ပြီးခဲ့တဲ့ ရာသီက ရောက်ခဲ့တဲ့ ဖလား ဆီမီးဖိုင်နယ် ပွဲ ၃ ပွဲထဲမှာ တစ်ပွဲသာ အနိုင်ရပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့ရင် ယူနိုက်တက်ရဲ့ ဒီရာသီ အခြေအနေက တမျိုးတဖုံ ပြောင်းလဲသွားနိုင်ပြီး ဆိုးရှားလဲ အပြောခံနေရမှာ မဟုတ်ကြောင်း အန်ဒီ ကိုးလ်က သုံးသပ်ပြောဆိုခဲ့ပါတယ်။
နယ်သာလန်အသင်းနဲ့ အတူ ရှိစဉ် ခြေစွမ်းပြနေခဲ့တဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်က ကလပ်အသင်းမှာ ပွဲကစားချိန် ပိုမို ရရှိလိုကြောင်း ဝန်ခံခဲ့ပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ယူနိုက်တက် ကစားသမားတွေဟာ ဆိုးလ်ရှားကို ထောက်ခံနေဆဲဖြစ်ပေမယ့် ကလပ်မှာ နည်းပြရဲ့ အဓိက ပြဿနာက စိတ်ပျက်စရာခံစစ်ပဲဖြစ်ပြီး လိဂ်အိမ်ကွင်း၄ပွဲမှာ ၃ပွဲရှုံးပြီး ၁၀ဂိုးပေးရတာက စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း ဘာဘာတော့ဗ်က ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်နဲ့ မန်စီးတီးဟာ ရက်ဘူးလိုက်ပ်ဇစ်ကနေ အူပါမီကာနိုကို ခေါ်ယူချင်ကြောင်း အတည်ပြုခဲ့ပေမယ့် နောက်ခံလူဟာ ကလပ်နဲ့ ၂၀၂၃ မတိုင်ခင်အထိ စာချုပ်ချုပ်ထားတာဖြစ်ပြီး နောက်နွေရာသီမှသာ ပေါင် သန်း၄၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မှာပါ။
နိုင်ငံအသင်းတွေနဲ့ သွားရောက် မပူးပေါင်းဖြစ်တဲ့ ယူနိုက်တက် အသင်းသားတွေဟာ ကာရင်တန်မှာ လေ့ကျင့်ရေးတွေ ပူးပေါင်းပြုလုပ်နေကြပြီး မာတစ်၊ မာတာတို့လို ဝါရင့် ကစားသမားတွေနဲ့ ပယ်လစ္စထီလို လူငယ်တွေ ပါဝင်ခဲ့ကြပါတယ်။
ကွင်းလယ် တိုက်စစ်သမား ဂျက်ဆီ လင်ဂတ်ကတော့ ထရိန်နင်မှာ မပူးပေါင်းနိုင်သေးဘဲ ဒဏ်ရာကနေ ပြန်လည် ထူထောင်ရေးများ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
Zawgyi – ျပီးခဲ့တဲ့ ရာသီက ေရာက္ခဲ့တဲ့ ဖလား ဆီမီးဖိုင္နယ္ ပြဲ ၃ ပြဲထဲမွာ တစ္ပြဲသာ အနုိင္ရျပီး ေနာက္တစ္ဆင့္ တက္နိုင္ခဲ့ရင္ ယူနိုက္တက္ရဲ႕ ဒီရာသီ အေျခအေနက တမ်ိဳးတဖံု ေျပာင္းလဲသြားနိုင္ျပီး ဆိုးရွားလဲ အေျပာခံေနရမွာ မဟုတ္ေၾကာင္း အန္ဒီ ကိုးလ္က သံုးသပ္ေျပာဆိုခဲ့ပါတယ္။
နယ္သာလန္အသင္းနဲ႕ အတူ ရွိစဥ္ ေျခစြမ္းျပေနခဲ့တဲ့ ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္က ကလပ္အသင္းမွာ ပြဲကစားခ်ိန္ ပိုမို ရရွိလိုေၾကာင္း ၀န္ခံခဲ့ျပီး စိတ္ရွည္စြာ ေစာင့္ဆိုင္းေနတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
ယူႏိုက္တက္ ကစားသမားေတြဟာ ဆိုးလ္ရွားကို ေထာက္ခံေနဆဲျဖစ္ေပမယ့္ ကလပ္မွာ နည္းျပရဲ႕ အဓိက ျပႆနာက စိတ္ပ်က္စရာခံစစ္ပဲျဖစ္ၿပီး လိဂ္အိမ္ကြင္း၄ပြဲမွာ ၃ပြဲရႈံးၿပီး ၁၀ဂိုးေပးရတာက စိုးရိမ္စရာအေျခအေနျဖစ္ေၾကာင္း ဘာဘာေတာ့ဗ္က ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္နဲ႔ မန္စီးတီးဟာ ရက္ဘူးလိုက္ပ္ဇစ္ကေန အူပါမီကာႏိုကို ေခၚယူခ်င္ေၾကာင္း အတည္ျပဳခဲ့ေပမယ့္ ေနာက္ခံလူဟာ ကလပ္နဲ႔ ၂၀၂၃ မတိုင္ခင္အထိ စာခ်ဳပ္ခ်ဳပ္ထားတာျဖစ္ၿပီး ေနာက္ေႏြရာသီမွသာ ေပါင္ သန္း၄၀ ဝန္းက်င္နဲ႔ ေခၚယူႏိုင္မွာပါ။
နိုင္ငံအသင္းေတြနဲ႕ သြားေရာက္ မပူးေပါင္းျဖစ္တဲ့ ယူနိုက္တက္ အသင္းသားေတြဟာ ကာရင္တန္မွာ ေလ့က်င့္ေရးေတြ ပူးေပါင္းျပဳလုပ္ေနၾကျပီး မာတစ္၊ မာတာတို႔လို ၀ါရင့္ ကစားသမားေတြနဲ႕ ပယ္လစၥထီလို လူငယ္ေတြ ပါ၀င္ခဲ့ၾကပါတယ္။
ကြင္းလယ္ တိုက္စစ္သမား ဂ်က္ဆီ လင္ဂတ္ကေတာ့ ထရိန္နင္မွာ မပူးေပါင္းနုိင္ေသးဘဲ ဒဏ္ရာကေန ျပန္လည္ ထူေထာင္ေရးမ်ား လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။