ပေါ့ဟာ ယူနိုက်တက်မှာ ကစားသမားဘဝ အခက်ခဲဆုံးအချိန်ကို ရင်ဆိုင်နေရကြောင်း ဖွင့်ဟခဲ့တဲ့နောက် ဂျူဗင်တပ် ဂန္တဝင် ကလော်ဒီယို မာချီစီယိုက သူ့ကို နွေရာသီမှာ ယူနိုက်တက်ကနေ ထွက်ခွာပြီး တူရင်ထံ ပြန်လာဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
အဲလက်စ်တဲလက်စ်ဟာ ဘရာဇီးနဲ့ ဥရုဂွေးပွဲမှာ ပါဝင်နိုင်ဖို့ မသေမချာ ဖြစ်ခဲ့ပေမယ့် ကိုဗစ်စစ်ဆေးမှု နက်ဂတစ်ဖြစ်ကြောင်း ဘရာဇီးအသင်းက ကြေညာခဲ့တဲ့နောက် ဒီပွဲမှာ ပါဝင်လာရတော့မှာဖြစ်ပြီး ဒါက ယူနိုက်တက်အတွက် သတင်းကောင်းလဲဖြစ်ပါတယ်။
ဒင်းဟန်ဒါဆန်ဟာ ဒီရာသီမှာ ဖလားပွဲ ၂ပွဲနဲ့ ချန်ပီယံလိဂ် ၁ပွဲသာ ကစားခဲ့ရပြီး ဒီဂီယာ နေရာကို မခြိမ်းခြောက်နိုင်ခဲ့တဲ့နောက် ကစားချိန်ရဖို့ အသင်းကနေ ထွက်ခွာလိုနေပြီး ဆဲလ်တစ်က ဇန်နဝါရီမှာ သူ့ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
စပိန်နည်းပြ အင်းနရစ်ဟာ နောက်ဆုံး၂ပွဲမှာ ဒီဂီယာကို ချန်လှပ်ထားခဲ့တဲ့နောက် နံပါတ်တစ် ဂိုးသမားနေရာက ဘယ်သူဆိုတာ သေချာ မပြောနိုင်သေးပေမယ့် ဂျာမနီနဲ့ပွဲအတွက် ပွဲထွက်မယ့် ဂိုးသမားကို ရွေးချယ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ယူနိုက်တက်ဟာ နိုဝင်ဘာ ၄ ရက်မှာ အဲဗာတန်နဲ့ ကွန်တီနန်တယ် ဖလားပွဲ ကစားဖို့ ရှိခဲ့ပေမယ့် ဝေါ်တန်ဟောပက်ခ်ကွင်း ပတ်ဝန်းကျင်မှာ စိုးရိမ်စရာ ရှိတာကြောင့် ပွဲကို ဖျက်သိမ်းခဲ့တဲ့အပေါ် မကျေနပ်တာကြောင့် FA ထံ စောဒတက် စာပို့ခဲ့ပါတယ်။
မာရှယ်ဟာ ပေါ်တူဂီနဲ့ပွဲမှာ ၇၈ မိနစ်ကစားခဲ့ရပြီး အင်္ဂါနေ့ ဆွီဒင်နဲ့ပွဲမှာလဲ ပွဲထွက်စာရင်းထဲ ပါဝင်ခဲ့ပေမယ့် အခုတော့ နောက်ကျော ဒဏ်ရာပြဿနာကြောင့် သီးသန့် လေ့ကျင့်နေခဲ့ရပြီး ပွဲကစားနိုင်ဖို့ မသေချာတော့ဘဲ ရှိပါတယ်။
Zawgyi – ပေါ့ဟာ ယူနိုက်တက်မှာ ကစားသမားဘဝ အခက်ခဲဆုံးအချိန်ကို ရင်ဆိုင်နေရကြောင်း ဖွင့်ဟခဲ့တဲ့နောက် ဂျူဗင်တပ် ဂန္တဝင် ကလော်ဒီယို မာချီစီယိုက သူ့ကို နွေရာသီမှာ ယူနိုက်တက်ကနေ ထွက်ခွာပြီး တူရင်ထံ ပြန်လာဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။