အဓိပ္ပါယ်မရှိတဲ့ ပင်နယ်တီ လို့ ပဲလေ့စ်နဲ့ ပွဲက ဆုံးဖြတ်ချက်ကို ပေါက်ကွဲခဲ့တဲ့ ယူနိုက်တက် ဂန္တဝင် နဗီးလ်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမားကြီး ဂယ်ရီ နဗီးလ်ကတော့ ညက ပွဲမှာ ယူနိုက်တက်က VAR အဆုံးအဖြတ်နဲ့ ကြည့်ကာ ခရစ္စတယ်ပဲလေ့စ်ဘက် ပယ်နယ်တီ ခွင့်ပြုခဲ့ရတဲ့ ဆုံးဖြတ်ချက်ဟာ လုံး၀ အဓိပ္ပါယ် မရှိကြောင်း ပေါက်ကွဲစွာ ဆိုခဲ့ပါတယ်။

ပဲလေ့စ်က ၁-၀ နဲ့ ဦးဆောင်ထားနိုင်စဉ် လင်ဒီလော့ဖ်က ဧရိယာထဲမှာ လက်ထိဘော ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ကာ ပင်နယ်တီ ပေးခဲ့ရခြင်း ဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ လုံး၀ မမျှတဘူးလို့ နဗီးလ်က ယုံကြည်ခဲ့ပါတယ်။

ထို ပင်နယ်တီကို ပဲလေ့စ်တိုက်စစ်မှူး အယူးက အရင် ကန်ခဲ့ပေမယ့် ဒီဂီယာ ဖမ်းမိခဲ့ရာ စည်းပြင်ထွက် ဖမ်းခဲ့တာကြောင့် နောက်တစ်ကြိမ် ပြန်ကန်ခွင့် ပြုခဲ့ရပြန်ပါတယ်။ ဒုတိယအကြိမ်ကိုတော့ ဇာဟာက အမှားအယွင်းမရှိ ကန်သွင်းကာ ၂-၀ နဲ့ ပွဲကို ဦးဆောင်စေခဲ့ပါတယ်။

နဗီးလ်ကလည်း ထို အဖြစ်အပျက်ကို အမျက်ထွက် ပေါက်ကွဲနေခဲ့ပြီး ပင်နယ်တီ ပေးခဲ့တာရော ပြန်ကန်ခွင့် ပေးခဲ့တာရောက မမှန်ဘူးလို့ ယူဆခဲ့ပါတယ်။

” ဒါက လုံးဝကို ကျက်သရေ မရှိတာဗျာ။ ကျနော်တို့က မီလီမီတာ လောက်ထိ လိုက်တိုင်းကြရမှာလား။ မယုံနိုင်အောင်ပဲ။ အရင်အပတ်ကလည်း လိဒ်ဘက် ပေးတဲ့ ပင်နယ်တီက ဒီတစ်ခုလိုပဲ အဓိပ္ပါယ် မရှိဘူး ကျနော် ပြောခဲ့ပါတယ်။ ဒါက ပင်နယ်တီ လုံး၀ မဟုတ်ခဲ့ဘူး။ ဘောလုံးက ဘယ်လိုလာတယ်ဆိုတာ လင်ဒီလော့ဖ်က လုံးဝတောင် သိခဲ့တာ ဟမဟုတ်ဘူး။ ” လို့ နဗီးလ်က ပွဲအတွင်း သုံးသပ်မှုမှာ တခါတည်း ပြောဆိုခဲ့ပါတယ်။

