ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (30/09/20)

ညက စပါးနဲ့ ရင်ဆိုင်တဲ့ ကာရာဘောင်းပွဲမှာ တီမိုဗာနာက ၁၉ မိနစ် အတွင်း သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူခဲ့ပြီး ချယ်ဆီး တို့ ကွာတားဖိုင်နယ် တက်နိုင်ဖို့ အခြေအနေ ကောင်းခဲ့ပေမယ့် ပွဲပြီးဖို့ ၇မိနစ်အလိုမှာ လာမယ်လာ က ချေပဂိုးရရှိခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် အထိ ဆက်ခဲ့ပြီး မေဆန်မောင့်ရဲ့ နောက်ဆုံး ပင်နယ်တီ လွဲချော်မှုကြောင့် စပါးက အနိုင်ရရှိသွားခဲ့ပါတယ်။

စပါးနဲ့ သာမန်ပွဲချိန် မိနစ်၉၀အတွင်း ၁ ဂိုးစီ သရေကျခဲ့တဲ့နောက် စပါးရဲ့ ပထမ ပင်နယ်တီ ၅လုံး စလုံးကို ကာကွယ်ဖို့ ချယ်ဆီး ဂိုးသမားသစ် မန်ဒီက မစွမ်းဆောင်နိုင် ခဲ့ပေမယ့် နည်းပြလမ်းပတ်ကတော့ မန်ဒီရဲ့ ပွဲဦးထွက် ကစားပုံကို ကျေနပ်နေခဲ့ပြီး သူ့အနေနဲ့ ကောင်းမွန်တဲ့ ကာကွယ်မှု အချို့ လုပ်ခဲ့တယ်လို့ ထောက်ခံခဲ့ပါတယ်။

လမ်းပတ်အနေနဲ့ ရူဒီဂါကို ဒီနွေမှာ ထွက်ခွာခွင့် ပြုလိုက်ရင် သူ့ရဲ့အကောင်းဆုံး နောက်ခံလူကို ဆုံးရှုံးလိုက်ရလိမ့်မယ်လို့ ဟက်ဆယ်ဘိန့် က သတိပေးခဲ့ပါတယ်။ ချယ်ဆီး မှာ ကစားချိန် မရတော့တဲ့ ဗဟိုခံစစ်မှူးကို ဝက်စ်ဟမ်း၊ စပါးတို့နဲ့ ချိတ်ဆက်မှုရှိနေပါတယ်။

ချယ်ဆီး တောင်ပံတိုက်စစ်သမား အိုဒွိုင်းဟာ ဘိုင်ယန်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဂျာမန် ချန်ပီယံတွေဟာ သူ့ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့ပေမယ့် အခုထိ လက်မလျှော့သေးသလို အိုဒွိုင်းဟာ သူ့ကိုယုံကြည်မှုရှိပြီး သူဘာလဲဆိုတာ သက်သေပြနိုင်တဲ့ နေရာကို သွားရောက်လိုနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ရူဒီဂါကို အောက်တိုဘာ၅ရက်မတိုင်ခင် ရောင်းချဖို့ ပြင်ဆင်ထားခဲ့ပြီး စပါးနဲ့ ပီအက်စ်ဂျီတို့က ချိတ်ဆက်နေပါတယ်။ ချယ်ဆီး က ပေါင် သန်း၂၀ ရရင် သူနဲ့လမ်းခွဲဖို့ အလိုရှိနေပြီး အငှားကမ်းလှမ်းမှုတွေကိုစဉ်းစားမှာဖြစ်ပေမယ့် အပြီးသတ်ရောင်းချဖို့ကို ပိုမိုအလိုရှိနေတာပါ။

ကာရာဘောင်း ဖလားကနေ ထွက်ခွာခဲ့ရတဲ့နောက် စပါးကို ချေပဂိုးရမှုမှာ ချယ်ဆီး နောက်တန်းရဲ့ အာရုံစူးစိုက်နိုင်စွမ်း မရှိတဲ့အပေါ် နည်းပြ လမ်းပတ်က ဝမ်းနည်း စိတ်ပျက်နေခဲ့ပါတယ်။ တီမိုဗာနာရဲ့ဂိုးနဲ့ ချယ်ဆီး တို့ အနိုင်ရဖို့နီးစပ်ခဲ့ပေမယ့် ၈၃မိနစ်မှာ ကတ်ဇူးမားနဲ့ တိုမိုရီတို့ကြား ကနေ လာမယ်လာက ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။

