ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (31/10/20)

ယူနိုက်တက် နောက်ခံလူ လုခ်ရှောဟာ ၂၀၁၈ စက်တင်ဘာကတည်းက အင်္ဂလန် လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်မရခဲ့တာဖြစ်ပေမယ့် နောက်တစ်ပတ် အိုင်ယာလန်၊ ဘယ်လ်ဂျီယမ်၊ အိုက်စလန်တို့နဲ့ ပွဲတွေအတွက် သူ့ကို ဆောက်ဂိတ်က ပြန်ခေါ်တော့မှာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေ ရယူစိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်ပြီလို့ ပြောနိုင်ဖို့ စောသေးကြောင်း တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က သုံးသပ် ပြောဆိုသွားပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက အိုးထရက်ဖို့ဒ်မှာ ဂန်းနားတို့ အနိုင်မရတာ ၁၄ နှစ် နီးပါး ကြာမြင့်နေပြီ ဖြစ်တဲ့ မှတ်တမ်းဆိုးကို ဒီတစ်ပတ် ပွဲစဉ်မှာ ချေဖျက်ပြဖို့ စိတ်အားထက်သန်နေပြီး အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ် တိုက်စစ်သမား ဂျက်ဆီ လင်ဂတ်ဟာ အသင်း ထရိန်နင်မှာ ပြန်လည် ပါဝင် ပူးပေါင်းနေတာကို တွေ့ရပါတယ်။ လင်ဂတ်ဟာ ဒဏ်ရာကနေ ပြန်လည် ထူထောင်ရေးများ လုပ်ဆောင်နေပြီး သီတင်းပတ် အနည်းငယ်ကြာရင် ကြံ့ခိုင်မှု ပြည့်လာဖို့ ရှိနေပါတယ်။

ယူနိုက်တက်ဟာ ခံစစ်အခြေအနေ တိုးတက်ကောင်းမွန်ဖို့အတွက် ဗဟိုခံစစ်တစ်ယောက် ခေါ်ယူဖို့ လိုအပ်နေတာနဲ့အတူ လိုက်ပ်ဇစ်ကြယ်ပွင့် အူပါမီကာနိုက သူတို့အတွက် သင့်တော်တဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ ပေါလ်စခိုးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဒီရာသီ ပွဲပြီးခါနီးမှာချည်း ဂိုးတွေ သွင်းယူပေးနေတဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကို အာဆင်နယ်နဲ့ ပွဲမှာ ပွဲထွက်စာရင်းက မထည့်ဘဲ အရန်ကနေ ပါဝင်စေကာ လူစားဝင် ကစားသင့်ကြောင်း ပေါမာဆန်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ ေနာက္ခံလူ လုခ္ေရွာဟာ ၂၀၁၈ စက္တင္ဘာကတည္းက အဂၤလန္ လက္ေ႐ြးစင္အသင္းမွာ ပါဝင္ခြင့္မရခဲ့တာျဖစ္ေပမယ့္ ေနာက္တစ္ပတ္ အိုင္ယာလန္၊ ဘယ္လ္ဂ်ီယမ္၊ အိုက္စလန္တို႔နဲ႔ ပြဲေတြအတြက္ သူ႔ကို ေဆာက္ဂိတ္က ျပန္ေခၚေတာ့မွာပါ။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္နဲ႕ ခ်န္ပီယံလိဂ္ ဖလားေတြ ရယူစိန္ေခၚနုိင္တဲ့ အသင္း ျဖစ္ျပီလို႔ ေျပာနုိင္ဖို႔ ေစာေသးေၾကာင္း တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က သံုးသပ္ ေျပာဆိုသြားပါတယ္။

အာဆင္နယ္ နည္းျပ အာတီတာက အိုးထရက္ဖို႔ဒ္မွာ ဂန္းနားတို႔ အနိုင္မရတာ ၁၄ နွစ္ နီးပါး ၾကာျမင့္ေနျပီ ျဖစ္တဲ့ မွတ္တမ္းဆိုးကို ဒီတစ္ပတ္ ပြဲစဥ္မွာ ေခ်ဖ်က္ျပဖို႔ စိတ္အားထက္သန္ေနျပီး အေကာင္းဆံုး ၾကိဳးစားသြားမယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ယူနိုက္တက္ ကြင္းလယ္ တိုက္စစ္သမား ဂ်က္ဆီ လင္ဂတ္ဟာ အသင္း ထရိန္နင္မွာ ျပန္လည္ ပါ၀င္ ပူးေပါင္းေနတာကို ေတြ႔ရပါတယ္။ လင္ဂတ္ဟာ ဒဏ္ရာကေန ျပန္လည္ ထူေထာင္ေရးမ်ား လုပ္ေဆာင္ေနျပီး သီတင္းပတ္ အနည္းငယ္ၾကာရင္ ၾကံ႕ခိုင္မႈ ျပည့္လာဖို႔ ရွိေနပါတယ္။

ယူႏိုက္တက္ဟာ ခံစစ္အေျခအေန တိုးတက္ေကာင္းမြန္ဖို႔အတြက္ ဗဟိုခံစစ္တစ္ေယာက္ ေခၚယူဖို႔ လိုအပ္ေနတာနဲ႔အတူ လိုက္ပ္ဇစ္ၾကယ္ပြင့္ အူပါမီကာႏိုက သူတို႔အတြက္ သင့္ေတာ္တဲ့ ကစားသမားမ်ိဳး ျဖစ္တယ္လို႔ ေပါလ္စခိုးက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ဒီရာသီ ပြဲျပီးခါနီးမွာခ်ည္း ဂိုးေတြ သြင္းယူေပးေနတဲ့ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ကို အာဆင္နယ္နဲ႕ ပြဲမွာ ပြဲထြက္စာရင္းက မထည့္ဘဲ အရန္ကေန ပါ၀င္ေစကာ လူစား၀င္ ကစားသင့္ေၾကာင္း ေပါမာဆန္က တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။