ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးအသင်း သတင်းတိုများ (21/10/20)

ခံစစ်ပိုင်းဆိုးဝါးမှု အတွက် ဝေဖန်မှုတွေ ခံခဲ့ရတဲ့ ချယ်ဆီးဟာ မနေ့က ဆီးဗီးလားနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးမရှိ သရေကျခဲ့ပေမယ့် လမ်းပတ်ကတော့ ကစားသမားတွေရဲ့ အာရုံစူးစိုက်မှုနဲ့ အတူ ကလင်းရှိ ရတဲ့အတွက် ကျေနပ်နေခဲ့ပါတယ်။

ပွဲက သရေကျခဲ့ပေမယ့် ဆီးဗီးလားဟာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ အခွင့်အရေးတွေ များစွာ ဖန်တီးနိုင်ခဲ့တာဖြစ်သလို ယူရိုပါလိဂ် ချန်ပီယံတွေဟာ ဒီနှစ် ချန်ပီယံလိဂ်ကို အောင်မြင်နိုင်တဲ့ အသင်း တစ်သင်း ဖြစ်တယ်လို့ ပွဲအပြီးမှာ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

မန်ဒီဟာ ဆီးဗီးလားနဲ့ပွဲမှာ ပါဝင်လာခဲ့ပြီး ဂိုးမပေးရအောင် စွမ်းဆောင်ပေးခဲ့သလို သူဟာ ချယ်ဆီးရဲ့ တရားဝင် နံပါတ် တစ် ဂိုးသမားဖြစ်တယ်လို့ လမ်းပတ်က ကြေညာခဲ့ပြီး လက်စွမ်းကျဆင်းနေတဲ့ ကီပါကတော့ အနာဂတ် မရေမရာ ဖြစ်လာခဲ့ပါတယ်။

ဗန်ဒိုက်လို နောက်ခံလူကောင်း တစ်ယောက် မရှိတော့တာဟာ လီဗာပူးအတွက် ဖလားပြိုင်ပွဲမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ လမ်းပတ်က ဝန်ခံခဲ့ပေမယ့် သူ့ဒဏ်ရာကနေ မြန်မြန် ပြန်ကောင်း လာဖို့ ဆုတောင်းပေးခဲ့ပါတယ်။

သရေ ရလဒ်နဲ့ ချန်ပီယံလိဂ်ကို စတင်ခဲ့ရပေမယ့်လဲ ချယ်ဆီးမှာ အကောင်းမြင်စရာတွေ ရှိနေဆဲပါလို့ ဘင်ချီဝဲက ယုံကြည်နေပြီး ဂိုး မပေးခဲ့ရတာဟာ ဝေဖန်ခံနေရတဲ့ ခံစစ်ကြောင်းရဲ့ ပုံစံကောင်းတွေကို ပြသခဲ့တာပါ လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ လိဂ်၅ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့ပြီး လမ်းပတ်လက်အောက် ၄၃ပွဲမှာ ၆၃ဂိုး ပေးခဲ့ရတာနဲ့အတူ သူ့အနေနဲ့ ကလပ်ကို လမ်းကြောင်းမှန်ဆီ ရောက်အောင် မပို့ပေးနိုင်ရင် ဂျူဗီနည်းပြဟောင်း အယ်လီဂရီနဲ့ အစားထိုးဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။

ဖရန့်လမ်းပတ်ဟာ ရှေ့ဆက်မယ့် ပရီးမီးယားလိဂ် ရာသီအတွက် သူ့ရဲ့ ၂၅ယောက် လူစာရင်းမှာ အရေးပေါ်အနေနဲ့ ဂိုးသမား အသစ် တစ်ယောက် ထပ်ထည့်ခဲ့ပြီးသူကတော့ ကလပ်ဂန္တဝင်ဖြစ်သလို လက်ရှိ နည်းစနစ် အကြံပေးဖြစ်တဲ့ ပီတာချက်ပဲ ဖြစ်ပါတယ်။

ပီတာချက်ကို ထည့်သွင်းခဲ့တာဟာ စိတ်ကူးယဉ်ဆန်တာ မဟုတ်ပဲ လက်တွေ့ကျတဲ့ အခြေအနေအရ ဂိုးသမားဟောင်းကြီးဟာ အသင်းဂိုးသမားလေးတွေနဲ့ အတူ လေ့ကျင့်နေခဲ့ပြီး ကြံ့ခိုင်မှု ပြည့်ဝနေဆဲ ဖြစ်လို့ပါလို့ လမ်းပတ်က ဖြေရှင်းခဲ့ပါတယ်။

Zawgyi – ခံစစ္ပိုင္းဆိုးဝါးမႈ အတြက္ ေဝဖန္မႈေတြ ခံခဲ့ရတဲ့ ခ်ယ္ဆီးဟာ မေန႔က ဆီးဗီးလားနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ဂိုးမရွိ သေရက်ခဲ့ေပမယ့္ လမ္းပတ္ကေတာ့ ကစားသမားေတြရဲ႕ အာ႐ုံစူးစိုက္မႈနဲ႔ အတူ ကလင္းရွိ ရတဲ့အတြက္ ေက်နပ္ေနခဲ့ပါတယ္။

