ပရီးမီးယားလိဂ် ၁ဝ ပွဲ ကစားပြီးချိန်မှာ ဘယ်အသင်းက ချန်ပီယံ ဖြစ်ဖို့ အခြေအနေ အကောင်းဆုံးလဲ ပြောလာတဲ့ ကာရေဂါ

ပရီးမီးယားလိဂ် ၁ဝ ပွဲ ကစားပြီးချိန်မှာ လက်ရှိ အမှတ်ပေးဇယားကို စပါးအသင်းက ဦးဆောင်နေပြီး အာဆင်နယ်၊ လီဗာပူးကလည်း မန်စီးတီးနဲ့အပြိုင် ဖိအားပေးနေပေမယ့် ဒီရာသီ ဘယ်အသင်း ချန်ပီယံဖြစ်မလဲ အပေါ် လီဗာပူး နောက်ခံလူဟောင်း ကာရေဂါ ကတော့ ရှင်းလင်းတဲ့ အမြင် ရှိနေပါတယ်။

ကာရေဂါ ကတော့ မန်ချက်စတာ ဒါဘီမှာ ထူးချွန်ခြေစွမ်းတွေဖြင့် အနိုင်ယူသွားတဲ့ မန်စီးတီးကပဲ ဒီရာသီ ချန်ပီယံဖြစ်လာဦးမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေပါတယ်။

မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးလား ဆိုတဲ့ မေးခွန်းအတွက် လီဗာပူးခံစစ်မှူးဟောင်းက –

” သေချာတာပေါ့၊ စီးတီးက ရေပန်းစားနေမှာပါ။ ဒါက ဆွေးနွေးငြင်းခုံနေဖို့ကို မလိုတာပါ။ မန်ချက်စတာ ဒါဘီလို ပွဲကြီးပွဲကောင်းမှာ သူတို့က လူတိုင်းကို မန်စီးတီးက ဘယ်လောက်ကောင်းတဲ့ အသင်းတစ်သင်းလံ ဆိုတာနဲ့ အနိုင်ယူဖို့ မလွယ်တဲ့ အသင်းဆိုတာ ပြသခဲ့ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ်ဖလားကို အလေးအနက် စိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေပြီ ကျနော် မထင်ပါဘူး။ မနှစ်ကရာသီ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ကို စိန်ခေါ်ခဲ့ပြီး ဒီရာသီ တာထွက်ကောင်းနေပေမယ့် လက်တလော ကစားနေတဲ့ ခြေစွမ်းဟာ ပြီးခဲ့တဲ့ ရာသီကလောက် ကောင်းတယ် မထင်မိသေးဘူး။

မန်စီးတီးက ပရီးမီးယားလိဂ်ကို သက်သောင့်သက်သာနဲ့ အနိုင်ရသွားဦးမယ်လို့ ကျနော် တကယ်ပဲ ထင်နေမိပါတယ်။ ကျနော်ကတော့ စီးတီးပဲ ချန်ပီယံဖြစ်လာဦးမယ် ထင်ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။