ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (20/11/20)

မန်ချက်စတာ ယူနိုက်တက်ဟာ ပြိုင်ဘက်တွေ အိုးထရက်ဖို့ဒ်ကို ကြောက်ရွံ့လာအောင် လုပ်ဆောင်ရမှာ ဖြစ်ပြီး ယခင်ကလို အိမ်ကွင်း အရှိန်အဝါကောင်းတွေ ပြန်ယူနိုင်ဖို့ လိုအပ်ကြောင်း ကွင်းလယ်သမား ဖရက်က ပြောဆိုလိုက်ပါတယ်။

ပေါလ် ပေါ့ဘာဟာ ယူနိုက်တက်ရဲ့ အရန်ခုံမှာပဲ ဆက်ရှိနေမယ် ဆိုရင် ဒီအတိုင်း နေမယ့်အစား အခြား ရွေးချယ်စရာများ စဉ်းစားလာဖို့ ရှိကြောင်း တိုက်စစ်မှူးဟောင်း အိုဝင်က ဆိုလိုက်ပြီး ပြင်သစ်သားရဲ့ လက်ရှိ အနေအထားအပေါ် အံ့အားသင့်မိကြောင်း ဝန်ခံသွားပါတယ်။

ပေါ့ဘာနဲ့ ယူနိုက်တက်ရဲ့ ဆက်ဆံရေးက အခြေအနေ ဆိုးရွားလာသလို ၎င်းရဲ့စာချုပ်က ၂၀၂၂ မှာ သက်တမ်းကုန်မှာဖြစ်ပေမယ့် စာချုပ်သက်တမ်းမတိုးချင်တဲ့ ကွင်းလယ်လူကို ယူနိုက်တက်အနေနဲ့ နောက်နွေရာသီမှာ ရောင်းချရတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ လေးလ ဆက်တိုက် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လိဂ်ပွဲ နိုင်ပွဲ ပျောက်ဆုံးနေတဲ့ အပေါ် အံ့အားသင့်ပြီး ပွင့်ပွင့်လင်းလင်း ဆိုရရင် နားမလည်နိုင်ဘဲ ပဟေဠိဆန်ဆန် ဖြစ်နေရကြောင်း တူရမ်ဇီဘီက ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရိုးမားထံ မပြောင်းရွှေ့ခင်မှာ အသင်းပြောင်း ကိစ္စရပ်များ အတွက် အသိပေးတာ ရွေးချယ်ခွင့်ပေးတာ နည်းပါးခဲ့တဲ့ ယူနိုက်တက် အပြောင်းအရွှေ့ ကိစ္စ ကိုင်တွယ်မှုများက အဆင်မပြေကြောင်း စမောလင်းက ထုတ်ဖော် ဝေဖန်လိုက်ပါတယ်။

ဖျားနာနေတာကြောင့် ယူနိုက်တက် ထရိန်နင်ကို ၉ ရက်ဆက် ပျက်ကွက်ခဲ့တဲ့ လူငယ်တိုက်စစ်သမား မေဆန် ဂရင်းဝုဒ်ဟာ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်နေပြီး အသင်းနဲ့ ပူးပေါင်းနိုင်ဖို့ အသင့် ဖြစ်နေပြီ ဖြစ်ကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ပြထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ျပိဳင္ဘက္ေတြ အိုးထရက္ဖို႔ဒ္ကို ေၾကာက္ရြံ႕လာေအာင္ လုပ္ေဆာင္ရမွာ ျဖစ္ျပီး ယခင္ကလို အိမ္ကြင္း အရွိန္အ၀ါေကာင္းေတြ ျပန္ယူနုိင္ဖို႔ လိုအပ္ေၾကာင္း ကြင္းလယ္သမား ဖရက္က ေျပာဆိုလိုက္ပါတယ္။

ေပါလ္ ေပါ့ဘာဟာ ယူနိုက္တက္ရဲ႕ အရန္ခံုမွာပဲ ဆက္ရွိေနမယ္ ဆိုရင္ ဒီအတိုင္း ေနမယ့္အစား အျခား ေရြးခ်ယ္စရာမ်ား စဥ္းစားလာဖို႔ ရွိေၾကာင္း တိုက္စစ္မွဴးေဟာင္း အို၀င္က ဆိုလုိက္ျပီး ျပင္သစ္သားရဲ႕ လက္ရွိ အေနအထားအေပၚ အ့ံအားသင့္မိေၾကာင္း ၀န္ခံသြားပါတယ္။

ေပါ့ဘာနဲ႔ ယူႏိုက္တက္ရဲ႕ ဆက္ဆံေရးက အေျခအေန ဆိုး႐ြားလာသလို ၎ရဲ႕စာခ်ဳပ္က ၂၀၂၂ မွာ သက္တမ္းကုန္မွာျဖစ္ေပမယ့္ စာခ်ဳပ္သက္တမ္းမတိုးခ်င္တဲ့ ကြင္းလယ္လူကို ယူႏိုက္တက္အေနနဲ႔ ေနာက္ေႏြရာသီမွာ ေရာင္းခ်ရေတာ့မွာ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ေလးလ ဆက္တိုက္ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ လိဂ္ပြဲ နုိင္ပြဲ ေပ်ာက္ဆံုးေနတဲ့ အေပၚ အံ့အားသင့္ျပီး ပြင့္ပြင့္လင္းလင္း ဆိုရရင္ နားမလည္နုိင္ဘဲ ပေဟဠိဆန္ဆန္ ျဖစ္ေနရေၾကာင္း တူရမ္ဇီဘီက ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

ျပီးခဲ့တဲ့နွစ္က ရိုးမားထံ မေျပာင္းေရႊ႕ခင္မွာ အသင္းေျပာင္း ကိစၥရပ္မ်ား အတြက္ အသိေပးတာ ေရြးခ်ယ္ခြင့္ေပးတာ နည္းပါးခဲ့တဲ့ ယူနိုက္တက္ အေျပာင္းအေရႊ႕ ကိစၥ ကိုင္တြယ္မႈမ်ားက အဆင္မေျပေၾကာင္း စေမာလင္းက ထုတ္ေဖာ္ ေ၀ဖန္လိုက္ပါတယ္။

ဖ်ားနာေနတာေၾကာင့္ ယူနိုက္တက္ ထရိန္နင္ကို ၉ ရက္ဆက္ ပ်က္ကြက္ခဲ့တဲ့ လူငယ္တိုက္စစ္သမား ေမဆန္ ဂရင္း၀ုဒ္ဟာ ေလ့က်င့္ေရးမွာ ျပန္လည္ ပါ၀င္ေနျပီး အသင္းနဲ႕ ပူးေပါင္းနုိင္ဖို႔ အသင့္ ျဖစ္ေနျပီ ျဖစ္ေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေဖာ္ျပထားပါတယ္။