ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (15/11/20)

မနေ့က တီမိုဗာနာဟာ ဂျာမနီအသင်းနဲ့အတူ လိုက်ပ်ဇစ်မြို့ကို တစ်ဖန်ပြန်ရောက်ခဲ့ပြီး ယူကရိန်းကို ၃-၁နဲ့ နိုင်ခဲ့တဲ့ပွဲမှာ နိုင်ငံအတွက် အနိုင်ဂိုး၂ဂိုး သွင်းယူပေးခဲ့တဲ့နောက် ဂျာမနီက ပိုပိုကောင်းလာနေပြီလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ကွင်းလယ်လူ ကန်တေကတော့ ပေါ်တူဂီနဲ့ တွေ့ဆုံခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပြီး ပြင်သစ်ကို နေးရှင်းလိဂ်ဖိုင်နယ်ပွဲအဆင့်ကို ရောက်ရှိစေခဲ့လို ဒါက သူ့ရဲ့ ဒုတိယမြောက် နိုင်ငံတကာသွင်းဂိုးလဲ ဖြစ်ခဲ့ပါတယ်။

ရိစ်ဂျိမ်းစ်ဟာ အင်္ဂလန်အသင်းမှာ ပြိုင်ပွဲ ၂ပွဲပယ်ခံထားရပေမယ့် ခြေစမ်းပွဲမှာ ပါဝင်နိုင်တာ ဖြစ်သလို သူ့ရဲ့အရည်အချင်းကို ဆောက်ဂိတ်က ယုံကြည်ပြီး အိုင်ယာလန်ကို ၃-ဝနဲ့နိုင်ခဲ့တဲ့ပွဲမှာ ပါဝင်စေခဲ့တဲ့ အတွက် ပျော်ရွှင်နေပါတယ်။

ဝက်စ်ဘရွန်းကို အငှားချခံထားရတဲ့ ချယ်ဆီးကြယ်ပွင့် ကော်နာ ဂယ်လာဂါဟာ အန်ဒိုရာကို ၃-၁နဲ့နိုင်ခဲ့တဲ့ အင်္ဂလန်ယူ၂၁ အသင်းမှာပါဝင်ခဲ့သလို နိုင်ငံနဲ့ကလပ်မှာ သူ ကောင်းကောင်းလုပ်နေတာကို ချယ်ဆီးက စောင့်ကြည့်နေဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရာသီအစမှာ ရုန်းကန်ခဲ့ရတဲ့ ချယ်ဆီးဟာ မကြာသေးမီကမှ ပုံစံကောင်းတွေ ပြန်လည်ရရှိနေခဲ့တဲ့နောက် နောက်နှစ်အနည်းငယ်အတွင်း ဆုဖလားတွေများစွာ အောင်မြင်နိုင်ဖို့ လိုအပ်တဲ့ အရည်အသွေးတွေ ရှိနေပြီလို့ ဘင်ချီဝဲက ယုံကြည်နေပါတယ်။

အင်တာမီလန်ဟာ နည်းပြကွန်တီရဲ့ စိတ်ကြိုက်ဖြစ်တဲ့ ချယ်ဆီးကွင်းလယ်လူ ကန်တေကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် လိုအပ်တဲ့ အသုံးစရိတ်ရရှိဖို့ အီလတီမှာ ရုန်းကန်ခဲ့ရတဲ့ ခရစ္စတီယန် အဲရစ်ဆင်ကို ရောင်းချရမှာဖြစ်ပါတယ်။

နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိနေတဲ့ကြားက တိုက်စစ်မှူး ဂျီရူးဟာ ချယ်ဆီးမှာ ဆက်နေဖို့ သဘောတူခဲ့ပေမယ့် ဝက်စ်ဟမ်းကတော့ ဇန်နဝါရီမှာ သူ့ကိုပေါင်၇သန်းနဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ် လို့ သိရပါတယ်။

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းမှာ ဂျက်ဂရီးလစ်ရှ်အစား မေဆန်မောင့်ကို မကြာခဏ ပွဲထုတ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ရှိနေပေမယ့် မောင့်ဟာ ဘယ်အသင်းမှာမဆို အဓိက ကစားသမားဖြစ်လိမ့်မယ်လို့ ဒီကလန်ရိုက်စ်က ထောက်ခံပြောဆိုခဲ့ပါတယ်။

