အက်စ်တွန်ဗီလာကို ၃-၀ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီဟာ ပွဲအပေါ် စိတ်ဝင်စားမှု မရှိခဲ့ဘူးလို့ စတန်ကော်လီမိုးက စွပ်စွဲခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ဟာလဲ မြင်ဖူးသမျှ ပရီးမီးယားလိဂ် တိုက်စစ်မှူးတွေထဲမှာ အဆိုးဆုံးပဲလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
မာတီနယ်လီဟာ အမ်းမရိတ်စ်ကို ရောက်လာပြီးကတည်းက ပရိသတ် အချစ်တော် ကစားသမားဖြစ်ခဲ့ပြီး မနှစ်က ၎င်းရဲ့ပွဲဦးထွက်မှာ ၁၀ ဂိုး သွင်းနိုင်ခဲ့သလို အာဆင်နယ် တိုက်စစ်မှူးဟောင်းကမ့်ဘဲက သူ့ကို ဘရာဇီးရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။
ဗီလာနဲ့ ပွဲချိန်အစောပိုင်းကတည်းက အာဆင်နယ်ဟာ ပုံစံ ပျက်ယွင်းနေခဲ့ပြီး ဂျွန်မက်ဂင်းရဲ့ ၃ မိနစ်ဂိုးက လူကျွံဘောဖြစ်ခဲ့သလို ပွဲအစ ခရာမှုတ် ကတည်းက သူတို့ဒုက္ခရောက်တော့မယ်ဆိုတာ သိခဲ့တယ်လို့ နည်းပြ အာတီတာက ဝန်ခံခဲ့ပါတယ်။
ဂိုးသမား အီမီလီယာနို မာတီနက်ဇ် ဟာ အာဆင်နယ်အတွက် ရာသီအဖွင့်ပွဲမှာ ကစားခွင့် ရ မရ ဆိုတာကို ကလပ်ထံမေးမြန်းခဲ့ပြီး သူ့အတွက် ပွဲထွက်ခွင့်ကို အာမ မခံပေးခဲ့တာကြောင့် ဗီလာထံပြောင်းရွှေ့ခွင့်ပေးဖို့ အာတီတာထံ မက်ဆေ့ခ်ျပို့ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ အင်အားကြီးအသင်းအဖြစ် သတ်မှတ်ခံချင်ရင် ဗီလာနဲ့ပွဲကလို အမှားမျိုး ထပ်ဖြစ်မှာကို လက်မခံပေးနိုင်ဘူးလို့ အာတီတာက ကစားသမားတွေကို သတိပေးခဲ့ပြီး ပွဲတိုင်း အနိုင်ယူရမယ်ဆိုတဲ့ စိတ်မျိုး ထားရှိရမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဂန်းနားတွေဟာ နွေရာသီမှာ အော်ဝါကို ခေါ်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဖန်တီးနိုင်စွမ်းရှိတဲ့ ကွင်းလယ်ကစားသမား တစ်ယောက်ကို ပစ်မှတ်ထား အရခေါ်သင့်တယ်လို့ အီယန်ရိုက်က တိုက်တွန်းခဲ့ပါတယ်။
ပါတေးဟာ ဗီလာနဲ့ပွဲမှာ ရခဲ့တဲ့ ပေါင်တံဒဏ်ရာကို စစ်ဆေးမှု လုပ်နေပြီး ရလဒ်ကို စောင့်နေရသလို ဒဏ်ရာကနေ မြန်မြန် ပြန်ကောင်းလာဖို့ အတွက် နိုင်ငံအသင်းနဲ့ သွားရောက်ပူးပေါင်းတော့မှာမဟုတ်ပဲ အာဆင်နယ်မှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ် လူစာရင်းမှာ မပါဝင်ခဲ့ရတဲ့ အိုဇေးဟာ နောက်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ရင် အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ် ဂလက်ဆီက သူ့ကိုခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။
