ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (21/11/20)

ကာဗာနီဟာ အိုးလ်ထရက်ဖို့ဒ်မှာ အထိုင်ကျခဲ့ပြီဖြစ်ပြီး အဲဗာတန်နဲ့ပွဲမှာ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် တစ်ခါမှ ပွဲထွက်ခွင့်မရသေးတာဖြစ်သလို လာမယ့်အပတ်တွေမှာ သူ့ကို ပိုပြီး ပုံမှန် ကစားခွင့်ရစေချင်တယ် လို့ ဘာဘာတော့က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ချယ်ဆီးနဲ့ ဂိုးမရှိသရေကျပြီးနောက် အာဆင်နယ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီနေ့ည ဝက်စ်ဘရွန်းနဲ့ပွဲမှာလဲ ဂိုးထပ်မသွင်းနိုင်ဘူးဆိုရင် အိမ်ကွင်းမှာ လိဂ် ၃ပွဲဆက် ဂိုး မသွင်းနိုင်တဲ့ မှတ်တမ်းဆိုးကို ရရှိမှာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ အနာဂတ်မရေမရာဖြစ်နေတဲ့ ပေါ့ဘာနဲ့အတူ ကလပ်မှာ သူ့ရဲ့ လက်ရှိ အခက်အခဲ အကြောင်းကို ဆွေးနွေးခဲ့တယ်လို့ ဖွင့်ဟခဲ့ပြီး ကွင်းလယ်လူဟာ သူ့ရဲ့ ကစားပုံနဲ့ ပွဲထွက်ခွင့်မရတဲ့အပေါ် မပျော်မရွှင်ဖြစ်နေကြောင်း ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရန်းနက်စ်ကြယ်ပွင့် ကာမာဗင်ဂါကိုစိတ်ဝင်စားနေပေမယ့် ၎င်းက ၂၀၂၂ အထိ စာချုုပ်ချုပ်ထားပြီး ကလပ်က ဆက်ထိန်းထားလိုနေတာကြောင့် သူ့ကို ခေါ်ချင်ရင် အနည်းဆုံး ပေါင်၆၂ သန်း ပေးရမယ်လို့ ရန်းနက်စ်က အကြောင်းပြန်ခဲ့ပါတယ်။

ဆိုးလ်ရှားဟာ နောက်ခံလူ ဒီယိုဂို ဒါးလော့ကို သဘောကျနေဆဲဖြစ်သလို လက်ရှိမှာ အေစီမီလန်ထံ အငှားချထားပေမယ့် နောက်နွေရာသီမှာ အငှားစာချုပ် သက်တမ်းကုန်ရင် အပြီးသတ် ဝယ်ယူခွင့် ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။

လုခ်ရှောဟာ တံကောက်ကြော ဒဏ်ရာကြောင့် ဒီဇင်ဘာမတိုင်ခင်အထိ အနားယူရမှာ ဖြစ်သလို ဆိုးလ်ရှား အနေနဲ့ ဝက်စ်ဘရွန်းနဲ့ ပွဲမှာ ဘယ်နောက်တန်းအတွက် ဘရန်ဒန် ဝီလီယံနဲ့ အဲလက်စ်တဲလက်စ် ထဲက ဘယ်သူ့ကို ပွဲထွက်ခိုင်းမလဲဆိုတာ ဆုံးဖြတ်ရမှာပါ။

Zawgyi – ကာဗာနီဟာ အိုးလ္ထရက္ဖို႔ဒ္မွာ အထိုင္က်ခဲ့ၿပီျဖစ္ၿပီး အဲဗာတန္နဲ႔ပြဲမွာ ပထမဆုံး ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ တစ္ခါမွ ပြဲထြက္ခြင့္မရေသးတာျဖစ္သလို လာမယ့္အပတ္ေတြမွာ သူ႔ကို ပိုၿပီး ပုံမွန္ ကစားခြင့္ရေစခ်င္တယ္ လို႔ ဘာဘာေတာ့က ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ အိမ္ကြင္းမွာ ခ်ယ္ဆီးနဲ႔ ဂိုးမရွိသေရက်ၿပီးေနာက္ အာဆင္နယ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဒီေန႔ည ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာလဲ ဂိုးထပ္မသြင္းႏိုင္ဘူးဆိုရင္ အိမ္ကြင္းမွာ လိဂ္ ၃ပြဲဆက္ ဂိုး မသြင္းႏိုင္တဲ့ မွတ္တမ္းဆိုးကို ရရွိမွာျဖစ္ပါတယ္။

ဆိုးလ္ရွားဟာ အနာဂတ္မေရမရာျဖစ္ေနတဲ့ ေပါ့ဘာနဲ႔အတူ ကလပ္မွာ သူ႔ရဲ႕ လက္ရွိ အခက္အခဲ အေၾကာင္းကို ေဆြးေႏြးခဲ့တယ္လို႔ ဖြင့္ဟခဲ့ၿပီး ကြင္းလယ္လူဟာ သူ႔ရဲ႕ ကစားပုံနဲ႔ ပြဲထြက္ခြင့္မရတဲ့အေပၚ မေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္း ဝန္ခံခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ရန္းနက္စ္ၾကယ္ပြင့္ ကာမာဗင္ဂါကိုစိတ္ဝင္စားေနေပမယ့္ ၎က ၂၀၂၂ အထိ စာခ်ဳုပ္ခ်ဳပ္ထားၿပီး ကလပ္က ဆက္ထိန္းထားလိုေနတာေၾကာင့္ သူ႔ကို ေခၚခ်င္ရင္ အနည္းဆုံး ေပါင္၆၂ သန္း ေပးရမယ္လို႔ ရန္းနက္စ္က အေၾကာင္းျပန္ခဲ့ပါတယ္။

ဆိုးလ္ရွားဟာ ေနာက္ခံလူ ဒီယိုဂို ဒါးေလာ့ကို သေဘာက်ေနဆဲျဖစ္သလို လက္ရွိမွာ ေအစီမီလန္ထံ အငွားခ်ထားေပမယ့္ ေနာက္ေႏြရာသီမွာ အငွားစာခ်ဳပ္ သက္တမ္းကုန္ရင္ အၿပီးသတ္ ဝယ္ယူခြင့္ ေပးမွာမဟုတ္ဘူးလို႔ သိရပါတယ္။

လုခ္ေရွာဟာ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ဒီဇင္ဘာမတိုင္ခင္အထိ အနားယူရမွာ ျဖစ္သလို ဆိုးလ္ရွား အေနနဲ႔ ဝက္စ္ဘ႐ြန္းနဲ႔ ပြဲမွာ ဘယ္ေနာက္တန္းအတြက္ ဘရန္ဒန္ ဝီလီယံနဲ႔ အဲလက္စ္တဲလက္စ္ ထဲက ဘယ္သူ႔ကို ပြဲထြက္ခိုင္းမလဲဆိုတာ ဆုံးျဖတ္ရမွာပါ။