Zawgyi – မေန႔က တီမိုဗာနာဟာ ဂ်ာမနီအသင္းနဲ႔အတူ လိုက္ပ္ဇစ္ၿမိဳ႕ကို တစ္ဖန္ျပန္ေရာက္ခဲ့ၿပီး ယူကရိန္းကို ၃-၁နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ႏိုင္ငံအတြက္ အႏိုင္ဂိုး၂ဂိုး သြင္းယူေပးခဲ့တဲ့ေနာက္ ဂ်ာမနီက ပိုပိုေကာင္းလာေနၿပီလို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီး ကြင္းလယ္လူ ကန္ေတကေတာ့ ေပၚတူဂီနဲ႔ ေတြ႕ဆုံခဲ့တဲ့ပြဲမွာ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူခဲ့ၿပီး ျပင္သစ္ကို ေနးရွင္းလိဂ္ဖိုင္နယ္ပြဲအဆင့္ကို ေရာက္ရွိေစခဲ့လို ဒါက သူ႔ရဲ႕ ဒုတိယေျမာက္ ႏိုင္ငံတကာသြင္းဂိုးလဲ ျဖစ္ခဲ့ပါတယ္။

ရိစ္ဂ်ိမ္းစ္ဟာ အဂၤလန္အသင္းမွာ ၿပိဳင္ပြဲ ၂ပြဲပယ္ခံထားရေပမယ့္ ေျခစမ္းပြဲမွာ ပါဝင္ႏိုင္တာ ျဖစ္သလို သူ႔ရဲ႕အရည္အခ်င္းကို ေဆာက္ဂိတ္က ယုံၾကည္ၿပီး အိုင္ယာလန္ကို ၃-၀နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ ပါဝင္ေစခဲ့တဲ့ အတြက္ ေပ်ာ္႐ႊင္ေနပါတယ္။

ဝက္စ္ဘ႐ြန္းကို အငွားခ်ခံထားရတဲ့ ခ်ယ္ဆီးၾကယ္ပြင့္ ေကာ္နာ ဂယ္လာဂါဟာ အန္ဒိုရာကို ၃-၁နဲ႔ႏိုင္ခဲ့တဲ့ အဂၤလန္ယူ၂၁ အသင္းမွာပါဝင္ခဲ့သလို ႏိုင္ငံနဲ႔ကလပ္မွာ သူ ေကာင္းေကာင္းလုပ္ေနတာကို ခ်ယ္ဆီးက ေစာင့္ၾကည့္ေနဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ရာသီအစမွာ ႐ုန္းကန္ခဲ့ရတဲ့ ခ်ယ္ဆီးဟာ မၾကာေသးမီကမွ ပုံစံေကာင္းေတြ ျပန္လည္ရရွိေနခဲ့တဲ့ေနာက္ ေနာက္ႏွစ္အနည္းငယ္အတြင္း ဆုဖလားေတြမ်ားစြာ ေအာင္ျမင္ႏိုင္ဖို႔ လိုအပ္တဲ့ အရည္အေသြးေတြ ရွိေနၿပီလို႔ ဘင္ခ်ီဝဲက ယုံၾကည္ေနပါတယ္။

အင္တာမီလန္ဟာ နည္းျပကြန္တီရဲ႕ စိတ္ႀကိဳက္ျဖစ္တဲ့ ခ်ယ္ဆီးကြင္းလယ္လူ ကန္ေတကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္ေပမယ့္ လိုအပ္တဲ့ အသုံးစရိတ္ရရွိဖို႔ အီလတီမွာ ႐ုန္းကန္ခဲ့ရတဲ့ ခရစၥတီယန္ အဲရစ္ဆင္ကို ေရာင္းခ်ရမွာျဖစ္ပါတယ္။

ေႏြရာသီမွာ အသင္းကေန ထြက္ခြာႏိုင္ဖြယ္ ရွိေနတဲ့ၾကားက တိုက္စစ္မႉး ဂ်ီ႐ူးဟာ ခ်ယ္ဆီးမွာ ဆက္ေနဖို႔ သေဘာတူခဲ့ေပမယ့္ ဝက္စ္ဟမ္းကေတာ့ ဇန္နဝါရီမွာ သူ႔ကိုေပါင္၇သန္းနဲ႔ ေခၚယူဖို႔ စဥ္းစားေနတယ္ လို႔ သိရပါတယ္။

ေဆာက္ဂိတ္ဟာ အဂၤလန္အသင္းမွာ ဂ်က္ဂရီးလစ္ရွ္အစား ေမဆန္ေမာင့္ကို မၾကာခဏ ပြဲထုတ္ခဲ့တဲ့အတြက္ ေဝဖန္မႈေတြ ရွိေနေပမယ့္ ေမာင့္ဟာ ဘယ္အသင္းမွာမဆို အဓိက ကစားသမားျဖစ္လိမ့္မယ္လို႔ ဒီကလန္႐ိုက္စ္က ေထာက္ခံေျပာဆိုခဲ့ပါတယ္။