ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (11/10/20)

စပို့တင်းလစ္စဘွန်းအသင်းဟာ လူငယ် အစွန်ခံစစ်မှူးလေး နူနို မန်ဒက်စ်ကို ယူနိုက်တက်က ချိတ်ဆက်မှုတွေ ရှိနေတာကြောင့် စာချုပ်သစ် ထပ်မံ ချုပ်ဆိုကာ ထိန်းသိမ်းထားဖို့ ပြင်ဆင်နေပါတယ်။ နူနို မန်ဒက်စ်ကို ယူနိုက်တက် အပြင် လီဗာပူး၊ အာဆင်နယ်နဲ့ အေစီမီလန်တို့ကလည်း စောင့်ကြည့်နေပါတယ်။

စပါးခံစစ်မှူး အဲရစ် ဒိုင်ယာကတော့ ဝေဖန်မှုတွေ ခံနေရတဲ့ ၎င်းရဲ့ အင်္ဂလန် အသင်းဖော် မက်ဂွဲရား ဘက်ကနေ ကာကွယ် ပြောဆိုသွားပြီး မက်ဂွဲရားဟာ ယူနိုက်တက်မှာရော အင်္ဂလန် အသင်းမှာပါ အရေးပါတဲ့ ကစားသမား အဖြစ် သူ့အဆင့်အတန်းကို ပြသထားသူ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ယူနိုက်တက် အကြီးအကဲ အက်ဝုဒ်ဝပ်ကတော့ အသင်းရလဒ်တွေ ကောင်းမလာဘဲ ဆက်လက် ဆိုးနေမယ်ဆိုရင် နည်းပြ ဆိုးရှားကို ထုတ်ပယ်ဖို့ အသင့် ရှိနေပြီ ဖြစ်ကြောင်း အင်္ဂလန် သတင်းတွေက ဖော်ထုတ်ထားပါတယ်။

အာဆင်နယ်ဟာ ခရစ္စတီယာနို ရိုနယ်ဒို ကို စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ထက် အရင် ခေါ်ယူဖြစ်ဖို့ အလွန် နီးစပ်ခဲ့ပြီး အခြေခံ အချက်တွေပါ သဘောတူညီမှု ရခဲ့ပြီး ဖြစ်ပေမယ့် မန်ချက်စတာ ကလပ်ထံ လက်လွှတ်ခဲ့ရကြောင်း အာဆင်ဝင်းဂါးက ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါစခိုးလ်ကတော့ ဆန်ချို ကို ခေါ်မရခဲ့တဲ့ အတွက် ယူနိုက်တက်ဟာ နောက် အပြောင်းအရွှေ့မှာ ဟာလန်း ဒါမှမဟုတ် ကိန်းကိုသာ ခေါ်ယူကာ တိုက်စစ် အားဖြည့်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

ဖာနန်ဒက်စ်ရဲ့ ညီဖြစ်သူ ရီကာဒိုဟာ လန်ဒန်မှာ ရောက်နေပြီး အင်္ဂလန် ကျန်းမာရေးအဖွဲ့ NHS မှာ ကူညီ လုပ်ကိုင်ပေးနေကြောင်း ပေါ်တူဂီသားက ဖွင့်ဟလိုက်ကာ ကပ်ရောဂါ ကာလအတွင်း ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အားစိုက်မှုတွေကို ချီးကျူးစကား ဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကတော့ အသင်းခေါင်းဆောင် ရာထူးကို ဘရူနို ဖာနန်ဒက်စ်အား ပြောင်းလဲ ခန့်အပ်စေလိုနေပြီး လက်ရှိ အသင်းခေါင်းဆောင် မက်ဂွဲရားရဲ့ ဦးဆောင်မှုကို သဘောမကျ ဖြစ်နေကြပါတယ်။

