သတင်းကောင်း တစ်ခုမှ မပါသေးတဲ့ တနင်္လာနေ့ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ

နွေအပြောင်းအရွှေ့ ဈေးကွက်က ဖွင့်ထားပြီး ဖြစ်ပေမယ့် ယူနိုက်တက်က ကစားသမားသစ် တစ်ဦးကိုမှ ခေါ်ယူထားနိုင်ခြင်း မရှိပါဘူး။ တနင်္လာနေ့အထိလည်း စိတ်ဝင်စားစရာ အပြောင်းအရွှေ့ ထူးခြားသတင်းတွေ ရှိမလာသေးပါဘူး။

ယူနိုက်တက်ကို ငြင်းပြီး အာဆင်နယ်ကိုပဲ ရွေးမယ့် ဂါဘရီရယ်

လိုင်လီခံစစ်မှူး ဂါဘရီရယ်ကို ယူနိုက်တက်က ကြားဖြတ် ကမ်းလှမ်းမှုတစ်ခု ဝင်လုပ်ခဲ့ပေမယ့် သူကတော့ လန်ဒန်ကလပ် အာဆင်နယ်ကိုပဲ ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဘရာဇီးသတင်းထောက်တွေက အာဆင်နယ်နဲ့ ဂါဘရီရယ် အပြောင်းအရွှေ့ကို အတည်ပြုသတင်းတွေ ထုတ်ထားပြီး ကစားသမားနဲ့ အေးဂျင့်တို့ဟာ ဒီအပတ်မှာပဲ လန်ဒန်ကို ရောက်လာကာ အပြီးသတ် ကိစ္စတွေကို လုပ်ဆောင်မှာဖြစ်တယ်။

အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးကို အာဆင်နယ်က ၅ နှစ်စာချုပ်ဖြင့် ချုပ်ဆိုမှာဖြစ်ပြီး ယူနိုက်တက်ကတော့ အခြားသော ပစ်မှတ်တွေကို ဦးလှည့်ဖွယ်ရှိတယ်။

ဘုန်းမောက်ကနေ ထွက်မယ့် ဒေးဗစ် ဘရွတ်

ချန်ပီယံရှစ်ကလပ် ဘုန်းမောက် အသင်းရဲ့ လူငယ်လေး ဘရတ်ကတော့ ဒီနွေမှာ ပရီးမီးယားလိဂ် ကလပ်တွေကိုပဲ ပြောင်းလိုနေပါတယ်။ ယူနိုက်တက်နဲ့ သတင်းတွေ ထွက်ထားပေမယ့် ကလပ်နှစ်သင်းကြား ဘာဆက်သွယ်မှုမှ မရှိသေးဘူးလို့ သိရတယ်။ ယူနိုက်တက်က တိုက်စစ်အားသန် ကွင်းလယ်ပိုင်းကို အင်အားဖြည့်ဖို့ ဘရွတ်ကို အခြားသော ပစ်မှတ်တွေလိုပဲ အဝယ်စာရင်းထဲ ထည့်ထားပါတယ်။

စမောလင်းကို ခေါ်ယူလိုနေတဲ့ အဲဗာတန်

ယူနိုက်တက်ကို ပြန်လာမယ့် စမောလင်းကို ခေါ်ယူလိုကြောင်း အလေးအနက် စိတ်ဝင်စားမှုတွေ ပြသလာတဲ့ ကလပ်ကတော့ အဲဗာတန်ဖြစ်တယ်။ ယူနိုက်တက်နဲ့ အဲဗာတန်တို့ဟာ အတိတ်ကလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိကာ အသက် ၃၀ အရွယ် ခံစစ်မှူးကို အပြီးသတ်နဲ့ ခေါ်ယူနိုင်ဖို့ မာဆေးဆိုဒ်ကလပ်ဘက်က မျှော်လင့်နေခြင်း ဖြစ်ပါတယ်။