ပြဲက သေရက်ခဲ့ေပမယ့္ ဆီးဗီးလားဟာ ေဘာလုံးပိုင္ဆိုင္မႈ အသာနဲ႔ အခြင့္အေရးေတြ မ်ားစြာ ဖန္တီးႏိုင္ခဲ့တာျဖစ္သလို ယူ႐ိုပါလိဂ္ ခ်န္ပီယံေတြဟာ ဒီႏွစ္ ခ်န္ပီယံလိဂ္ကို ေအာင္ျမင္ႏိုင္တဲ့ အသင္း တစ္သင္း ျဖစ္တယ္လို႔ ပြဲအၿပီးမွာ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

မန္ဒီဟာ ဆီးဗီးလားနဲ႔ပြဲမွာ ပါဝင္လာခဲ့ၿပီး ဂိုးမေပးရေအာင္ စြမ္းေဆာင္ေပးခဲ့သလို သူဟာ ခ်ယ္ဆီးရဲ႕ တရားဝင္ နံပါတ္ တစ္ ဂိုးသမားျဖစ္တယ္လို႔ လမ္းပတ္က ေၾကညာခဲ့ၿပီး လက္စြမ္းက်ဆင္းေနတဲ့ ကီပါကေတာ့ အနာဂတ္ မေရမရာ ျဖစ္လာခဲ့ပါတယ္။

ဗန္ဒိုက္လို ေနာက္ခံလူေကာင္း တစ္ေယာက္ မရွိေတာ့တာဟာ လီဗာပူးအတြက္ ဖလားၿပိဳင္ပြဲမွာ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈရွိႏိုင္တယ္လို႔ လမ္းပတ္က ဝန္ခံခဲ့ေပမယ့္ သူ႔ဒဏ္ရာကေန ျမန္ျမန္ ျပန္ေကာင္း လာဖို႔ ဆုေတာင္းေပးခဲ့ပါတယ္။

သေရ ရလဒ္နဲ႔ ခ်န္ပီယံလိဂ္ကို စတင္ခဲ့ရေပမယ့္လဲ ခ်ယ္ဆီးမွာ အေကာင္းျမင္စရာေတြ ရွိေနဆဲပါလို႔ ဘင္ခ်ီဝဲက ယုံၾကည္ေနၿပီး ဂိုး မေပးခဲ့ရတာဟာ ေဝဖန္ခံေနရတဲ့ ခံစစ္ေၾကာင္းရဲ႕ ပုံစံေကာင္းေတြကို ျပသခဲ့တာပါ လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ လိဂ္၅ပြဲမွာ ၂ပြဲသာ အႏိုင္ရခဲ့ၿပီး လမ္းပတ္လက္ေအာက္ ၄၃ပြဲမွာ ၆၃ဂိုး ေပးခဲ့ရတာနဲ႔အတူ သူ႔အေနနဲ႔ ကလပ္ကို လမ္းေၾကာင္းမွန္ဆီ ေရာက္ေအာင္ မပို႔ေပးႏိုင္ရင္ ဂ်ဴဗီနည္းျပေဟာင္း အယ္လီဂရီနဲ႔ အစားထိုးဖို႔ စဥ္းစားထားတယ္လို႔ သိရပါတယ္။

ဖရန႔္လမ္းပတ္ဟာ ေရွ႕ဆက္မယ့္ ပရီးမီးယားလိဂ္ ရာသီအတြက္ သူ႔ရဲ႕ ၂၅ေယာက္ လူစာရင္းမွာ အေရးေပၚအေနနဲ႔ ဂိုးသမား အသစ္ တစ္ေယာက္ ထပ္ထည့္ခဲ့ၿပီးသူကေတာ့ ကလပ္ဂႏၲဝင္ျဖစ္သလို လက္ရွိ နည္းစနစ္ အႀကံေပးျဖစ္တဲ့ ပီတာခ်က္ပဲ ျဖစ္ပါတယ္။

ပီတာခ်က္ကို ထည့္သြင္းခဲ့တာဟာ စိတ္ကူးယဥ္ဆန္တာ မဟုတ္ပဲ လက္ေတြ႕က်တဲ့ အေျခအေနအရ ဂိုးသမားေဟာင္းႀကီးဟာ အသင္းဂိုးသမားေလးေတြနဲ႔ အတူ ေလ့က်င့္ေနခဲ့ၿပီး ႀကံ့ခိုင္မႈ ျပည့္ဝေနဆဲ ျဖစ္လို႔ပါလို႔ လမ္းပတ္က ေျဖရွင္းခဲ့ပါတယ္။