မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် ဆောင်းရာသီ ဇန်နဝါရီ ဈေးကွက်ဖွင့်တာနဲ့ အသင်းမှာ လစာအများဆုံး ပေးနေရတဲ့ ကစားသမားကို ရောင်းထုတ်၊ ရှင်းထုတ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း talkSPORT က ဖော်ထုတ်လာပါတယ်။
ထိုသူကတော့ ယူနိုက်တက် တိုက်စစ်မှုး မာရှယ်ပါ။ ပြင်သစ်သားဟာ မန်ချက်စတာကလပ်မှာ ကာလရှည် ရှိခဲ့ပေမယ့် ခြေစွမ်းပြနိုင်တာမျိုး မရှိဘဲ ဒဏ်ရာတွေနဲ့သာ ရုန်းကန်နေရသူပါ။
ဒါကြောင့် ပွဲ မကစားနိုင်ဘဲ လစာ အမြင့်ကြီး ပေးနေရမယ့် အတူတူ အရှုံးသက်သာစေဖို့ ဇန်နဝါရီမှာတင် မာရှယ်ကို ရောင်းထုတ်ရန် ယူနိုက်တက်က ရည်ွယ်လာခဲ့တာပါ။

တချိန်ကတော့ ဂိုးရှေ့မှာ အားကိုးရသူ ဖြစ်ခဲ့ပေမယ့် မာရှယ်ဟာ ဒီရာသီ ပဲလေ့စ်နဲ့ ကာရာဘောင်းဖလား ပွဲမှာသာ တစ်ဂိုး သွင်းယူထားပါတယ်။
အိုးထရက်ဖို့ဒ် အခြေစိုက်ကလပ်မှာ မာရှယ်က လုပ်ခလစာ အများဆုံး ရတဲ့ ကစားသမားတွေထဲ ပါဝင်သူ ဖြစ်ပါတယ်။
နွေတုန်းကတော့ မာရှယ်ကို ဆော်ဒီကလပ်တွေ့ စိတ်ဝင်စားခဲ့သေးပြီး ယူနိုက်တက်ကသာ ရောင်းချမယ် ဆိုရင် ပြင်သစ်သားကို ခေါ်ယူဖို့ ထပ်မံ ဦးလှည့်လာဖွယ် ရှိပါတယ်။