မိုက်ကယ် အိုဝင်ကတော့ ပင်နယ်တီ ပြန်ကန်တာ အတွက် ပြသနာ မရှိပေမယ့် လက်ထိဘောကြောင့် ပင်နယ်တီ ပေးခဲ့တဲ့ ကနဦး ဆုံးဖြတ်ချက်ကတော့ တကယ့်ကို ဟာသပဲလို့ ပြောရင်း နဗီးလ်အဆိုကို တွစ်တာကနေ ထောက်ခံခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ဂႏၱ၀င္ ကစားသမားၾကီး ဂယ္ရီ နဗီးလ္ကေတာ့ ညက ပြဲမွာ ယူနိုက္တက္က VAR အဆံုးအျဖတ္နဲ႕ ၾကည့္ကာ ခရစၥတယ္ပဲေလ့စ္ဘက္ ပယ္နယ္တီ ခြင့္ျပဳခဲ့ရတဲ့ ဆံုးျဖတ္ခ်က္ဟာ လံုး၀ အဓိပၸါယ္ မရွိေၾကာင္း ေပါက္ကြဲစြာ ဆိုခဲ့ပါတယ္။

ပဲေလ့စ္က ၁-၀ နဲ႕ ဦးေဆာင္ထားနုိင္စဥ္ လင္ဒီေလာ့ဖ္က ဧရိယာထဲမွာ လက္ထိေဘာ က်ဴးလြန္ခဲ့တယ္လို႔ ဆံုးျဖတ္ကာ ပင္နယ္တီ ေပးခဲ့ရျခင္း ျဖစ္ျပီး ဒီဆံုးျဖတ္ခ်က္ဟာ လံုး၀ မမွ်တဘူးလို႔ နဗီးလ္က ယံုၾကည္ခဲ့ပါတယ္။

ထို ပင္နယ္တီကို ပဲေလ့စ္တိုက္စစ္မွဴး အယူးက အရင္ ကန္ခဲ့ေပမယ့္ ဒီဂီယာ ဖမ္းမိခဲ့ရာ စည္းျပင္ထြက္ ဖမ္းခဲ့တာေၾကာင့္ ေနာက္တစ္ၾကိမ္ ျပန္ကန္ခြင့္ ျပဳခဲ့ရျပန္ပါတယ္။ ဒုတိယအၾကိမ္ကိုေတာ့ ဇာဟာက အမွားအယြင္းမရွိ ကန္သြင္းကာ ၂-၀ နဲ႕ ပြဲကို ဦးေဆာင္ေစခဲ့ပါတယ္။

နဗီးလ္ကလည္း ထို အျဖစ္အပ်က္ကို အမ်က္ထြက္ ေပါက္ကြဲေနခဲ့ျပီး ပင္နယ္တီ ေပးခဲ့တာေရာ ျပန္ကန္ခြင့္ ေပးခဲ့တာေရာက မမွန္ဘူးလို႔ ယူဆခဲ့ပါတယ္။

” ဒါက လံုး၀ကို က်က္သေရ မရွိတာဗ်ာ။ က်ေနာ္တို႔က မီလီမီတာ ေလာက္ထိ လိုက္တိုင္းၾကရမွာလား။ မယံုနုိင္ေအာင္ပဲ။ အရင္အပတ္ကလည္း လိဒ္ဘက္ ေပးတဲ့ ပင္နယ္တီက ဒီတစ္ခုလိုပဲ အဓိပၸါယ္ မရွိဘူး က်ေနာ္ ေျပာခဲ့ပါတယ္။ ဒါက ပင္နယ္တီ လံုး၀ မဟုတ္ခဲ့ဘူး။ ေဘာလံုးက ဘယ္လိုလာတယ္ဆိုတာ လင္ဒီေလာ့ဖ္က လံုး၀ေတာင္ သိခဲ့တာ ဟမဟုတ္ဘူး။ ” လို႔ နဗီးလ္က ပြဲအတြင္း သံုးသပ္မႈမွာ တခါတည္း ေျပာဆိုခဲ့ပါတယ္။

မိုက္ကယ္ အို၀င္ကေတာ့ ပင္နယ္တီ ျပန္ကန္တာ အတြက္ ျပသနာ မရွိေပမယ့္ လက္ထိေဘာေၾကာင့္ ပင္နယ္တီ ေပးခဲ့တဲ့ ကနဦး ဆံုးျဖတ္ခ်က္ကေတာ့ တကယ့္ကို ဟာသပဲလို႔ ေျပာရင္း နဗီးလ္အဆိုကို တြစ္တာကေန ေထာက္ခံခဲ့ပါတယ္။