ရီးရဲလ်နဲ့ အပြိုင် အမ်ဘာပေ ကို ဝင်ချိတ်နေသေးတဲ့ လီဗာပူး၊ စံချိန်တင် ဝင်ငွေရသွားတဲ့ စီးတီး၊ ယူနိုက်တက်နဲ့ ကာဆယ် ပစ်မှတ် နောက်ခံလူနဲ့ ပရီးမီးယားလိဂ် သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ဘိုင်ယန်လီဗာကူဆင် အသင်းရဲ့ ပေါင် သန်း ၂ဝ တန် နောက်ခံလူ ဂျွန်နသန် တာ့ ကို ခေါ်ယူဖို့ အရှိန်မြှင့်နေပါတယ်။ ၎င်းကို နယူးကာဆယ်ကလည်း စိတ်ဝင်စားနေတာပါ။

ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘာပေ ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ဟာ လက်မှတ်ထိုးကြေးချည်းပဲ ယူရို သန်း ၁ဝဝ ဘောနပ်စ် ပေးဖို့ ကမ်းလှမ်းထားပါတယ်။

ဒါပေမယ့် စပိန် AS သတင်း အဆိုအရ အမ်ဘာပေထံမှာ အခြား အရေးကြီးတဲ့ ကမ်းလှမ်းမှုကောင်းတွေလည်း ရှိနေပြီး အဲဒီထဲမှာ လီဗာပူးအသင်းလည်း ပါဝင်နေတယ် လို့ သိရပါတယ်။

နည်းပြ ဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်းနဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာ ဖြစ်ပေမယ့် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု မရှိသေးပါဘူး။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီ အတွက် ဝင်ငွေ စံချိန်တင် အဖြစ် ပေါင် ၇၁၂.၈ သန်း ရရှိခဲ့ကြောင်း တရားဝင် ထုတ်ဖော် ကြေညာ လိုက်ပါတယ်။

မန်စီးတီး ကွင်းလယ် ကစားသမား မက်သီးယက်စ် နူးနက်စ် ဟာ ပေါ်တူဂီအသင်း လူစာရင်းကနေ ဒဏ်ရာကြောင့် နှုတ်ထွက် ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။