ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (24/11/20)

ပေါ့ဘာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးနဲ့ ဖန်တီးမှုတွေ မလုပ်နိုင်သေးပေမယ့် သူ့ကို ကွင်းလယ်တိုက်စစ်နေရာမှာ ကစားခိုင်းရင် လီဗာပူးဂန္တဝင် စတီဗင်ဂျရတ်လို ခြေရာနင်းနိုင်လိမ့်မယ်လို့ ပီတာခရော့ခ်ျက ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ ဆိုးရွားတဲ့ ခံစစ်ကြောင့် ချန်ပီယံလိဂ် ပထမအကျော့မှာ အစ္စတန်ဘူလ် ဘက်ရှီးယားအသင်း ကို ၂ဂိုးပေးပြီး ရှုံးခဲ့ရတဲ့နောက် ဒီနေ့ သူတို့နဲ့ ပြန်တွေ့တဲ့အခါ သေချာအာရုံစိုက်ပြီး အရှုံးကို လက်စားချေဖို့ လိုတယ်လို့ ဆိုးလ်ရှားက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဒင်းဟန်ဒါဆန်ဟာ ယူနိုက်တက်ရဲ့ ကာလရှည် နံပါတ်တစ်ဂိုးသမား ဒီဂီယာရဲ့ နေရာကို ဆက်လက်ဖိအားပေးနေသလို အကယ်ဒမီထွက် ကစားသမားဟာ ကမ္ဘာ့အဆင့် ဂိုးသမား ဖြစ်လာလိမ့်မယ်လို့ နည်းပြ ဆိုးလ်ရှားက ထောက်ခံပြောဆိုခဲ့ပါတယ်။

ဒီဂီယာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ ပွဲကစားချိန် ကန့်သတ်ခံခဲ့ရတဲ့ ဒင်းဟန်ဒါဆန် အနေနဲ့ ပထမ ဦးစားပေးဖြစ်အောင် အသင်းပြောင်းရွှေ့ဖို့ ဆောက်ဂိတ်က အကြံပေးခဲ့ပေမယ့် သူက ယူနိုက်တက်မှာပဲ ဆက်နေချင်နေပါတယ် လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။

ဆောက်သမ်တန်ဟာ ဘရန်ဒန်ဝီလီယံကိုခေါ်ယူဖို့ နွေရာသီမှာ ကြိုးစားခဲ့တုန်းက ဆိုးလ်ရှားက တားဆီးခဲ့ပေမယ့် ဒီရာသီမှာလဲ လိဂ်တစ်ပွဲမှာမကစားရသေးတဲ့ လူငယ်နောက်ခံလူကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ဇန်နဝါရီမှာ ထပ်မံကြိုးစားဦးမှာပါ။

ယူနိုက်တက်ဟာ နောက်နွေရာသီအပြောင်းအရွှေ့အတွက် နောက်ခံလူ ၆ယောက် ထိ ကို ပစ်မှတ်ထားနေပြီး ၎င်းတို့ကတော့ ပါအူးတောရက်စ်၊ အူပါမီကာနို၊ ဂျူးလက်စ် ကွန်ဒီ၊ ဘင်ဝှိုက်နဲ့ ဆိုယွန်ချူတို့ပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရက်ဘူးလိုက်ပ်ဇစ် ကွင်းလယ်လူ မာဆယ် ဆာဘစ်ဇာကို အနာဂတ်မှာ ခေါ်ယူဖို့အတွက် အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပြီး အသက် ၂၆နှစ်အရွယ် ကစားသမားဟာ ဘိုင်ယန်မြူးနစ်ရဲ့ ပစ်မှတ်လဲ ဖြစ်ပါတယ်။

