တနင်္လာနေ့ နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းတိုများ

လီဗာပူးအသင်းဟာ ဘဏ္ဍာရေး အခက်အခဲကြောင့် အဓိက ကစားသမားတွေ ရောင်းထုတ်ရနိုင်တဲ့ စီးရီးအေကလပ် ရိုးမားအသင်းမှ ကွင်းလယ်လူ Nicolo Zaniolo ကို စောင့်ကြည့်နေတယ်လို့ အီတလီသတင်းတွေက ဖော်ပြလာပါတယ်။

အင်္ဂလန်သတင်းဌာနကြီး The Times မှ အားကစားဆိုင်ရာ အကြီးအကဲ Jonathan Northcroft က ပရီးမီးယားလိဂ်ဟာ ဦးဆောင်သူမရှိတဲ့ လိဂ်ဖြစ်နေပြီး မှန်ကန်တဲ့ ဦးတည်ချက်လည်း မရှိပါဘူးလို့ ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။

လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က လေ့ကျင့်ရေး ပြန်ဝင်ဖို့ ကိစ္စနဲ့ ပက်သက်ပြီး လီဗာပူးအသင်းသားတွေထဲမှာ ငြင်းဆန်သူ မရှိဘဲ အားလုံးက ညီညီညွှတ်ညွှတ် သဘောတူကြကြောင်း ထုတ်ပြောလိုက်ပါတယ်။

The Athletic မှ ဂျိမ်းပီရက်စ်က လီဗာပူးဘက်က နွေအပြောင်းအရွှေ့မှာ တီမိုဝါနာကို မခေါ်ယူနိုင်ဘူးဆိုရင် နောက်ထပ် တိုက်စစ်သမား အစားထိုးစရာ ထပ်ရှာသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်ရဲ့ အရည်အချင်းတစ်ရပ်က ဂိုးသမားနေရာကနေ ပွဲကို ဖတ်နေမှုဖြစ်ပြီး သူက ဖိအားတွေကို ကိုင်တွယ်နိုင်သလို အသင်းဖော်တွေအတွက် အခွင့်အရေး ဖန်တီးမှုတွေကို လုပ်ပေးနိုင်တယ်လို့ ပထမအသင်းနည်းပြက ထုတ်ပြောလာပါတယ်။

လီဗာပူးဟာ နာပိုလီခံစစ်မှူး ကိုလီဘာလီနဲ့ စပါးကွင်းလယ်လူ အန်ဒွမ်ဘီလီ တို့ကို ခေါ်ယူမှာ မဟုတ်သလို မန်နေဂျာကလော့ပ်က ခံစစ်မှူးသစ် ထပ်ခေါ်ဖို့ အစီအစဉ် မရှိသေးပါဘူး။

လီဗာပူးက ၅ နှစ်သက်တမ်းတိုးစာချုပ် ပေးပို့ခဲ့ပေမယ့် လူငယ်ကွင်းလယ်လူ ချီရီဗီလာဟာ အသင်းနဲ့ သက်တမ်းမတိုးပဲ အသင်းသစ်ကိုပဲ ပြောင်းရွှေ့လိမ့်မယ်လို့ မာဆေးဆိုဒ်အခြေစိုက် Liverpool Echo သတင်းက ဖော်ပြသွားပါတယ်။

အီတလီ အားကစားသတင်းထောက် Chloe Beresford က မာဆေးဆိုဒ်အခြေစိုက် သတင်းနဲ့ စကားပြောဆိုမှုမှာ နွေကပဲ ဖီအိုရင်တီးနားကို ပြောင်းသွားခဲ့တဲ့ ဒွန်းကန့်ဟာ အီတလီမှာ အဆင်မပြေဘဲ မကြာခင် အသင်းပြောင်းလိမ့်မယ်လို့ ပြောပြလာပါတယ်။

အင်္ဂါနေ့မှာ ပရီးမီးယားလိဂ်က လေ့ကျင့်ရေး ပြန်ဆင်းဖို့ ခွင့်ပြုမှာဖြစ်တာကြောင့် အကြို လုပ်ဆောင်မှုအဖြစ် လီဗာပူးအသင်းသားတွေနဲ့ ဝန်ထမ်းတွေ အပါအဝင် စုစုပေါင်း လူ ၄၀ ဟာ ခရာဘီကို ရောက်လာပြီး ကိုဗစ်စစ်ဆေးခံနေကြပါပြီ။