ZAWGYI

ေႏြအေျပာင္းအေရႊ႔ ေစ်းကြက္က ဖြင့္ထားျပီး ျဖစ္ေပမယ့္ ယူႏုိက္တက္က ကစားသမားသစ္ တစ္ဦးကိုမွ ေခၚယူထားႏုိင္ျခင္း မရွိပါဘူး။ တနလၤာေန႔အထိလည္း စိတ္ဝင္စားစရာ အေျပာင္းအေရႊ႔ ထူးျခားသတင္းေတြ ရွိမလာေသးပါဘူး။

ယူႏုိက္တက္ကို ျငင္းျပီး အာဆင္နယ္ကိုပဲ ေရြးမယ့္ ဂါဘရီရယ္

လိုင္လီခံစစ္မွဴး ဂါဘရီရယ္ကို ယူႏုိက္တက္က ၾကားျဖတ္ ကမ္းလွမ္းမႈတစ္ခု ဝင္လုပ္ခဲ့ေပမယ့္ သူကေတာ့ လန္ဒန္ကလပ္ အာဆင္နယ္ကိုပဲ ေရြးခ်ယ္သြားမွာျဖစ္ပါတယ္။ ဘရာဇီးသတင္းေထာက္ေတြက အာဆင္နယ္နဲ႔ ဂါဘရီရယ္ အေျပာင္းအေရႊ႔ကို အတည္ျပဳသတင္းေတြ ထုတ္ထားျပီး ကစားသမားနဲ႔ ေအးဂ်င့္တို႔ဟာ ဒီအပတ္မွာပဲ လန္ဒန္ကို ေရာက္လာကာ အျပီးသတ္ ကိစၥေတြကို လုပ္ေဆာင္မွာျဖစ္တယ္။

အသက္ ၂၂ ႏွစ္အရြယ္ ခံစစ္မွဴးကို အာဆင္နယ္က ၅ ႏွစ္စာခ်ဳပ္ျဖင့္ ခ်ဳပ္ဆိုမွာျဖစ္ျပီး ယူႏုိက္တက္ကေတာ့ အျခားေသာ ပစ္မွတ္ေတြကို ဦးလွည့္ဖြယ္ရွိတယ္။

ဘုန္းေမာက္ကေန ထြက္မယ့္ ေဒးဗစ္ ဘရြတ္

ခ်န္ပီယံရွစ္ကလပ္ ဘုန္းေမာက္ အသင္းရဲ႕ လူငယ္ေလး ဘရတ္ကေတာ့ ဒီေႏြမွာ ပရီးမီးယားလိဂ္ ကလပ္ေတြကိုပဲ ေျပာင္းလိုေနပါတယ္။ ယူႏုိက္တက္နဲ႔ သတင္းေတြ ထြက္ထားေပမယ့္ ကလပ္ႏွစ္သင္းၾကား ဘာဆက္သြယ္မႈမွ မရွိေသးဘူးလို႔ သိရတယ္။ ယူႏုိက္တက္က တိုက္စစ္အားသန္ ကြင္းလယ္ပိုင္းကို အင္အားျဖည့္ဖို႔ ဘရြတ္ကို အျခားေသာ ပစ္မွတ္ေတြလိုပဲ အဝယ္စာရင္းထဲ ထည့္ထားပါတယ္။

စေမာလင္းကို ေခၚယူလိုေနတဲ့ အဲဗာတန္

ယူႏုိက္တက္ကို ျပန္လာမယ့္ စေမာလင္းကို ေခၚယူလိုေၾကာင္း အေလးအနက္ စိတ္ဝင္စားမႈေတြ ျပသလာတဲ့ ကလပ္ကေတာ့ အဲဗာတန္ျဖစ္တယ္။ ယူႏုိက္တက္နဲ႔ အဲဗာတန္တို႔ဟာ အတိတ္ကလည္း ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြရွိကာ အသက္ ၃၀ အရြယ္ ခံစစ္မွဴးကို အျပီးသတ္နဲ႔ ေခၚယူႏုိင္ဖို႔ မာေဆးဆိုဒ္ကလပ္ဘက္က ေမွ်ာ္လင့္ေနျခင္း ျဖစ္ပါတယ္။