Zawgyi – စပို႔တင္းလစၥဘြန္းအသင္းဟာ လူငယ္ အစြန္ခံစစ္မွဴးေလး နူနို မန္ဒက္စ္ကို ယူနိုက္တက္က ခ်ိတ္ဆက္မႈေတြ ရွိေနတာေၾကာင့္ စာခ်ဳပ္သစ္ ထပ္မံ ခ်ဳပ္ဆိုကာ ထိန္းသိမ္းထားဖို႔ ျပင္ဆင္ေနပါတယ္။ နူနုိ မန္ဒက္စ္ကို ယူနိုက္တက္ အျပင္ လီဗာပူး၊ အာဆင္နယ္နဲ႕ ေအစီမီလန္တို႔ကလည္း ေစာင့္ၾကည့္ေနပါတယ္။

စပါးခံစစ္မွဴး အဲရစ္ ဒိုင္ယာကေတာ့ ေ၀ဖန္မႈေတြ ခံေနရတဲ့ ၄င္းရဲ႕ အဂၤလန္ အသင္းေဖာ္ မက္ဂြဲရား ဘက္ကေန ကာကြယ္ ေျပာဆိုသြားျပီး မက္ဂြဲရားဟာ ယူနိုက္တက္မွာေရာ အဂၤလန္ အသင္းမွာပါ အေရးပါတဲ့ ကစားသမား အျဖစ္ သူ႔အဆင့္အတန္းကို ျပသထားသူ ျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။

ယူနိုက္တက္ အၾကီးအကဲ အက္၀ုဒ္၀ပ္ကေတာ့ အသင္းရလဒ္ေတြ ေကာင္းမလာဘဲ ဆက္လက္ ဆိုးေနမယ္ဆိုရင္ နည္းျပ ဆိုးရွားကို ထုတ္ပယ္ဖို႔ အသင့္ ရွိေနျပီ ျဖစ္ေၾကာင္း အဂၤလန္ သတင္းေတြက ေဖာ္ထုတ္ထားပါတယ္။

အာဆင္နယ္ဟာ ခရစၥတီယာနို ရိုနယ္ဒို ကို စပို႔တင္းလစၥဘြန္းကေန ယူနိုက္တက္ထက္ အရင္ ေခၚယူျဖစ္ဖို႔ အလြန္ နီးစပ္ခဲ့ျပီး အေျခခံ အခ်က္ေတြပါ သေဘာတူညီမႈ ရခဲ့ျပီး ျဖစ္ေပမယ့္ မန္ခ်က္စတာ ကလပ္ထံ လက္လႊတ္ခဲ့ရေၾကာင္း အာဆင္၀င္းဂါးက ဖြင့္ဟခဲ့ပါတယ္။

ယူနိုက္တက္ ကြင္းလယ္ေဟာင္း ေပါစခိုးလ္ကေတာ့ ဆန္ခ်ိဳ ကို ေခၚမရခဲ့တဲ့ အတြက္ ယူနိုက္တက္ဟာ ေနာက္ အေျပာင္းအေရႊ႕မွာ ဟာလန္း ဒါမွမဟုတ္ ကိန္းကိုသာ ေခၚယူကာ တိုက္စစ္ အားျဖည့္သင့္ေၾကာင္း တိုက္တြန္းလိုက္ပါတယ္။

ဖာနန္ဒက္စ္ရဲ႕ ညီျဖစ္သူ ရီကာဒိုဟာ လန္ဒန္မွာ ေရာက္ေနျပီး အဂၤလန္ က်န္းမာေရးအဖြဲ႕ NHS မွာ ကူညီ လုပ္ကိုင္ေပးေနေၾကာင္း ေပၚတူဂီသားက ဖြင့္ဟလိုက္ကာ ကပ္ေရာဂါ ကာလအတြင္း က်န္းမာေရး ၀န္ထမ္းေတြရဲ႕ အားစိုက္မႈေတြကို ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ ပရိသတ္ေတြကေတာ့ အသင္းေခါင္းေဆာင္ ရာထူးကို ဘရူနို ဖာနန္ဒက္စ္အား ေျပာင္းလဲ ခန္႔အပ္ေစလိုေနျပီး လက္ရွိ အသင္းေခါင္းေဆာင္ မက္ဂြဲရားရဲ႕ ဦးေဆာင္မႈကို သေဘာမက် ျဖစ္ေနၾကပါတယ္။