အိုးလ်ထရက်ဖို့ဒ်မှာ အဖွင့် ၄ ပွဲအတွင်း ၁မှတ်သာရခဲ့တဲ့ ယူနိုက်တက်ဟာ ဒီတစ်ပတ်မှာ VAR ရဲ့ အကူအညီကြောင့် ၃မှတ်ရခဲ့ပြီး ရုပ်ဆိုးတဲ့နိုင်ပွဲဖြစ်ပေမယ့်လဲ လိဂ်မှာ ပထမဆုံးအိမ်ကွင်းနိုင်ပွဲရရှိခဲ့လို့ ဆိုးလ်ရှားအတွက် စိတ်သက်သာရာရစေခဲ့ပါတယ်။
ဒီပွဲမှာ ပေးခဲ့တဲ့ ပင်နယ်တီနဲ့ပတ်သက်လို့ ဝက်စ်ဘရွန်းနည်းပြက ဒေါသဖြစ်နေခဲ့ပြီး ကိုယ်က ပြစ်ဒဏ်ကျူးလွန်ခံရပြီး ၁-၀ နဲ့ ဦးဆောင်ခွင့်မရတဲ့အပြင် ဖာနန်ဒက်စ်ကို ပင်နယ်တီ ၂ ကြိမ်ကန်ခိုင်းခဲ့တာက စိတ်ပျက်စရာ ကောင်းတယ်လို့ ဖွင့်ဟခဲ့ပါတယ
ဖာနန်ဒက်စ်ဟာ သူ့ပင်နယ်တီကြောင့် နိုင်ပွဲရခဲ့ပေမယ့်လဲ အသင်းရဲ့ ကစားပုံအပေါ် ဒေါသဖြစ်နေခဲ့ပြီး သူတို့အနေနဲ့ အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့သည့်တိုင်အောင် အဲ့ဒီ့ထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဝက်စ်ဘရွန်းဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် သူတို့ ပင်နယ်တီ ရမယ် ထင်ခဲ့ပေမယ့်လဲ VAR ပြန်ကြည့်ပြီးနောက် ယူနိုက်တက်ကို ပင်နယ်တီပေးခဲ့တဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ဟာ ရှက်စရာေ ကာင်းတယ်လို့ ဖာဒီနန်က ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပင်နယ်တီကြောင့် ဝက်စ်ဘရွန်းကို ၁-ဝနဲ့နိုင်ခဲ့ပေမယ့်လဲ သူတို့ရဲ့ စွမ်းဆောင်ဟာ ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေခဲ့တယ်လို့ ဆိုးလ်ရှားကဝန်ခံခဲ့ပြီး ဇယားအဆင့်တက်ဖို့ ပို ကောင်းကောင်း ကစားဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနေပြီး သူဝင်မလာခင်တုန်းက ယူနိုက်တက်တို့ ဘာဖန်တီးမှု မလုပ်နိုင်ခဲ့သလို သူသာမရှိရင် ကလပ်က ဘယ်အဆင့်မှာ ရောက်နေမလဲဆိုတာ သိချင်မိတယ်လို့ ပေါလ်စခိုးက ပြောဆိုခဲ့ပါတယ်။
ဝက်စ်ဘရွန်းရဲ့ ပင်နယ်တီမှာ အခြေအနေပြောင်းလဲပြီး မိမိတို့ ပင်နယ်တီရခဲ့တာက ကံကောင်းခဲ့တယ်လို့ ဆိုးလ်ရှားက ဝန်ခံခဲ့သလို ပွဲရဲ့စည်းမျဉ်းတွေက သူနားလည်ထားတာနဲ့ ကွာခြားနေတာဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Zawgyi – အိုးလ်ထရက်ဖို့ဒ်မှာ အဖွင့် ၄ ပွဲအတွင်း ၁မှတ်သာရခဲ့တဲ့ ယူနိုက်တက်ဟာ ဒီတစ်ပတ်မှာ VAR ရဲ့ အကူအညီကြောင့် ၃မှတ်ရခဲ့ပြီး ရုပ်ဆိုးတဲ့နိုင်ပွဲဖြစ်ပေမယ့်လဲ လိဂ်မှာ ပထမဆုံးအိမ်ကွင်းနိုင်ပွဲရရှိခဲ့လို့ ဆိုးလ်ရှားအတွက် စိတ်သက်သာရာရစေခဲ့ပါတယ်။
ဒီပွဲမှာ ပေးခဲ့တဲ့ ပင်နယ်တီနဲ့ပတ်သက်လို့ ဝက်စ်ဘရွန်းနည်းပြက ဒေါသဖြစ်နေခဲ့ပြီး ကိုယ်က ပြစ်ဒဏ်ကျူးလွန်ခံရပြီး ၁-၀ နဲ့ ဦးဆောင်ခွင့်မရတဲ့အပြင် ဖာနန်ဒက်စ်ကို ပင်နယ်တီ ၂ ကြိမ်ကန်ခိုင်းခဲ့တာက စိတ်ပျက်စရာ ကောင်းတယ်လို့ ဖွင့်ဟခဲ့ပါတယ်။