မနေ့က ပွဲအတွင်း ကွင်းဘေးမှာ မော်ရင်ညိုနဲ့ လမ်းပတ်တို့ စကားများခဲ့ကြတာကို မြင်တွေ့ခဲ့ရသလို ပွဲအပြီးမှာ လမ်းပတ်က သူတို့နှစ်ယောက်ဟာ ရင်းနှီးနေဆဲဖြစ်ပေမယ့် ဒိုင်တွေနဲ့ စကားအရမ်းများတဲ့ စပါးနည်းပြရဲ့ အကျင့်ကို မိမိအနေနဲ့ ထေ့ငေါ့ပြောဆိုဖို့ မအောင့်နိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

အင်တာမီလန်ဟာ အပြောင်းအရွှေ့ကာလ မပြီးဆုံးခင် ချယ်ဆီးရဲ့ ကန်တေနဲ့ မားကို့စ်အလွန်ဆိုတို့ကို ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ စကရီနီရာ ကို ရောင်းပြီးရင် လူသစ်ထပ်ဝယ်မယ့် အင်တာအတွက် ကန်တေက ထိပ်တန်းပစ်မှတ်ဖြစ်ပြီး လမ်းပတ်နဲ့ပြဿနာတက်ခဲ့တဲ့ အလွန်ဆိုကလဲ အသင်းကနေ ထွက်ခွာနိုင်ခြေ ရှိနေပါတယ်။

Zawgyi – ညက စပါးနဲ႕ ရင္ဆိုင္တဲ့ ကာရာေဘာင္းပြဲမွာ တီမိုဗာနာက ၁၉ မိနစ္ အတြင္း သူ႔ရဲ႕ ပထမဆုံးဂိုးကို သြင္းယူခဲ့ၿပီး ခ်ယ္ဆီး တို႔ ကြာတားဖိုင္နယ္ တက္ႏိုင္ဖို႔ အေျခအေန ေကာင္းခဲ့ေပမယ့္ ပြဲၿပီးဖို႔ ၇မိနစ္အလိုမွာ လာမယ္လာ က ေခ်ပဂိုးရရွိခဲ့တာေၾကာင့္ ပင္နယ္တီ အဆံုးအျဖတ္ အထိ ဆက္ခဲ့ၿပီး ေမဆန္ေမာင့္ရဲ႕ ေနာက္ဆုံး ပင္နယ္တီ လြဲေခ်ာ္မႈေၾကာင့္ စပါးက အႏိုင္ရရွိသြားခဲ့ပါတယ္။

စပါးနဲ႔ သာမန္ပြဲခ်ိန္ မိနစ္၉၀အတြင္း ၁ ဂိုးစီ သေရက်ခဲ့တဲ့ေနာက္ စပါးရဲ႕ ပထမ ပင္နယ္တီ ၅လုံး စလုံးကို ကာကြယ္ဖို႔ ခ်ယ္ဆီး ဂိုးသမားသစ္ မန္ဒီက မစြမ္းေဆာင္ႏိုင္ ခဲ့ေပမယ့္ နည္းျပလမ္းပတ္ကေတာ့ မန္ဒီရဲ႕ ပြဲဦးထြက္ ကစားပုံကို ေက်နပ္ေနခဲ့ၿပီး သူ႔အေနနဲ႔ ေကာင္းမြန္တဲ့ ကာကြယ္မႈ အခ်ိဳ႕ လုပ္ခဲ့တယ္လို႔ ေထာက္ခံခဲ့ပါတယ္။

လမ္းပတ္အေနနဲ႔ ႐ူဒီဂါကို ဒီေႏြမွာ ထြက္ခြာခြင့္ ျပဳလိုက္ရင္ သူ႔ရဲ႕အေကာင္းဆုံး ေနာက္ခံလူကို ဆုံးရႈံးလိုက္ရလိမ့္မယ္လို႔ ဟက္ဆယ္ဘိန္႕ က သတိေပးခဲ့ပါတယ္။ ခ်ယ္ဆီး မွာ ကစားခ်ိန္ မရေတာ့တဲ့ ဗဟိုခံစစ္မွဴးကို ဝက္စ္ဟမ္း၊ စပါးတို႔နဲ႔ ခ်ိတ္ဆက္မႈရွိေနပါတယ္။

ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား အိုဒြိဳင္းဟာ ဘိုင္ယန္ကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ဂ်ာမန္ ခ်န္ပီယံေတြဟာ သူ႔ကို ေခၚယူဖို႔ မေအာင္ျမင္ခဲ့ေပမယ့္ အခုထိ လက္မေလွ်ာ့ေသးသလို အိုဒြိဳင္းဟာ သူ႔ကိုယုံၾကည္မႈရွိၿပီး သူဘာလဲဆိုတာ သက္ေသျပႏိုင္တဲ့ ေနရာကို သြားေရာက္လိုေနတာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ႐ူဒီဂါကို ေအာက္တိုဘာ၅ရက္မတိုင္ခင္ ေရာင္းခ်ဖို႔ ျပင္ဆင္ထားခဲ့ၿပီး စပါးနဲ႔ ပီအက္စ္ဂ်ီတို႔က ခ်ိတ္ဆက္ေနပါတယ္။ ခ်ယ္ဆီး က ေပါင္ သန္း၂၀ ရရင္ သူနဲ႔လမ္းခြဲဖို႔ အလိုရွိေနၿပီး အငွားကမ္းလွမ္းမႈေတြကိုစဥ္းစားမွာျဖစ္ေပမယ့္ အၿပီးသတ္ေရာင္းခ်ဖို႔ကို ပိုမိုအလိုရွိေနတာပါ။

ကာရာေဘာင္း ဖလားကေန ထြက္ခြာခဲ့ရတဲ့ေနာက္ စပါးကို ေခ်ပဂိုးရမႈမွာ ခ်ယ္ဆီး ေနာက္တန္းရဲ႕ အာ႐ုံစူးစိုက္ႏိုင္စြမ္း မရွိတဲ့အေပၚ နည္းျပ လမ္းပတ္က ဝမ္းနည္း စိတ္ပ်က္ေနခဲ့ပါတယ္။ တီမိုဗာနာရဲ႕ဂိုးနဲ႔ ခ်ယ္ဆီး တို႔ အႏိုင္ရဖို႔နီးစပ္ခဲ့ေပမယ့္ ၈၃မိနစ္မွာ ကတ္ဇူးမားနဲ႔ တိုမိုရီတို႔ၾကား ကေန လာမယ္လာက ေခ်ပဂိုး သြင္းယူႏိုင္ခဲ့တာပါ။

မေန႔က ပြဲအတြင္း ကြင္းေဘးမွာ ေမာ္ရင္ညိဳနဲ႔ လမ္းပတ္တို႔ စကားမ်ားခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရသလို ပြဲအၿပီးမွာ လမ္းပတ္က သူတို႔ႏွစ္ေယာက္ဟာ ရင္းႏွီးေနဆဲျဖစ္ေပမယ့္ ဒိုင္ေတြနဲ႔ စကားအရမ္းမ်ားတဲ့ စပါးနည္းျပရဲ႕ အက်င့္ကို မိမိအေနနဲ႔ ေထ့ေငါ့ေျပာဆိုဖို႔ မေအာင့္ႏိုင္ခဲ့ဘူးလို႔ ဝန္ခံခဲ့ပါတယ္။

အင္တာမီလန္ဟာ အေျပာင္းအေ႐ႊ႕ကာလ မၿပီးဆုံးခင္ ခ်ယ္ဆီးရဲ႕ ကန္ေတနဲ႔ မားကို႔စ္အလြန္ဆိုတို႔ကို ေခၚယူႏိုင္ဖြယ္ ရွိေနပါတယ္။ စကရီနီရာ ကို ေရာင္းၿပီးရင္ လူသစ္ထပ္ဝယ္မယ့္ အင္တာအတြက္ ကန္ေတက ထိပ္တန္းပစ္မွတ္ျဖစ္ၿပီး လမ္းပတ္နဲ႔ျပႆနာတက္ခဲ့တဲ့ အလြန္ဆိုကလဲ အသင္းကေန ထြက္ခြာႏိုင္ေျခ ရွိေနပါတယ္။