အဲရစ်ဆင်ဟာ စီးရီးအေမှာ ပုံမှန်ကစားချိန်ရဖို့ ရုန်းကန်ခဲ့ရတဲ့နောက် အင်္ဂလန်ကို ပြန်လာဖို့ရှိနေပေမယ့် စပါးကို မဟုတ်ပဲ အာဆင်နယ်ကို ရောက်ဖို့ ဖြစ်နိုင်နေပြီး အင်တာက သူနဲ့ ရှာကာကို အလဲအလှယ် လုပ်ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။
ရက်ဘူးဆဲလ်ဘက် တိုက်စစ်မှူး ဆိုဘော့စလေးဟာ အာဆင်နယ်၊ ဘိုင်ယန်၊ ရီးရဲလ် အပါအဝင် ဥရောပထိပ်သီးကလပ်တွေရဲ့စိတ်ဝင်စားမှုရရှိနေသလို နောက်နှစ်မှာ သူ့အတွက် ပုံမှန် ကစားခွင့်ရမယ့် အသင်းဆီ ပြောင်းရွှေ့မှာပါလို့ အေးဂျင့်က ဆိုပါတယ်။
လစ်ခ်ျတင်စတိန်းနဲ့ပွဲမှာ ပြင်သစ် ယူ၂၁ အသင်းအတွက် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့တဲ့ ဂွမ်ဒူဇီဟာ မနေ့က ဆွစ်ဇာလန်နဲ့တွေ့ဆုံခဲ့တဲ့ အုပ်စုပထမ အဆုံးအဖြတ်ပွဲမှာလဲ နာကျင်အချိန်ပိုမှာ အထင်ကြီးစရာ ဖန်တီးမှုလုပ်ခဲ့ပြီး ပြင်သစ်ကို ၃-၁နဲ့ အနိုင်ရရှိစေခဲ့ပါတယ်။
ဂျာမနီဟာ နှစ်၉၀အတွင်း အဆိုးဆုံးအဖြစ် စပိန်ကို ၆ဂိုးပြတ် ရှုံးခဲ့တဲ့နောက် အိုဇေးက ဂျာမနီအသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အသင်းဖော်ဟောင်း ဂျီရွန်း ဘိုတန်ကို ပြန်ခေါ်ဖို့ ဆိုရှယ်မီဒီယာပေါ်ကနေ အကြံပေးစကား ဆိုခဲ့ပါတယ်။
အင်္ဂလန် ယူ၂၁ အသင်းဟာ အန်ကီတီရာရဲ့ သွင်းဂိုး၂ ဂိုးအပါအဝင်၊ အိုဒွိုင်း၊ ဂျပ်စတင်၊ မူစီယာလာတို့ရဲ့ ဂိုးတွေကြောင့် အယ်ဘေးနီးယားကို ၅ ဂိုးပြတ်အနိုင်ရခဲ့သလို ယူရို ယူ၂၁ ခြေစစ်ပွဲအတွင်းစုစုပေါင်း ၃၄ဂိုး ရှိခဲ့ပြီဖြစ်ပြီး သူတို့သမိုင်းမှာ အများဆုံးလဲ ဖြစ်ခဲ့ပါတယ်။
ဟိုဆေးမော်ရင်ညိုဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာအတွင်း လူသစ်ခေါ်ယူမှုတွေနဲ့အတူ သူ့ရဲ့အသင်းကို ပိုကောင်းအောင် တည်ဆောက်ခဲ့သလို ရာသီကုန်မှာ စပါးက အာဆင်နယ်နဲ့ ယူနိုက်တက်တို့ထက် အဆင့် ပိုသာလိမ့်မယ်လို့ မက်မန်နာမန်းက ဆိုပါတယ်။
အာဆင်နယ် တောင်ပံတိုက်စစ် ကစားသမား ဝီလီယံဟာ ဘရာဇီးရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့နောက် ဒူဘိုင်းကို ခရီးသွားခဲ့တာကြောင့် အင်္ဂလန်ကို ပြန်ရောက်ရင် ကိုဗစ်စစ်ဆေးမှု နက်ဂတစ်ပြမှသာ အသင်းနဲ့ ပူးပေါင်း လေ့ကျင့်ခွင့်ရရှိမှာပါ။
အာဆင်နယ်နောက်ခံလူ မူစတာဖီဟာ ဒီရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်မှာဖြစ်ပြီး အာတီတာလက်အောက် လိဂ်၂ပွဲသာ ကစားခွင့်ရခဲ့သလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဖြစ်နိုင်ဖွယ်မရှိဘဲ ဇန်နဝါရီမှာ အမ်းမရိတ်စ်ကို စွန့်ခွာတော့မှာ ဖြစ်ပါတယ်။
