ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (23/09/20)

ညက လူတန်တောင်းကို ၃-ဝနဲ့ နိုင်ခဲ့တဲ့ ကာရာဘောင်းပွဲမှာ ကလင်းရှိ ရဖို့အတွက် ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ အရေးပါတဲ့ နောက်ကျ ကာကွယ်မှု လုပ်ခဲ့သလို နည်းပြ ဆိုးလ်ရှားက သူ့ရဲ့ ပွဲဦးထွက်မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေအတွက် ချီးကျူးမှုလုပ်ခဲ့ပါတယ်။

စပါးဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဂျက်ဆီ လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို စိန့်ပီတာစဘတ်နဲ့ အပြိုင်ကြိုးစားရမှာဖြစ်ပြီး သူ့ကို အသင်းမှာ နေရာပေးဖို့အတွက် ကွင်းလယ်လူ ဒယ်လီအလီကို ရောင်းထုတ်ဖို့ လိုအပ်မှာလဲ ဖြစ်ပါတယ်။

မေဆန်ဂရင်းဝုဒ်ဟာ မနေ့ကပွဲမှာ လူစားဝင်ကစားခဲ့ပြီး နောက်ကျသွင်းဂိုး ရရှိခဲ့လို့ ဆိုးလ်ရှားက ချီးကျူးခဲ့ပေမယ့် သူ့ကို ဘက်စုံတော်စေချင်တဲ့ အတွက် ခေါင်းတိုက်စွမ်းရည် တိုးတက်ဖို့လိုသေးတယ်လို့ တိုက်တွန်းခဲ့ပြီး တစ်ယောက်ချင်း ခေါင်းတိုက်လေ့ကျင့်မှုလုပ်ဖို့ အခွင့်အရေးကို ကမ်းလှမ်းခဲ့ပါတယ်။

ဘုန်းမောက် ကွင်းလယ်လူ ဒေးဗစ်ဘရွတ်ခ်ဟာ အပြောင်းအရွှေ့ ကာလအကုန်မှာ မန်ချက်စတာယူနိုက်တက်ထံ ပြောင်းရွှေ့နိုင်ပါတယ်။ ဒါပေမယ့် ဘုန်းမောက်ရဲ့ ပေါင် သန်း ၄၀ ခေါ်ဈေးက အဟန့်အတားဖြစ်နေဆဲဆိုသလို ယူနိုက်တက်က တရားဝင်ကမ်းလှမ်းမှု လုပ်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ယူနိုက်တက်ဟာ ဟွမ်မာတာ၊ မားကပ်ရက်ရှ်ဖို့ဒ်၊ မေဆန်ဂရင်းဝုဒ်တို့ရဲ့ ဂိုးတွေကြောင့် လူတန်တောင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့် ပရိသတ်တွေ ရွေးချယ်တဲ့ Man of the match ဆုကိုတော့ မာတာ၊ လင်ဂတ်တို့ကို ကျော်ပြီး မဲအားလုံးရဲ့ ၁၈% နဲ့ ဒွန်နီဗ န်ဒီဘိခ်က ရရှိခဲ့ပါတယ်။

လူတန်တောင်း ကို နိုင်ခဲ့တဲ့ပွဲမှာ ဆိုလ်းရှားဟာ ယူနိုက်တက် နည်းပြဘဝ နိုင်ပွဲ၅၀ ပြည့်ခဲ့တာဖြစ်ပြီး အမြန်ဆုံးနိုင်ပွဲ၅၀ ပြည့်တဲ့မှတ်တမ်းမှာ ၁၀၄ပွဲ အချိန်ယူခဲ့ရတဲ့ဖာဂူဆန်ကိုကျော်ပြီး ၉၂ပွဲထဲနဲ့ တတိယနေရာကို ရရှိခဲ့ပါတယ်။

