ယူနိုက်တက်မှာ ဒဏ်ရာရ ကစားသမားတွေ တောင်လိုပုံနေလို့ စုံစမ်းစစ်ဆေးရေး ဝင်တော့မည်

ဒီရာသီ အဲရစ်တန်ဟက်ရဲ့ အသင်းမှာ ဒဏ်ရာ ရ ကစားသမားတွေက များပြားလွန်းနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ internal အနေနဲ့ စုံစမ်းစစ်ဆေးရေး စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။

သရဲနီတွေဟာ ဒီရာသီသစ်မှာ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်း အရပါ တာထွက် အားရစရာ မရှိသေးပါဘူး။ top four ဝင်ဖို့ အတွက်ကို ပြိုင်ဘက်တွေနဲ့ အတော် ပြိုင်ဆိုင်ရမယ့် အခြေစိုက်နေပြီး ချန်ပီယံလိဂ်မှာလည်း အုပ်စုကနေ စောစော လှည့်ပြန်ရမယ့် ပုံ ပေါက်နေပါတယ်။

ဒါကြောင့် နည်းပြ တန်ဟက်မှာလည်း ဝေဖန်မှုတွေ များစွာ ခံယူနေရပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်မှာ လက်ရှိ စီနီယာ အသင်းသား ၈ ဦးထိ ဒဏ်ရာကြောင့် မပါဝင်နိုင်ပါဘူး။

အသင်း ခံစစ်ကျောရိုး ဖြစ်တဲ့ ဗာရန်းနဲ့ မာတီနက်ဇ် တို့ နှစ်ယောက်လုံး ကြံ့ခိုင်မှု မပြည့်တဲ့ ကိစ္စတွေ ရုန်းကန်နေ်ရပြီး လုခ်ရှောကလည်း အခုထိ ၂ ပွဲသာ ကစားထားပါတယ်။ ဝမ် ဘစ်ဆာကာကလည်း သြဂုတ်လတည်းက ပြန် နေရာ ရလာပေမယ့် အခု မကစားနိုင်ပြန်ပါဘူး။

ယူနိုက်တက် တာဝန်ရှိသူတွေက အသင်းမှာ အခုလို ဒဏ်ရာ ရ ကစားသမားတွေ များပြားနေတာဟာ တူညီတဲ့ အကြောင်းပြချက် အခြေအနေတွေ ရှိမလား လေ့လာ စမ်းဆစ်နေကြပြီ ဖြစ်ပါတယ်။ ဒီအတွက် လောလောလတ်လတ် အာဆင်နယ်မှ ပြောင်းလာခဲ့တဲ့ အသင်း ဆရာဝန် Gary O’Driscoll ကိုယ်တိုင် ဦးဆောင် စိစစ်နေပါတယ်။

ဒီအကြောင်းကို ယူနိုက်တက် ဘောလုံး ဒါရိုက်တန် ဂျွန် မတ်တာ့ချ် ကိုယ်တိုင်က ရေရှည်မှာ ဒဏ်ရာတွေ နည်းပါးသွားအောင် ကာကွယ်ဖို့ စုံစမ်းမှု လုပ်ဆောင်နေပြီ လို့ အသင်း ပရိသတ်တွေနဲ့ forum မှာ အသိပေးခဲ့တာပါ။

လက်ရှိ နိုင်ငံတကာ သီတင်းပတ်မှာလည်း ကာဆီမီရို က ဘရာဇီး အသင်းနဲ့ အတူ ကစားကာ ခြေကျင်းဝတ် နာသွားဟန် ရှိပြီး နောက်ဆုံး ထရိန်နင်ကိုလည်း လွဲချော်ထားပါတယ်။