Zawgyi – အဲရစ္ဆင္ဟာ စီးရီးေအမွာ ပုံမွန္ကစားခ်ိန္ရဖို႔ ႐ုန္းကန္ခဲ့ရတဲ့ေနာက္ အဂၤလန္ကို ျပန္လာဖို႔ရွိေနေပမယ့္ စပါးကို မဟုတ္ပဲ အာဆင္နယ္ကို ေရာက္ဖို႔ ျဖစ္ႏိုင္ေနၿပီး အင္တာက သူနဲ႔ ရွာကာကို အလဲအလွယ္ လုပ္ဖို႔ စဥ္းစားေနတာျဖစ္ပါတယ္။
ရက္ဘူးဆဲလ္ဘက္ တိုက္စစ္မႉး ဆိုေဘာ့စေလးဟာ အာဆင္နယ္၊ ဘိုင္ယန္၊ ရီးရဲလ္ အပါအဝင္ ဥေရာပထိပ္သီးကလပ္ေတြရဲ႕စိတ္ဝင္စားမႈရရွိေနသလို ေနာက္ႏွစ္မွာ သူ႔အတြက္ ပုံမွန္ ကစားခြင့္ရမယ့္ အသင္းဆီ ေျပာင္းေ႐ႊ႕မွာပါလို႔ ေအးဂ်င့္က ဆိုပါတယ္။
လစ္ခ္်တင္စတိန္းနဲ႔ပြဲမွာ ျပင္သစ္ ယူ၂၁ အသင္းအတြက္ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ခဲ့တဲ့ ဂြမ္ဒူဇီဟာ မေန႔က ဆြစ္ဇာလန္နဲ႔ေတြ႕ဆုံခဲ့တဲ့ အုပ္စုပထမ အဆုံးအျဖတ္ပြဲမွာလဲ နာက်င္အခ်ိန္ပိုမွာ အထင္ႀကီးစရာ ဖန္တီးမႈလုပ္ခဲ့ၿပီး ျပင္သစ္ကို ၃-၁နဲ႔ အႏိုင္ရရွိေစခဲ့ပါတယ္။
ဂ်ာမနီဟာ ႏွစ္၉၀အတြင္း အဆိုးဆုံးအျဖစ္ စပိန္ကို ၆ဂိုးျပတ္ ရႈံးခဲ့တဲ့ေနာက္ အိုေဇးက ဂ်ာမနီအသင္းကေန ထုတ္ပယ္ခံခဲ့ရတဲ့ အသင္းေဖာ္ေဟာင္း ဂ်ီ႐ြန္း ဘိုတန္ကို ျပန္ေခၚဖို႔ ဆိုရွယ္မီဒီယာေပၚကေန အႀကံေပးစကား ဆိုခဲ့ပါတယ္။
အဂၤလန္ ယူ၂၁ အသင္းဟာ အန္ကီတီရာရဲ႕ သြင္းဂိုး၂ ဂိုးအပါအဝင္၊ အိုဒြိဳင္း၊ ဂ်ပ္စတင္၊ မူစီယာလာတို႔ရဲ႕ ဂိုးေတြေၾကာင့္ အယ္ေဘးနီးယားကို ၅ ဂိုးျပတ္အႏိုင္ရခဲ့သလို ယူ႐ို ယူ၂၁ ေျခစစ္ပြဲအတြင္းစုစုေပါင္း ၃၄ဂိုး ရွိခဲ့ၿပီျဖစ္ၿပီး သူတို႔သမိုင္းမွာ အမ်ားဆုံးလဲ ျဖစ္ခဲ့ပါတယ္။
ဟိုေဆးေမာ္ရင္ညိဳဟာ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ကာအတြင္း လူသစ္ေခၚယူမႈေတြနဲ႔အတူ သူ႔ရဲ႕အသင္းကို ပိုေကာင္းေအာင္ တည္ေဆာက္ခဲ့သလို ရာသီကုန္မွာ စပါးက အာဆင္နယ္နဲ႔ ယူႏိုက္တက္တို႔ထက္ အဆင့္ ပိုသာလိမ့္မယ္လို႔ မက္မန္နာမန္းက ဆိုပါတယ္။
အာဆင္နယ္ ေတာင္ပံတိုက္စစ္ ကစားသမား ဝီလီယံဟာ ဘရာဇီးရဲ႕ ကမာၻ႔ဖလားေျခစစ္ပြဲ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတဲ့ေနာက္ ဒူဘိုင္းကို ခရီးသြားခဲ့တာေၾကာင့္ အဂၤလန္ကို ျပန္ေရာက္ရင္ ကိုဗစ္စစ္ေဆးမႈ နက္ဂတစ္ျပမွသာ အသင္းနဲ႔ ပူးေပါင္း ေလ့က်င့္ခြင့္ရရွိမွာပါ။
အာဆင္နယ္ေနာက္ခံလူ မူစတာဖီဟာ ဒီရာသီကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္မွာျဖစ္ၿပီး အာတီတာလက္ေအာက္ လိဂ္၂ပြဲသာ ကစားခြင့္ရခဲ့သလို အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျဖစ္ႏိုင္ဖြယ္မရွိဘဲ ဇန္နဝါရီမွာ အမ္းမရိတ္စ္ကို စြန္႔ခြာေတာ့မွာ ျဖစ္ပါတယ္။