ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (15/09/20)

မနှစ်က အမ်းမရိတ်စ်မှာ ဇာခါနဲ့ ဆီဘယ်လော့လောက် နေရာမရခဲ့တဲ့ လူးကပ် တော်ရဲရားကို ဖီအိုရင်တီးနားနဲ့ တိုရီနိုတို့က အငှားခေါ်ယူဖို့ စိတ်ဝင်စားနေတာနဲ့ အတူ အာဆင်နယ်က သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိနေပါတယ်။

အာဆင်နယ်ဟာ ပေါ်တူဂီတိုက်စစ်မှူး မားကို့စ် ပေါ်လိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဘရာဇီးထိပ်သီးလိဂ်ရဲ့ အသက်၁၉နှစ်အရွယ် ကစားသမားအတွက် ဖလူမီနန့်စ်ထံ တရားဝင်ချဉ်းကပ်မှုလုပ်ခဲ့တဲ့ ဝက်စ်ဟမ်းက အသာစီးရယူထားတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ဆုံးရှုံးရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အက်စ်တွန်ဗီလာက သူ့ကို ပေါင်သန်း၂၀နဲ့ ခေါ်ဖို့ သဘောတူညီမှုယူခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့ကို တရားဝင်ကြေညာဖို့အတွက် မာတီနက်ဇ်နဲ့ ဂန်းနားတွေကြား သဘောတူညီမှုရဖို့သာ လိုတော့တာပါ။

တော်ရဲရားကို ခေါ်ယူဖို့အတွက် တိုရီနိုက ချက်ချင်း ယူရို၁၂သန်းပေးရမှာဖြစ်ပြီး တစ်နှစ်အတွင်းနောက်ထပ် ၁၂သန်း ပေးချေရမှာဖြစ်သလို စုစုပေါင်း အပြောင်းအရွှေ့တန်ကြေးက ယူရို၂၄သန်း ရှိမှာဖြစ်ပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားအပြီး သူ့ကို ယူရို သန်း၃၀နဲ့ ခေါ်ယူခဲ့တဲ့ အာဆင်နယ်ကတော့ ၆သန်းလောက် ဆုံးရှုံးရဖို့ ရှိနေပါတယ်။

ဝက်စ်ဟမ်းဟာ ဒီလမှာ အပြောင်းအရွှေ့ ပစ်မှတ်အနေနဲ့ ကိုလာဆီနက်ကို ခေါ်ယူဖို့ အလိုရှိနေသလို အသင်းမှာ နေရာရှင်းလင်းမှုလုပ်ပြီး လစာအကုန်အကျ သက်သာချင်တဲ့အာဆင်နယ်အနေနဲ့လဲ သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရရင် လက်ခံနိုင်ဖွယ်ရှိပါတယ်။

ဝုလ်ဗ်ဟာ အာဆင်နယ် နောက်ခံလူမိတ်လန်နိုင်းစ်အတွက် ထပ်မံကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပါတယ်။အင်္ဂလန်ကစားသမားဟာ ဒီရာသီမှာ ပုံမှန် ကစားခွင့်ရရှိဖို့ မျှော်လင့်နေတာကြောင့် ဒါဟာ ဒီနွေမှာ သူ့ကိုခေါ်ယူချင်နေတဲ့ ဝုလ်ဗ်အတွက် မက်လုံးပေးဆွဲဆောင်စရာဖြစ်နိုင်ပါတယ်။

ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့အပတ်က ကိုလာဆီနက်အပေါ် စိတ်ဝင်စားမှုကို ပြသခဲ့ပြီး ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့် အာဆင်နယ် နောက်ခံလူက ဒါကို ငြင်းပယ်ခဲ့ပြီး သူ့အနေနဲ့ အမ်းမရိတ်စ်မှာ နေရာရဖို့အတွက် ဆက်လက်တိုက်ပွဲဝင်ချင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အူဘာမီးယန်းမရှိရင် အာဆင်နယ်ဟာ ထိပ်ဆုံး ၆သင်းထဲတောင် ဝင်နိုင်မှာမဟုတ်ပဲ သူ ရှိမှသာ အဆင့်လေးအတွင်း ဝင်ဖို့ အခွင့်အရေး ရှိတာကြောင့် တစ်ပတ်လုပ်ခ ပေါင်၄သိန်းပေးရရင်တောင် စာချုပ်သစ် ချုပ်ဆိုဖို့အတွက် အက်စ်တွန်ဗီလာ ဂန္တဝင် အက်ဂ်ဘွန်လာဟော်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Zawgyi – မႏွစ္က အမ္းမရိတ္စ္မွာ ဇာခါနဲ႔ ဆီဘယ္ေလာ့ေလာက္ ေနရာမရခဲ့တဲ့ လူးကပ္ ေတာ္ရဲရားကို ဖီအိုရင္တီးနားနဲ႔ တိုရီႏိုတို႔က အငွားေခၚယူဖို႔ စိတ္ဝင္စားေနတာနဲ႔ အတူ အာဆင္နယ္က သူ႔ကို အသင္းကေန ထြက္ခြာခြင့္ေပးဖို႔ ဆႏၵရွိေနပါတယ္။

