ဂရေဟမ် ပေါ်တာ နည်းပြ ဖြစ်လာပြီးနောက် ဝက်စ်ဟမ်း အသင်းဟာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ကို ခေါ်ယူဖို့ ချိန်ရွယ်လာပါတယ်။
အာဆင်နယ် နည်းပြ အာတီတာက နယူးကာဆယ် တိုက်စစ်မှုး အိုင်ဆက်ကို အလွန် ခေါ်ယူချင်ပေမယ့် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးလို သုံးရမှာ ဖြစ်တာကြောင့် အသင်းပိုင်ရှင် ခရွန်ကီတို့က သဘောမတူဘူးလို့ သိရပါတယ်။
ဖရန့်ဖတ် အသင်းကတော့ မန်စီးတီး ပစ်မှတ်ထားနေတဲ့ သူတို့ တိုက်စစ်မှုး အိုမာ မာမိုစ့် အတွက် ယူရို သန်း ၈ဝ ထိ ရရှိလိုနေတယ် လို့ စကိုင်း ဂျာမနီက ဖော်ထုတ်လာပါတယ်။
ဂျူဗင်တပ်က ခေါ်ယူဖို့ ဆွေးနွေးနေပြီ ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ ဥရုဂွေးသား နောက်ခံလူ အာရူဂျို ကို အာဆင်နယ် အသင်းကလည်း ဝင်ရောက် ကြိုးပမ်းလာကြောင်း စပိန် သတင်းတွေက ဖော်ပြလာပါတယ်။ ဂျူဗီကတော့ အာရူဂျို ကို အပြီး ခေါ်ယူခွင့် ပါတဲ့ အငှားနဲ့ ညှိနှိုင်းနေတာပါ။
လီဗာပူးအသင်းဟာ နာပိုလီအသင်းရဲ့ တောင်ပံတိုက်စစ် ကြယ်ပွင့် Khvicha Kvaratskhelia ကို လက်ရှိ ဇန်နဝါရီ ဈေးကွက်မှာ ခေါ်ယူဖို့ စီစဉ်လာပါတယ်။
ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ညီ ဖြစ်သူ ဆန်းဒါးလန်း ကွင်းလယ် တိုက်စစ်သမား ဂျို့ဘ် ဘယ်လင်ဟမ်က အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်လိုက်ပြီး နွေမှာ အစ်ကိုဖြစ်သူ ရှိရာ ရီးရဲလ်သို့ သွားရန် ရည်မှန်းနေပါတယ်။
ဥရောပ ထိပ်သီးကလပ်တွေ မျက်စိကျလာတဲ့ လူငယ် တိုက်စစ်သမားလေး အာမက် ဒီယာလို ကို မန်ချက်စတာ ယူနိုက်တက်က ၂၀၃၀ ထိ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။