ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (15/11/20)

ယူနိုက်တက် အစွန်ခံစစ်မှူး အဲလက်စ် တဲလက်စ်ဟာ စနေနေ့က ကိုဗစ် စစ်ဆေးမှုမှာလည်း ပိုးရှိကြောင်း ဆက်လက် ပြသနေတယ်လို့ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်ဘက်က အတည်ပြု သွားပြီး ၎င်းကနေ ပိုးကူးစက်မှု ရှိမှာ မဟုတ်ပေမယ့် တနင်္ဂနွေနေ့မှာ ထပ်မံစစ်ဆေးမယ်လို့ သိရပါတယ်။

ဆိုးလ်ရှားရဲ့အသင်းမှာ ဆိုးရွားတဲ့ ရာသီအစကို ရရှိနေပေမယ့်လဲ ဘရူနို ဖာနန်ဒက်စ်က အသင်းဖော်တွေထံ အမှာစကားပါးခဲ့ပြီး သူ ယူနိုက်တက်ကို ပြောင်းခဲ့တာဟာ ဆုဖလားတွေ အောင်မြင်ဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်က ကျောင်းတွေမှာ ကလေးတွေအတွက် နေ့လည်ခင်း အခမဲ့နေ့လည်စာ အစိုးရစရိတ်နဲ့ ဆက်လက် ကျွေးမွေးနိုင်ဖို့ ဦးဆောင် တောင်းဆိုပြီး အောင်မြင်အောင် လုပ်ဆောင်ခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ် လုပ်ရပ်က မွန်မြတ်လှကြောင်း အသင်းဖော်ဟောင်း လူကာကူက ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

ဒေးလီးမေးလ် သတင်း ခေါင်းစီးပိုင်းမှာ “ကလေးတွေရဲ့ အခမဲ့ နေ့လည်စာအတွက် ကမ်ပိန်း လုပ်ကာ ဦးဆောင်တောင်းဆိုခဲ့တဲ့ ရက်ဖို့ဒ် တစ်ယောက် ပေါင် ၂သန်း တန် ဇိမ်ခံ အိမ်ကြီး ဝယ်ယူလိုက်ပြီ ” လို့ ခနဲ့တဲ့တဲ့ သတင်းတက်လာခဲ့တဲ့ အပေါ် ရက်ဖို့ဒ်ကတော့ အေးအေးဆေးဆေး တုန့်ပြန် ဖြေရှင်းမှု ပြုလုပ်ခဲ့ပါတယ်။

ရက်ဖို့ဒ်က တန်ဖိုးကြီး အိမ်တစ်လုံးဝယ်ပြီး အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုထဲ ဝင်လိုက်တာက အနာဂတ် အတွက် ဖြစ်ကြောင်း၊ သူဟာ အသက် ၂၃ နှစ်သာ ရှိသေးပြီး မိသားစုနဲ့ အနာဂတ် ရေရှည် အတွက် ဒါက ကြိုတင် စီမံရမှု တစ်ခုသာ ဖြစ်တယ်လို့ ဖြေရှင်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းမှာ ကနဦး ပွဲဦးထွက်ကောင်း တောက်ပခဲ့ပေမယ့် မှေးမှိန်သွားခဲ့ရတဲ့ အကယ်ဒမီထွက် ကစားသမား မောရစ်ဆန်လို မေဆန် ဂရင်းဝုဒ် တစ်ယောက်လည်း ဖြစ်လာမှာ စိုးရိမ်နေပြီ ဖြစ်ကြောင်း အင်္ဂလန်သတင်းဌာနတွေက ဖော်ပြနေပါတယ်။