Zawgyi – အက္စ္တြန္ဗီလာကို ၃-၀ နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ အာဆင္နယ္ တိုက္စစ္မွဴး လာကာဇက္တီဟာ ပြဲအေပၚ စိတ္ဝင္စားမႈ မရွိခဲ့ဘူးလို႔ စတန္ေကာ္လီမိုးက စြပ္စြဲခဲ့ၿပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္ဟာလဲ ျမင္ဖူးသမွ် ပရီးမီးယားလိဂ္ တိုက္စစ္မႉးေတြထဲမွာ အဆိုးဆုံးပဲလို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။
မာတီနယ္လီဟာ အမ္းမရိတ္စ္ကို ေရာက္လာၿပီးကတည္းက ပရိသတ္ အခ်စ္ေတာ္ ကစားသမားျဖစ္ခဲ့ၿပီး မႏွစ္က ၎ရဲ႕ပြဲဦးထြက္မွာ ၁၀ ဂိုး သြင္းႏိုင္ခဲ့သလို အာဆင္နယ္ တိုက္စစ္မႉးေဟာင္းကမ့္ဘဲက သူ႔ကို ဘရာဇီးေရာ္နယ္ဒိုနဲ႔ ခိုင္းႏႈိင္းေျပာဆိုခဲ့ပါတယ္။
ဗီလာနဲ႔ ပြဲခ်ိန္အေစာပိုင္းကတည္းက အာဆင္နယ္ဟာ ပုံစံ ပ်က္ယြင္းေနခဲ့ၿပီး ဂြၽန္မက္ဂင္းရဲ႕ ၃ မိနစ္ဂိုးက လူကြၽံေဘာျဖစ္ခဲ့သလို ပြဲအစ ခရာမႈတ္ ကတည္းက သူတို႔ဒုကၡေရာက္ေတာ့မယ္ဆိုတာ သိခဲ့တယ္လို႔ နည္းျပ အာတီတာက ဝန္ခံခဲ့ပါတယ္။
ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ ဟာ အာဆင္နယ္အတြက္ ရာသီအဖြင့္ပြဲမွာ ကစားခြင့္ ရ မရ ဆိုတာကို ကလပ္ထံေမးျမန္းခဲ့ၿပီး သူ႔အတြက္ ပြဲထြက္ခြင့္ကို အာမ မခံေပးခဲ့တာေၾကာင့္ ဗီလာထံေျပာင္းေ႐ႊ႕ခြင့္ေပးဖို႔ အာတီတာထံ မက္ေဆ့ခ္်ပို႔ခဲ့တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
အာဆင္နယ္အေနနဲ႔ အင္အားႀကီးအသင္းအျဖစ္ သတ္မွတ္ခံခ်င္ရင္ ဗီလာနဲ႔ပြဲကလို အမွားမ်ိဳး ထပ္ျဖစ္မွာကို လက္မခံေပးႏိုင္ဘူးလို႔ အာတီတာက ကစားသမားေတြကို သတိေပးခဲ့ၿပီး ပြဲတိုင္း အႏိုင္ယူရမယ္ဆိုတဲ့ စိတ္မ်ိဳး ထားရွိရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဂန္းနားေတြဟာ ေႏြရာသီမွာ ေအာ္ဝါကို ေခၚဖို႔ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တာေၾကာင့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ ဖန္တီးႏိုင္စြမ္းရွိတဲ့ ကြင္းလယ္ကစားသမား တစ္ေယာက္ကို ပစ္မွတ္ထား အရေခၚသင့္တယ္လို႔ အီယန္႐ိုက္က တိုက္တြန္းခဲ့ပါတယ္။
ပါေတးဟာ ဗီလာနဲ႔ပြဲမွာ ရခဲ့တဲ့ ေပါင္တံဒဏ္ရာကို စစ္ေဆးမႈ လုပ္ေနၿပီး ရလဒ္ကို ေစာင့္ေနရသလို ဒဏ္ရာကေန ျမန္ျမန္ ျပန္ေကာင္းလာဖို႔ အတြက္ ႏိုင္ငံအသင္းနဲ႔ သြားေရာက္ပူးေပါင္းေတာ့မွာမဟုတ္ပဲ အာဆင္နယ္မွာပဲ ဆက္ရွိေနမွာျဖစ္ပါတယ္။
အာဆင္နယ္ရဲ႕ ယူ႐ိုပါလိဂ္နဲ႔ ပရီးမီးယားလိဂ္ လူစာရင္းမွာ မပါဝင္ခဲ့ရတဲ့ အိုေဇးဟာ ေနာက္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ရင္ အသင္းကေန ထြက္ခြာေတာ့မွာျဖစ္ၿပီး ေမဂ်ာလိဂ္ကလပ္ ေလာ့စ္အိန္ဂ်လိစ္ ဂလက္ဆီက သူ႔ကိုေခၚဖို႔ စိတ္ဝင္စားေနပါတယ္။