Zawgyi – ညက လူတန္ေတာင္းကို ၃-၀နဲ႔ ႏိုင္ခဲ့တဲ့ ကာရာေဘာင္းပြဲမွာ ကလင္းရွိ ရဖို႔အတြက္ ဂိုးသမား ဒင္းဟန္ဒါဆန္ဟာ အေရးပါတဲ့ ေနာက္က် ကာကြယ္မႈ လုပ္ခဲ့သလို နည္းျပ ဆိုးလ္ရွားက သူ႔ရဲ႕ ပြဲဦးထြက္မွာ အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြအတြက္ ခ်ီးက်ဴးမႈလုပ္ခဲ့ပါတယ္။

စပါးဟာ ယူႏိုက္တက္ကေန ထြက္ခြာဖို႔ ဂ်က္ဆီ လင္ဂတ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနသလို စိန္႕ပီတာစဘတ္နဲ႔ အၿပိဳင္ႀကိဳးစားရမွာျဖစ္ၿပီး သူ႔ကို အသင္းမွာ ေနရာေပးဖို႔အတြက္ ကြင္းလယ္လူ ဒယ္လီအလီကို ေရာင္းထုတ္ဖို႔ လိုအပ္မွာလဲ ျဖစ္ပါတယ္။

ေမဆန္ဂရင္းဝုဒ္ဟာ မေန႔ကပြဲမွာ လူစားဝင္ကစားခဲ့ၿပီး ေနာက္က်သြင္းဂိုး ရရွိခဲ့လို႔ ဆိုးလ္ရွားက ခ်ီးက်ဴးခဲ့ေပမယ့္ သူ႔ကို ဘက္စုံေတာ္ေစခ်င္တဲ့ အတြက္ ေခါင္းတိုက္စြမ္းရည္ တိုးတက္ဖို႔လိုေသးတယ္လို႔ တိုက္တြန္းခဲ့ၿပီး တစ္ေယာက္ခ်င္း ေခါင္းတိုက္ေလ့က်င့္မႈလုပ္ဖို႔ အခြင့္အေရးကို ကမ္းလွမ္းခဲ့ပါတယ္။

ဘုန္းေမာက္ ကြင္းလယ္လူ ေဒးဗစ္ဘ႐ြတ္ခ္ဟာ အေျပာင္းအေ႐ႊ႕ ကာလအကုန္မွာ မန္ခ်က္စတာယူႏိုက္တက္ထံ ေျပာင္းေ႐ႊ႕ႏိုင္ပါတယ္။ ဒါေပမယ့္ ဘုန္းေမာက္ရဲ႕ ေပါင္ သန္း ၄၀ ေခၚေဈးက အဟန႔္အတားျဖစ္ေနဆဲဆိုသလို ယူႏိုက္တက္က တရားဝင္ကမ္းလွမ္းမႈ လုပ္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ယူႏိုက္တက္ဟာ ဟြမ္မာတာ၊ မားကပ္ရက္ရွ္ဖို႔ဒ္၊ ေမဆန္ဂရင္းဝုဒ္တို႔ရဲ႕ ဂိုးေတြေၾကာင့္ လူတန္ေတာင္းကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္ ပရိသတ္ေတြ ေ႐ြးခ်ယ္တဲ့ Man of the match ဆုကိုေတာ့ မာတာ၊ လင္ဂတ္တို႔ကို ေက်ာ္ၿပီး မဲအားလုံးရဲ႕ ၁၈% နဲ႔ ဒြန္နီဗ န္ဒီဘိခ္က ရရွိခဲ့ပါတယ္။

လူတန္ေတာင္း ကို ႏိုင္ခဲ့တဲ့ပြဲမွာ ဆိုလ္းရွားဟာ ယူႏိုက္တက္ နည္းျပဘဝ ႏိုင္ပြဲ၅၀ ျပည့္ခဲ့တာျဖစ္ၿပီး အျမန္ဆုံးႏိုင္ပြဲ၅၀ ျပည့္တဲ့မွတ္တမ္းမွာ ၁၀၄ပြဲ အခ်ိန္ယူခဲ့ရတဲ့ဖာဂူဆန္ကိုေက်ာ္ၿပီး ၉၂ပြဲထဲနဲ႔ တတိယေနရာကို ရရွိခဲ့ပါတယ္။