ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (11/09/20)

ပီအက်စ်ဂျီဟာ အာဆင်နယ်ကစားသမား ဂွမ်ဒူဇီကို ခေါ်ယူဖို့အတွက် ဒရက်ဇလာကို အလိုက်ပေး ကမ်းလှမ်းလိုနေကြောင်း သတင်းတွေက ဖော်ပြခဲ့ပေမယ့် မနေ့က လန်းစ်ကို ၁-ဝနဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲ ပြီးနောက် ပီအက်စ်ဂျီနည်းပြ တူချယ်က ဂွမ်ဒူဇီကို စိတ်မဝင်စားဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း အောင်မြင်ခဲ့ပေမယ့် FIFA 21 ရဲ့ ထိပ်တန်းကစားသမား ၁၀၀ အဆင့်သတ်မှတ်ချက်မှာ အာဆင်နယ် ကစားသမား နှစ်ယောက်သာ ပါဝင်ခဲ့ပြီး အူဘာမီးယန်းက အဆင့်၃၆၊ ဂိုးသမား လီနိုက အဆင့် ၈၅တို့မှာ ရပ်တည်ခဲ့ပါတယ်။

အာဆင်နယ်ကြယ်ပွင့် မိတ်လန်နိုင်းစ်ဟာ ဒီတစ်ပတ်မှာအင်္ဂလန်အတွက် ပွဲဦးထွက်ကစားပေးခဲ့ရသလို လက်ရွေးစင်အသင်းမှာ သူ့ရဲ့နေရာကို ထိန်းသိမ်းလိုတာကြောင့် ကလပ်မှာ ပုံမှန်ကစားခွင့်ရဖို့အတွက် အာဆင်နယ်ကိုစွန့်ခွာဖို့ အလိုရှိနေပါတယ်။

အိုဇေးအနေနဲ့ လေ့ကျင့်ရေးမှာ ခြေစွမ်းပြနိုင်မှသာ ဒီရာသီအတွက် နည်းပြ အာတီတာက သူ့ကိုရွေးချယ်မှာဖြစ်တယ်လို့ နည်းစနစ်ဒါရိုက်တာ အီဂျူက ဆိုပါတယ်။ အိုဇေးဟာ မတ်လကတည်းက အသင်းအတွက် မကစားပေးခဲ့ရတာဖြစ်ပြီး အက်ဖ်အေဖလားအောင်မြင်ခဲ့တုန်းကလဲ နိုင်ငံထဲမှာတောင် ရှိမနေခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးကွင်းလယ်လူဟောင်း အော်စကာက သူ့ရဲ့အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ဝီလီယံနဲ့ ဒေးဗစ်လူးဝစ်တို့ဟာသူ့ကို အာဆင်နယ်ထံ လာဖို့နဲ့ အမ်းမရိတ်စ်မှာ သူတို့နဲ့အတူ တွဲကစားဖို့အတွက် ဆွဲဆောင်ဖို့ကြိုးစားခဲ့တယ်လို့ ဖွင်ဟပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ နောက်ရာသီမှာ ဖလားတစ်လုံးရပြီး ပရီးမီးယားလိဂ် အဆင့်လေးအတွင်းလဲ ဝင်အောင်လုပ်နိုင်မှသာ ၂၀၂၀-၂၀၂၁ ရာသီကို အောင်မြင်တဲ့ ရာသီအဖြစ် သတ်မှတ်နိုင်မှာဖြစ်တယ်လို့ ကစားသမားဟောင်းကီဗင် ကမ့်ဘဲက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ အာတီတာကို နည်းပြချုပ်အဖြစ်ကနေ အသင်းမန်နေဂျာအဖြစ် ရာထူးတိုး ပြောင်းလဲပေးခဲ့ကာ ၎င်းတို့ရဲ့ ယုံကြည်မှုကို ပြသခဲ့တဲ့ နောက် အာတီတာအနေနဲ့ အာဆင်နယ်မှာ အပိုတာဝန်တွေ ယူရတော့မှာဖြစ်ပြီး ယုံကြည်မှုအတွက် ပြန်ပေးဆပ်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။

အသင်းခေါင်းဆောင် အူဘာမီးယန်းဟာ အာဆင်နယ်နဲ့အတူ ၂၀၂၃အထိ ဆက်ရှိနေဖို့ သဘောတူညီမှု ရရှိခဲ့တဲ့နောက် တစ်ပတ်လုပ်ခ ပေါင်၂သိန်းခွဲတန် စာချုပ်ချုပ်ဆိုတော့မှာဖြစ်ပြီး ဒါဟာ ရာသီသစ်မှာ အာတီတာရဲ့အသင်းအတွက် အဓိက အားတက်စရာ ဖြစ်စေနိုင်ပါတယ်။