Zawgyi – ယူနိုက္တက္ အစြန္ခံစစ္မွဴး အဲလက္စ္ တဲလက္စ္ဟာ စေနေန႔က ကိုဗစ္ စစ္ေဆးမႈမွာလည္း ပိုးရွိေၾကာင္း ဆက္လက္ ျပသေနတယ္လို႔ ဘရာဇီး ေဘာလံုးအဖြဲ႕ခ်ဳပ္ဘက္က အတည္ျပဳ သြားျပီး ၄င္းကေန ပိုးကူးစက္မႈ ရွိမွာ မဟုတ္ေပမယ့္ တနဂၤေႏြေန႔မွာ ထပ္မံစစ္ေဆးမယ္လို႔ သိရပါတယ္။

ဆိုးလ္ရွားရဲ႕အသင္းမွာ ဆိုး႐ြားတဲ့ ရာသီအစကို ရရွိေနေပမယ့္လဲ ဘ႐ူႏို ဖာနန္ဒက္စ္က အသင္းေဖာ္ေတြထံ အမွာစကားပါးခဲ့ၿပီး သူ ယူႏိုက္တက္ကို ေျပာင္းခဲ့တာဟာ ဆုဖလားေတြ ေအာင္ျမင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ လာခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အဂၤလန္က ေက်ာင္းေတြမွာ ကေလးေတြအတြက္ ေန႔လည္ခင္း အခမဲ့ေန႔လည္စာ အစိုးရစရိတ္နဲ႕ ဆက္လက္ ေကၽြးေမြးနုိင္ဖို႔ ဦးေဆာင္ ေတာင္းဆိုျပီး ေအာင္ျမင္ေအာင္ လုပ္ေဆာင္ခဲ့တဲ့ ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ လုပ္ရပ္က မြန္ျမတ္လွေၾကာင္း အသင္းေဖာ္ေဟာင္း လူကာကူက ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ပါတယ္။

ေဒးလီးေမးလ္ သတင္း ေခါင္းစီးပိုင္းမွာ “ကေလးေတြရဲ႕ အခမဲ့ ေန႔လည္စာအတြက္ ကမ္ပိန္း လုပ္ကာ ဦးေဆာင္ေတာင္းဆိုခဲ့တဲ့ ရက္ဖို႔ဒ္ တစ္ေယာက္ ေပါင္ ၂သန္း တန္ ဇိမ္ခံ အိမ္ၾကီး ၀ယ္ယူလိုက္ျပီ ” လို႔ ခနဲ႕တဲ့တဲ့ သတင္းတက္လာခဲ့တဲ့ အေပၚ ရက္ဖို႔ဒ္ကေတာ့ ေအးေအးေဆးေဆး တုန္႔ျပန္ ေျဖရွင္းမႈ ျပဳလုပ္ခဲ့ပါတယ္။

ရက္ဖို႕ဒ္က တန္ဖိုးၾကီး အိမ္္တစ္လံုး၀ယ္ျပီး အိမ္ျခံေျမ ရင္းနွီးျမွဳပ္နွံမႈထဲ ၀င္လိုက္တာက အနာဂတ္ အတြက္ ျဖစ္ေၾကာင္း၊ သူဟာ အသက္ ၂၃ နွစ္သာ ရွိေသးျပီး မိသားစုနဲ႕ အနာဂတ္ ေရရွည္ အတြက္ ဒါက ၾကိဳတင္ စီမံရမႈ တစ္ခုသာ ျဖစ္တယ္လို႔ ေျဖရွင္း ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ အသင္းမွာ ကနဦး ပြဲဦးထြက္ေကာင္း ေတာက္ပခဲ့ေပမယ့္ ေမွးမွိန္သြားခဲ့ရတဲ့ အကယ္ဒမီထြက္ ကစားသမား ေမာရစ္ဆန္လို ေမဆန္ ဂရင္း၀ုဒ္ တစ္ေယာက္လည္း ျဖစ္လာမွာ စိုးရိမ္ေနျပီ ျဖစ္ေၾကာင္း အဂၤလန္သတင္းဌာနေတြက ေဖာ္ျပေနပါတယ္။