စျေးနှုန်းတစ်ရပ်ဖြင့် ပြောင်းရွှေ့ခွင့်ကို လျှို့ဝှက် ချုပ်ဆိုခဲ့ကြောင်းကို စပိန်သတင်းဌာနတွေက ဖော်ထုတ်လာခဲ့တယ်။
ဘာစီလိုနာဟာ ဂွီးမားရက်စ်ကို နူးကမ့်ထံ ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ပဲ ပေးဖို့ လိုအပ်မှာပါ။ ဒါဟာ အခြားသော ကလပ်တွေထက် ပေါင် သန်း ၄၀ လောက် သက်သာမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လို့ ဘဏ္ဍာရေးပိုင်း ရုန်းကန်နေရတဲ့ ဘာစီလိုနာဟာ ဂွီးမားရက်စ်အတွက် ပေါင် သန်း ၆၀ ပေးဖို့အတွက်တောင် ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ နောက်နှစ်နွေမှာ လူသစ် ခေါ်ယူလိုတယ်ဆိုရင် ကလပ်ရဲ့ ကြယ်ပွင့် အချို့ကို ရောင်းချဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
၂၀၂၄ နွေမှာ ကွင်းလယ်အတွက် အင်အားဖြည့်ဖို့ လူသစ် ရှာနေတဲ့ ဘာစီလိုနာဟာ လီဗာပူးမှ အယ်ကန်တာရာ၊ အာဆင်နယ်မှ ဂျော်ဂျင်ဟိုတို့လို အလွတ်ဖြင့် ရနိုင်မယ့် ကစားသမားမျိုးကိုပဲ ချဉ်းကပ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။