Zawgyi – ပီအက္စ္ဂ်ီဟာ အာဆင္နယ္ကစားသမား ဂြမ္ဒူဇီကို ေခၚယူဖို႔အတြက္ ဒရက္ဇလာကို အလိုက္ေပး ကမ္းလွမ္းလိုေနေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္ မေန႔က လန္းစ္ကို ၁-၀နဲ႔ရႈံးနိမ့္ခဲ့တဲ့ ပြဲ ျပီးေနာက္ ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္က ဂြမ္ဒူဇီကို စိတ္မဝင္စားဘူးလို႔ ျငင္းပယ္ခဲ့ပါတယ္။

အာဆင္နယ္ဟာ အက္ဖ္ေအဖလားနဲ႔ ကြန္ျမဴနတီဒိုင္း ေအာင္ျမင္ခဲ့ေပမယ့္ FIFA 21 ရဲ႕ ထိပ္တန္းကစားသမား ၁၀၀ အဆင့္သတ္မွတ္ခ်က္မွာ အာဆင္နယ္ ကစားသမား ႏွစ္ေယာက္သာ ပါဝင္ခဲ့ၿပီး အူဘာမီးယန္းက အဆင့္၃၆၊ ဂိုးသမား လီႏိုက အဆင့္ ၈၅တို႔မွာ ရပ္တည္ခဲ့ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ မိတ္လန္ႏိုင္းစ္ဟာ ဒီတစ္ပတ္မွာအဂၤလန္အတြက္ ပြဲဦးထြက္ကစားေပးခဲ့ရသလို လက္ေ႐ြးစင္အသင္းမွာ သူ႔ရဲ႕ေနရာကို ထိန္းသိမ္းလိုတာေၾကာင့္ ကလပ္မွာ ပုံမွန္ကစားခြင့္ရဖို႔အတြက္ အာဆင္နယ္ကိုစြန္႔ခြာဖို႔ အလိုရွိေနပါတယ္။

အိုေဇးအေနနဲ႔ ေလ့က်င့္ေရးမွာ ေျခစြမ္းျပႏိုင္မွသာ ဒီရာသီအတြက္ နည္းျပ အာတီတာက သူ႔ကိုေ႐ြးခ်ယ္မွာျဖစ္တယ္လို႔ နည္းစနစ္ဒါ႐ိုက္တာ အီဂ်ဴက ဆိုပါတယ္။ အိုေဇးဟာ မတ္လကတည္းက အသင္းအတြက္ မကစားေပးခဲ့ရတာျဖစ္ၿပီး အက္ဖ္ေအဖလားေအာင္ျမင္ခဲ့တုန္းကလဲ ႏိုင္ငံထဲမွာေတာင္ ရွိမေနခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီးကြင္းလယ္လူေဟာင္း ေအာ္စကာက သူ႔ရဲ႕အသင္းေဖာ္ေဟာင္းေတြ ျဖစ္တဲ့ ဝီလီယံနဲ႔ ေဒးဗစ္လူး၀စ္တို႔ဟာသူ႔ကို အာဆင္နယ္ထံ လာဖို႔နဲ႔ အမ္းမရိတ္စ္မွာ သူတို႔နဲ႔အတူ တြဲကစားဖို႔အတြက္ ဆြဲေဆာင္ဖို႔ႀကိဳးစားခဲ့တယ္လို႔ ဖြင္ဟေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္အေနနဲ႔ ေနာက္ရာသီမွာ ဖလားတစ္လုံးရၿပီး ပရီးမီးယားလိဂ္ အဆင့္ေလးအတြင္းလဲ ဝင္ေအာင္လုပ္ႏိုင္မွသာ ၂၀၂၀-၂၀၂၁ ရာသီကို ေအာင္ျမင္တဲ့ ရာသီအျဖစ္ သတ္မွတ္ႏိုင္မွာျဖစ္တယ္လို႔ ကစားသမားေဟာင္းကီဗင္ ကမ့္ဘဲက ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ အာတီတာကို နည္းျပခ်ဳပ္အျဖစ္ကေန အသင္းမန္ေနဂ်ာအျဖစ္ ရာထူးတိုး ေျပာင္းလဲေပးခဲ့ကာ ၎တို႔ရဲ႕ ယုံၾကည္မႈကို ျပသခဲ့တဲ့ ေနာက္ အာတီတာအေနနဲ႔ အာဆင္နယ္မွာ အပိုတာဝန္ေတြ ယူရေတာ့မွာျဖစ္ၿပီး ယုံၾကည္မႈအတြက္ ျပန္ေပးဆပ္ဖို႔ လိုအပ္လာၿပီ ျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္ အူဘာမီးယန္းဟာ အာဆင္နယ္နဲ႔အတူ ၂၀၂၃အထိ ဆက္ရွိေနဖို႔ သေဘာတူညီမႈ ရရွိခဲ့တဲ့ေနာက္ တစ္ပတ္လုပ္ခ ေပါင္၂သိန္းခြဲတန္ စာခ်ဳပ္ခ်ဳပ္ဆိုေတာ့မွာျဖစ္ၿပီး ဒါဟာ ရာသီသစ္မွာ အာတီတာရဲ႕အသင္းအတြက္ အဓိက အားတက္စရာ ျဖစ္ေစႏိုင္ပါတယ္။