အဲဗာတန် ၁၂ မှတ် လျှော့ ဆိုရင်၊ မန်စီးတီးက တန်း ၅ ဆင့်တောင် ခုန်ဆင်းသင့်နေပြီ လို့ ကာရေဂါ ပေါ်တင် ထုတ်ဖော် ပြောဆို

စီးတီးနဲ့ အလားတူ စွဲချက် တင်ခံထားရတဲ့ အဲဗာတန် အသင်းဟာ ၁၂ မှတ်လျှော့ ပြစ်ဒဏ် ခံရနိုင်တယ်လို့ ဗုဒ္ဓဟူးနေ့က သတင်းထွက်လာ အပြီးမှာ ကာရေဂါက ပရီးမီးယားလိဂ်ရဲ့ လျော့တိလျာ့ရဲနိုင်မှုကို မီးမောင်းထိုးပြလာပါတယ်။

ပရီးမီးယားလိဂ်သာ မန်စီးတီး အသင်းရဲ့ ပြစ်ချက် ၁၁၅ ခုတွေကို သေချာ စစ်ဆေး အပြစ်ပေးမယ် ဆိုရင် စီးတီးဟာ အင်္ဂလန်လိဂ်ရဲ့ ဆဌမ အဆင့် မြောက်နေရှင်နယ်လိဂ် ထိ တန်းဆင်းသွားရလိမ့်မယ် လို့ လီဗာပူး နောက်ခံလူ ဟောင်းကြီး ဂျင်မီ ကာရေဂါက ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြလိုက်ပါတယ်။

စီးတီး ဆင်းသွားရမယ် ဆိုတဲ့ မြောက် နေရှင်နယ်လိဂ်ဟာ လိဂ်တူး အောက်ကို နှစ်ဆင့် နိမ့်သေးတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။

” ပရီးမီးယားလိဂ်က အဲဗာတန်ကို စွဲချက် တစ်ခုတည်း အတွက် ၁၂ မှတ် လျှော့ ပြစ်ဒဏ် ချချင်ခဲ့တယ်။ မန်စီးတီး ကိုသာ ပြစ်မှုထင်ရှားတာတွေ ချမယ် ဆိုရင် မြောက် နေရှင်နယ် လိဂ် ထိ ရောက်သွားမယ်။

အဲဗာတန်နဲ့ ပတ်သတ်ပြီးကျ ထွက်လာလိုက်တဲ့ အချက်တွေ။ ဒါပေမယ့် စွဲချက် ၁၁၄ ခုနဲ့ အထက် ရှိတဲ့ မန်စီးတီး အတွက်ကျ ထွက်လာသင့်တာတွေ အများကြီး ရှိလျက်နဲ့ အခုထိ ငြိမ်သက်နေရောပဲ။ ” လို့ ကာရေဂါက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်က မန်စီးတီးကိုလည်း အဲဗာတန်ကဲ့သို့ပဲ စည်းမျဉ်း W.82.1 အောက်မှာ စွဲချက်တင်ထားတာ ဖြစ်ပြီး ကလပ် နှစ်သင်းလုံးကတော့ သူတို့ အမှားမလုပ်ထားဘူးလို့ ပြင်းပြင်းထန်ထန် ငြင်းဆိုနေပါတယ။်

စစ်ဆေးမှုကာလ ၄ နှစ် ကြာလာသည့်တိုင် ပရီးမီးယားလိဂ် ဘက်ကကတော့ မန်စီးတီးဟာ ကလပ်ရဲ့ ဘဏ္ဍာရေး ရှင်းတမ်း အနှစ်ချုပ်တွေကို မှန်မှန်ကန်ကန် ပေးအပ်ဖို့ ငြင်းဆန်နေဆဲ လို့ စွဲချက်တင်ထားပါတယ်။

ပရီးမီးယားလိဂ် လိုအပ်နေတဲ့ အချက်အလက်တွေထဲမှာ ၂၀၀၉ ကနေ ၂၀၁၈ အတွင်း အသင်း ဝင်ငွေ၊ စပွန်ဆာကြေး၊ အသင်း လည်ပတ်စရိတ် စတဲ့ အသေးစိတ်တွေ ပါဝင်ပါတယ်။

စီးတီးဟာ FFP စည်းမျဉ်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးမှုတွေကိုလည်း ပူးပေါင်း ပါဝင်မှု မရှိဘူးလို့ ပရီးမီးယားလိဂ်ဘက်က စွဲချက်တင်ထားပါသေးတယ်။