Zawgyi – ေပါ့ဘာဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ဂိုးနဲ႔ ဖန္တီးမႈေတြ မလုပ္ႏိုင္ေသးေပမယ့္ သူ႔ကို ကြင္းလယ္တိုက္စစ္ေနရာမွာ ကစားခိုင္းရင္ လီဗာပူးဂႏၲဝင္ စတီဗင္ဂ်ရတ္လို ေျခရာနင္းႏိုင္လိမ့္မယ္လို႔ ပီတာခေရာ့ခ္်က ယုံၾကည္ေနပါတယ္။

ယူႏိုက္တက္ဟာ ဆိုး႐ြားတဲ့ ခံစစ္ေၾကာင့္ ခ်န္ပီယံလိဂ္ ပထမအေက်ာ့မွာ အစၥတန္ဘူလ္ ဘက္ရွီးယားအသင္း ကို ၂ဂိုးေပးၿပီး ရႈံးခဲ့ရတဲ့ေနာက္ ဒီေန႔ သူတို႔နဲ႔ ျပန္ေတြ႕တဲ့အခါ ေသခ်ာအာ႐ုံစိုက္ၿပီး အရႈံးကို လက္စားေခ်ဖို႔ လိုတယ္လို႔ ဆိုးလ္ရွားက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ဒင္းဟန္ဒါဆန္ဟာ ယူႏိုက္တက္ရဲ႕ ကာလရွည္ နံပါတ္တစ္ဂိုးသမား ဒီဂီယာရဲ႕ ေနရာကို ဆက္လက္ဖိအားေပးေနသလို အကယ္ဒမီထြက္ ကစားသမားဟာ ကမာၻ႔အဆင့္ ဂိုးသမား ျဖစ္လာလိမ့္မယ္လို႔ နည္းျပ ဆိုးလ္ရွားက ေထာက္ခံေျပာဆိုခဲ့ပါတယ္။

ဒီဂီယာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္မွာ ပြဲကစားခ်ိန္ ကန႔္သတ္ခံခဲ့ရတဲ့ ဒင္းဟန္ဒါဆန္ အေနနဲ႔ ပထမ ဦးစားေပးျဖစ္ေအာင္ အသင္းေျပာင္းေ႐ႊ႕ဖို႔ ေဆာက္ဂိတ္က အႀကံေပးခဲ့ေပမယ့္ သူက ယူႏိုက္တက္မွာပဲ ဆက္ေနခ်င္ေနပါတယ္ လို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့ပါတယ္။

ေဆာက္သမ္တန္ဟာ ဘရန္ဒန္ဝီလီယံကိုေခၚယူဖို႔ ေႏြရာသီမွာ ႀကိဳးစားခဲ့တုန္းက ဆိုးလ္ရွားက တားဆီးခဲ့ေပမယ့္ ဒီရာသီမွာလဲ လိဂ္တစ္ပြဲမွာမကစားရေသးတဲ့ လူငယ္ေနာက္ခံလူကို စိတ္ဝင္စားေနဆဲျဖစ္ၿပီး ဇန္နဝါရီမွာ ထပ္မံႀကိဳးစားဦးမွာပါ။

ယူႏိုက္တက္ဟာ ေနာက္ေႏြရာသီအေျပာင္းအေ႐ႊ႕အတြက္ ေနာက္ခံလူ ၆ေယာက္ ထိ ကို ပစ္မွတ္ထားေနၿပီး ၎တို႔ကေတာ့ ပါအူးေတာရက္စ္၊ အူပါမီကာႏို၊ ဂ်ဴးလက္စ္ ကြန္ဒီ၊ ဘင္ဝႈိက္နဲ႔ ဆိုယြန္ခ်ဴတို႔ပဲ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ရက္ဘူးလိုက္ပ္ဇစ္ ကြင္းလယ္လူ မာဆယ္ ဆာဘစ္ဇာကို အနာဂတ္မွာ ေခၚယူဖို႔အတြက္ အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သိရၿပီး အသက္ ၂၆ႏွစ္အ႐ြယ္ ကစားသမားဟာ ဘိုင္ယန္ျမဴးနစ္ရဲ႕ ပစ္မွတ္လဲ ျဖစ္ပါတယ္။