ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (07/11/20)

အိုးလ်ထရက်ဖို့ဒ်မှာ အနာဂတ် မရေမရာဖြစ်နေတဲ့ နည်းပြ ဆိုးလ်ရှားကို ပက်ထရစ်အီဗရာက ကာကွယ်ပြောဆို ပေးခဲ့ပြီး ယူနိုက်တက်အနေနဲ့ တိုးတက်ချင်ရင် နည်းပြကို ထုတ်ဖို့ထက် ဘုတ်အဖွဲ့ကို အရင် ထုတ်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပိုချက်တီနိုဟာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ သတင်းတွေပိုကြီးမားလာနေတာဖြစ်သလို ယူနိုက်တက်ရဲ့ နည်းပြနေရာကို မျက်စိကျနေတာကြောင့် ဘာစီလိုနာ နည်းပြသစ် ဖြစ်လာနိုင်တဲ့အခွင့်အရေးကို ၂ကြိမ်တိုင် ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ ပုံမှန်စာချုပ်အတိုင်းဆို သူ့အနေနဲ့ ဇန်နဝါရီ ၁ရက်ကနေစလို့ ပြည်ပကလပ်တွေနဲ့ အကြိုစာချုပ်သဘောတူညီမှုရဖို့ ဆွေးနွေးနိုင်မှာ ဖြစ်ပေမယ့် ယူနိုက်တက်က ၁၂လ သက်တမ်းတိုးခဲ့တာကြောင့် စိတ်ပျက်နေတာဖြစ်ပါတယ်။

နည်းပြ အပြောင်းအလဲဖြစ်နိုင်ဖွယ်ရှိတဲ့ သတင်းတွေ ကျယ်ပြန့်လာပေမယ့် ဆိုးလ်ရှားကတော့ ဘာဖိအားမှ မခံစားရနေပဲ သူဟာ ကလပ်ကို ပြောင်းလဲပေးနိုင်မယ့် သူအဖြစ် အကြီးအကဲတွေရဲ့ထောက်ခံမှု ရရှိထားဆဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

အဲလက်စ်တဲလက်စ်ဟာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရပေမယ့် အခုချိန်မှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်နေပြီဖြစ်သလို အဲဗာတန်နဲ့ ကစားရမယ့်ပွဲ အတွက် ယူနိုက်တက်ရဲ့ လူစာရင်းမှာ ပါဝင်လာမှာဖြစ်ကြောင်း ကလပ်က အတည်ပြုခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဆိုးဝါးတဲ့ ရလဒ်တွေနောက်ကွယ်မှာ ကစားသမားတွေက ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေခဲ့တာအတွက် တာဝန်ခံမှုရှိရမယ်လို့ ဂရေမီဆောင်းနက်က ယုံကြည်နေပြီး ဆိုးလ်ရှားမှာ အပြစ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – အိုးလ္ထရက္ဖို႔ဒ္မွာ အနာဂတ္ မေရမရာျဖစ္ေနတဲ့ နည္းျပ ဆိုးလ္ရွားကို ပက္ထရစ္အီဗရာက ကာကြယ္ေျပာဆို ေပးခဲ့ၿပီး ယူႏိုက္တက္အေနနဲ႔ တိုးတက္ခ်င္ရင္ နည္းျပကို ထုတ္ဖို႔ထက္ ဘုတ္အဖြဲ႕ကို အရင္ ထုတ္သင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ပိုခ်က္တီႏိုဟာ ပရီးမီးယားလိဂ္ကို ျပန္လာဖို႔ သတင္းေတြပိုႀကီးမားလာေနတာျဖစ္သလို ယူႏိုက္တက္ရဲ႕ နည္းျပေနရာကို မ်က္စိက်ေနတာေၾကာင့္ ဘာစီလိုနာ နည္းျပသစ္ ျဖစ္လာႏိုင္တဲ့အခြင့္အေရးကို ၂ႀကိမ္တိုင္ ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

ေပါ့ဘာဟာ ပုံမွန္စာခ်ဳပ္အတိုင္းဆို သူ႔အေနနဲ႔ ဇန္နဝါရီ ၁ရက္ကေနစလို႔ ျပည္ပကလပ္ေတြနဲ႔ အႀကိဳစာခ်ဳပ္သေဘာတူညီမႈရဖို႔ ေဆြးေႏြးႏိုင္မွာျဖစ္ေပမယ့္ ယူႏိုက္တက္က ၁၂လ သက္တမ္းတိုးခဲ့တာေၾကာင့္ စိတ္ပ်က္ေနတာျဖစ္ပါတယ္။

နည္းျပ အေျပာင္းအလဲျဖစ္ႏိုင္ဖြယ္ရွိတဲ့ သတင္းေတြ က်ယ္ျပန႔္လာေပမယ့္ ဆိုးလ္ရွားကေတာ့ ဘာဖိအားမွ မခံစားရေနပဲ သူဟာ ကလပ္ကို ေျပာင္းလဲေပးႏိုင္မယ့္ သူအျဖစ္ အႀကီးအကဲေတြရဲ႕ေထာက္ခံမႈ ရရွိထားဆဲျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

အဲလက္စ္တဲလက္စ္ဟာ ကိုဗစ္ေရာဂါပိုး ကူးစက္ခံခဲ့ရေပမယ့္ အခုခ်ိန္မွာ ေလ့က်င့္ေရး ျပန္ဆင္းႏိုင္ေနၿပီျဖစ္သလို အဲဗာတန္နဲ႔ ကစားရမယ့္ပြဲ အတြက္ ယူႏိုက္တက္ရဲ႕ လူစာရင္းမွာ ပါဝင္လာမွာျဖစ္ေၾကာင္း ကလပ္က အတည္ျပဳခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ ဆိုးဝါးတဲ့ ရလဒ္ေတြေနာက္ကြယ္မွာ ကစားသမားေတြက ပုံမွန္ေျခစြမ္းေအာက္ က်ဆင္းေနခဲ့တာအတြက္ တာဝန္ခံမႈရွိရမယ္လို႔ ဂေရမီေဆာင္းနက္က ယုံၾကည္ေနၿပီး ဆိုးလ္ရွားမွာ အျပစ္မရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။