ZAWGYI

လီဗာပူးအသင္းဟာ ဘ႑ာေရး အခက္အခဲေၾကာင့္ အဓိက ကစားသမားေတြ ေရာင္းထုတ္ရႏုိင္တဲ့ စီးရီးေအကလပ္ ရိုးမားအသင္းမွ ကြင္းလယ္လူ Nicolo Zaniolo ကို ေစာင့္ၾကည့္ေနတယ္လို႔ အီတလီသတင္းေတြက ေဖာ္ျပလာပါတယ္။

အဂၤလန္သတင္းဌာနၾကီး The Times မွ အားကစားဆုိင္ရာ အၾကီးအကဲ Jonathan Northcroft က ပရီးမီးယားလိဂ္ဟာ ဦးေဆာင္သူမရွိတဲ့ လိဂ္ျဖစ္ေနျပီး မွန္ကန္တဲ့ ဦးတည္ခ်က္လည္း မရွိပါဘူးလို႔ ျပင္းထန္စြာ ေဝဖန္လိုက္ပါတယ္။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ေလ့က်င့္ေရး ျပန္ဝင္ဖို႔ ကိစၥနဲ႔ ပက္သက္ျပီး လီဗာပူးအသင္းသားေတြထဲမွာ ျငင္းဆန္သူ မရွိဘဲ အားလံုးက ညီညီညႊတ္ညႊတ္ သေဘာတူၾကေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

The Athletic မွ ဂ်ိမ္းပီရက္စ္က လီဗာပူးဘက္က ေႏြအေျပာင္းအေရႊ႔မွာ တီမိုဝါနာကို မေခၚယူႏုိင္ဘူးဆိုရင္ ေနာက္ထပ္ တိုက္စစ္သမား အစားထိုးစရာ ထပ္ရွာသြားမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

လီဗာပူးဂိုးသမား အယ္လီဆန္ရဲ႕ အရည္အခ်င္းတစ္ရပ္က ဂိုးသမားေနရာကေန ပဲြကို ဖတ္ေနမႈျဖစ္ျပီး သူက ဖိအားေတြကို ကိုင္တြယ္ႏုိင္သလို အသင္းေဖာ္ေတြအတြက္ အခြင့္အေရး ဖန္တီးမႈေတြကို လုပ္ေပးႏုိင္တယ္လို႔ ပထမအသင္းနည္းျပက ထုတ္ေျပာလာပါတယ္။

လီဗာပူးဟာ နာပိုလီခံစစ္မွဴး ကိုလီဘာလီနဲ႔ စပါးကြင္းလယ္လူ အန္ဒြမ္ဘီလီ တို႔ကို ေခၚယူမွာ မဟုတ္သလို မန္ေနဂ်ာကေလာ့ပ္က ခံစစ္မွဴးသစ္ ထပ္ေခၚဖို႔ အစီအစဥ္ မရွိေသးပါဘူး။

လီဗာပူးက ၅ ႏွစ္သက္တမ္းတိုးစာခ်ဳပ္ ေပးပို႔ခဲ့ေပမယ့္ လူငယ္ကြင္းလယ္လူ ခ်ီရီဗီလာဟာ အသင္းနဲ႔ သက္တမ္းမတိုးပဲ အသင္းသစ္ကိုပဲ ေျပာင္းေရႊ႔လိမ့္မယ္လို႔ မာေဆးဆိုဒ္အေျခစိုက္ Liverpool Echo သတင္းက ေဖာ္ျပသြားပါတယ္။

အီတလီ အားကစားသတင္းေထာက္ Chloe Beresford က မာေဆးဆိုဒ္အေျခစိုက္ သတင္းနဲ႔ စကားေျပာဆိုမႈမွာ ေႏြကပဲ ဖီအိုရင္တီးနားကို ေျပာင္းသြားခဲ့တဲ့ ဒြန္းကန္႔ဟာ အီတလီမွာ အဆင္မေျပဘဲ မၾကာခင္ အသင္းေျပာင္းလိမ့္မယ္လို႔ ေျပာျပလာပါတယ္။

အဂၤါေန႔မွာ ပရီးမီးယားလိဂ္က ေလ့က်င့္ေရး ျပန္ဆင္းဖို႔ ခြင့္ျပဳမွာျဖစ္တာေၾကာင့္ အၾကိဳ လုပ္ေဆာင္မႈအျဖစ္ လီဗာပူးအသင္းသားေတြနဲ႔ ဝန္ထမ္းေတြ အပါအဝင္ စုစုေပါင္း လူ ၄၀ ဟာ ခရာဘီကို ေရာက္လာျပီး ကိုဗစ္စစ္ေဆးခံေနၾကပါျပီ။