အာဆင္နယ္ဟာ ေပၚတူဂီတိုက္စစ္မႉး မားကို႔စ္ ေပၚလိုကို ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ ဘရာဇီးထိပ္သီးလိဂ္ရဲ႕ အသက္၁၉ႏွစ္အ႐ြယ္ ကစားသမားအတြက္ ဖလူမီနန႔္စ္ထံ တရားဝင္ခ်ဥ္းကပ္မႈလုပ္ခဲ့တဲ့ ဝက္စ္ဟမ္းက အသာစီးရယူထားတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကို ဆုံးရႈံးရဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။ အက္စ္တြန္ဗီလာက သူ႔ကို ေပါင္သန္း၂၀နဲ႔ ေခၚဖို႔ သေဘာတူညီမႈယူခဲ့ၿပီျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ကို တရားဝင္ေၾကညာဖို႔အတြက္ မာတီနက္ဇ္နဲ႔ ဂန္းနားေတြၾကား သေဘာတူညီမႈရဖို႔သာ လိုေတာ့တာပါ။

ေတာ္ရဲရားကို ေခၚယူဖို႔အတြက္ တိုရီႏိုက ခ်က္ခ်င္း ယူ႐ို၁၂သန္းေပးရမွာျဖစ္ၿပီး တစ္ႏွစ္အတြင္းေနာက္ထပ္ ၁၂သန္း ေပးေခ်ရမွာျဖစ္သလို စုစုေပါင္း အေျပာင္းအေ႐ႊ႕တန္ေၾကးက ယူ႐ို၂၄သန္း ရွိမွာျဖစ္ေပမယ့္ ၂၀၁၈ ကမာၻ႔ဖလားအၿပီး သူ႔ကို ယူ႐ို သန္း၃၀နဲ႔ ေခၚယူခဲ့တဲ့ အာဆင္နယ္ကေတာ့ ၆သန္းေလာက္ ဆုံးရႈံးရဖို႔ ရွိေနပါတယ္။

ဝက္စ္ဟမ္းဟာ ဒီလမွာ အေျပာင္းအေ႐ႊ႕ ပစ္မွတ္အေနနဲ႔ ကိုလာဆီနက္ကို ေခၚယူဖို႔ အလိုရွိေနသလို အသင္းမွာ ေနရာရွင္းလင္းမႈလုပ္ၿပီး လစာအကုန္အက် သက္သာခ်င္တဲ့အာဆင္နယ္အေနနဲ႔လဲ သင့္ေတာ္တဲ့ ေျပာင္းေ႐ႊ႕ေၾကးရရင္ လက္ခံႏိုင္ဖြယ္ရွိပါတယ္။

ဝုလ္ဗ္ဟာ အာဆင္နယ္ ေနာက္ခံလူမိတ္လန္ႏိုင္းစ္အတြက္ ထပ္မံကမ္းလွမ္းဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။အဂၤလန္ကစားသမားဟာ ဒီရာသီမွာ ပုံမွန္ ကစားခြင့္ရရွိဖို႔ ေမွ်ာ္လင့္ေနတာေၾကာင့္ ဒါဟာ ဒီေႏြမွာ သူ႔ကိုေခၚယူခ်င္ေနတဲ့ ဝုလ္ဗ္အတြက္ မက္လုံးေပးဆြဲေဆာင္စရာျဖစ္ႏိုင္ပါတယ္။

ဝက္စ္ဟမ္းဟာ ၿပီးခဲ့တဲ့အပတ္က ကိုလာဆီနက္အေပၚ စိတ္ဝင္စားမႈကို ျပသခဲ့ၿပီး ကမ္းလွမ္းမႈျပဳလုပ္ဖို႔ ျပင္ဆင္ထားခဲ့ေပမယ့္ အာဆင္နယ္ ေနာက္ခံလူက ဒါကို ျငင္းပယ္ခဲ့ၿပီး သူ႔အေနနဲ႔ အမ္းမရိတ္စ္မွာ ေနရာရဖို႔အတြက္ ဆက္လက္တိုက္ပြဲဝင္ခ်င္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အူဘာမီးယန္းမရွိရင္ အာဆင္နယ္ဟာ ထိပ္ဆုံး ၆သင္းထဲေတာင္ ဝင္ႏိုင္မွာမဟုတ္ပဲ သူ ရွိမွသာ အဆင့္ေလးအတြင္း ဝင္ဖို႔ အခြင့္အေရး ရွိတာေၾကာင့္ တစ္ပတ္လုပ္ခ ေပါင္၄သိန္းေပးရရင္ေတာင္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ အက္စ္တြန္ဗီလာ ဂႏၲဝင္ အက္ဂ္ဘြန္လာေဟာ္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။