ရုန်းကန်နေရတဲ့ မက်ဂွိုင်းယားဟာ ဆောက်ဂိတ်ရဲ့ ယုံကြည်ပေးမှုအတွက် ပြန်လည်ပေးဆပ်ခဲ့ပြီး ဆန်ချို၊ ကယ်ဗတ်လီဝင်တို့နဲ့အတူ ၁ဂိုးစီ သွင်းယူခဲ့ကာ ၃၅နှစ်ကြာ မနိုင်ခဲ့တဲ့ အိုင်ယာလန်ကို ၃-ဝနဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။
မားကပ်ရက်ရှ်ဖို့ဒ်ဟာ ပုခုံးဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးတာကြောင့် ကော်နာ ကုတ်ဒီနဲ့အတူ နောက်တစ်ပတ် အိုက်စလန်နဲ့ ပွဲကို လွဲချော်မှာဖြစ်ကြောင်း အင်္ဂလန် နည်းပြ ဆောက်ဂိတ်က အတည်ပြုခဲ့ပါတယ်။
ယူနိုက်တက်ဟာ လိဂ် အဖွင့်၇ပွဲမှာ ၃ပွဲရှုံးပြီး အဆင့်၁၄ နေရာကို ရောက်နေကာ ပိုချက်တီနိုကို နည်းပြသစ်ခန့်ဖို့ သတင်းထွက်နေပေမယ့်လဲ ကလပ်က နည်းပြဆိုးလ်ရှားအပေါ် လုံးဝ ထောက်ခံကြောင်း အက်ဝုဒ်ဝဒ်က ပြောဆိုခဲ့ပါတယ်။
မက်တော်မီနေးရဲ့ စကော့တလန်အသင်းဟာ မနေ့က ဆားဘီးယားနဲ့ ယူရိုခြေစစ်ပွဲမှာ မိနစ်၉၀အတွင်း ၁ဂိုးစီ သရေကျခဲ့တဲ့နောက် ပင်နယ်တီ အဆုံးအဖြတ်မှာ ၅-၄နဲ့ အနိုင်ရခဲ့ပြီး ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ယူရိုပြိုင်ပွဲဝင်ခွင့်ရရှိခဲ့ပါတယ်။
ကမ်ဘရီရန် ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ မနေ့ညကပွဲရဲ့ ဒုတိယပိုင်းမှာ နစ်ခ်ပုပ်အစား လူစားဝင်လာခဲ့ပြီး အင်္ဂလန်အသင်းအတွက် ပထမဆုံး စီနီယာ ပွဲဦးထွက်ရရှိခဲ့သလို ဂိုးမပေးရအောင် ထိန်းသိမ်းနိုင်ခဲ့ပြီး အဆုံးသတ်မှာ အိုင်ယာလန်ကို ၃-ဝနဲ့ နိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်က ရော်နယ်ဒိုကို ရောင်းချရဖို့ရှိနေသလို ယူနိုက်တက်ဟာ နောက်နွေရာသီမှာ ရော်နယ်ဒိုကို အိုးလ်ထရက်ဖို့ဒ်ကို ပြန်ခေါ်ဖို့အတွက် အံ့အားသင့်ဖွယ် ကမ်းလှမ်းမှု လုပ်နိုင်ပြီး အေးဂျင့် ဂျော့မန်ဒက်စ်ထံ တရားဝင် စုံစမ်းမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Zawgyi – ႐ုန္းကန္ေနရတဲ့ မက္ဂြိဳင္းယားဟာ ေဆာက္ဂိတ္ရဲ႕ ယုံၾကည္ေပးမႈအတြက္ ျပန္လည္ေပးဆပ္ခဲ့ၿပီး ဆန္ခ်ိဳ၊ ကယ္ဗတ္လီဝင္တို႔နဲ႔အတူ ၁ဂိုးစီ သြင္းယူခဲ့ကာ ၃၅ႏွစ္ၾကာ မႏိုင္ခဲ့တဲ့ အိုင္ယာလန္ကို ၃-၀နဲ႔ အႏိုင္ရရွိေအာင္ ကူညီေပးခဲ့ပါတယ္။
မားကပ္ရက္ရွ္ဖို႔ဒ္ဟာ ပုခုံးဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာျခင္း မရွိေသးတာေၾကာင့္ ေကာ္နာ ကုတ္ဒီနဲ႔အတူ ေနာက္တစ္ပတ္ အိုက္စလန္နဲ႔ ပြဲကို လြဲေခ်ာ္မွာျဖစ္ေၾကာင္း အဂၤလန္ နည္းျပ ေဆာက္ဂိတ္က အတည္ျပဳခဲ့ပါတယ္။
ယူႏိုက္တက္ဟာ လိဂ္ အဖြင့္၇ပြဲမွာ ၃ပြဲရႈံးၿပီး အဆင့္၁၄ ေနရာကို ေရာက္ေနကာ ပိုခ်က္တီႏိုကို နည္းျပသစ္ခန္႕ဖို႔ သတင္းထြက္ေနေပမယ့္လဲ ကလပ္က နည္းျပဆိုးလ္ရွားအေပၚ လုံးဝ ေထာက္ခံေၾကာင္း အက္ဝုဒ္ဝဒ္က ေျပာဆိုခဲ့ပါတယ္။
မက္ေတာ္မီေနးရဲ႕ စေကာ့တလန္အသင္းဟာ မေန႔က ဆားဘီးယားနဲ႔ ယူ႐ိုေျခစစ္ပြဲမွာ မိနစ္၉၀အတြင္း ၁ဂိုးစီ သေရက်ခဲ့တဲ့ေနာက္ ပင္နယ္တီ အဆုံးအျဖတ္မွာ ၅-၄နဲ႔ အႏိုင္ရခဲ့ၿပီး ၂၂ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ယူ႐ိုၿပိဳင္ပြဲဝင္ခြင့္ရရွိခဲ့ပါတယ္။
ကမ္ဘရီရန္ ဂိုးသမား ဒင္းဟန္ဒါဆန္ဟာ မေန႔ညကပြဲရဲ႕ ဒုတိယပိုင္းမွာ နစ္ခ္ပုပ္အစား လူစားဝင္လာခဲ့ၿပီး အဂၤလန္အသင္းအတြက္ ပထမဆုံး စီနီယာ ပြဲဦးထြက္ရရွိခဲ့သလို ဂိုးမေပးရေအာင္ ထိန္းသိမ္းႏိုင္ခဲ့ၿပီး အဆုံးသတ္မွာ အိုင္ယာလန္ကို ၃-၀နဲ႔ ႏိုင္ခဲ့ပါတယ္။
ဂ်ဴဗင္တပ္က ေရာ္နယ္ဒိုကို ေရာင္းခ်ရဖို႔ရွိေနသလို ယူႏိုက္တက္ဟာ ေနာက္ေႏြရာသီမွာ ေရာ္နယ္ဒိုကို အိုးလ္ထရက္ဖို႔ဒ္ကို ျပန္ေခၚဖို႔အတြက္ အံ့အားသင့္ဖြယ္ ကမ္းလွမ္းမႈ လုပ္ႏိုင္ၿပီး ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္ထံ တရားဝင္ စုံစမ္းမႈလုပ္ခဲ့တယ္လို႔ သိရပါတယ္။