ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (24/11/20)

နွေကမှ ယူနိုက်တက်ထံ ရောက်ရှိလာတဲ့ တိုက်စစ်မှူး ကာဗာနီနဲ့ မိတ်ဆွေ ဖြစ်ရတာ သိပ်ကောင်းကြောင်း မာတာက ဖွင့်ဟခဲ့ပြီး ကာဗာနီ တစ်ယောက် မန်ချက်စတာမြို့မှာ အသားကျအောင် ကူညီ အကြံပေး ဖြစ်တာတွေ ရှိကြောင်း ၎င်းက ဆိုခဲ့ပါတယ်။

ကလပ်အသင်း ယူနိုက်တက်မှာ လင်ဒီလော့ဖ် တစ်ယောက် လုံလောက်နဲ့ အနားယူချိန် မရဘဲ ပွဲဆက်များစွာ ဆက်တိုက် ကစားနေရတာက ကစားသမား ကြံ့ခိုင်မှုကို ထိခိုက်စေနေပြီ ဖြစ်ကြောင်း ဆွီဒင် အသင်း နည်းပြ Janne Andersson က သတိပေးစကား ပြောကြားလိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က မန်ချက်စတာယူနိုက်တက်မှာ အပြောင်းအရွှေ့ တောင်းဆိုမှု လုပ်ခဲ့တဲ့အချိန်တုန်းက သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာ ထံ သွားဖို့ အဆင်သင့်ဖြစ်ခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

နွေမှာ ယူနိုက်တက် အလေးအနက် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ကွင်းလယ် ကစားသမား ဂျက် ဂရေးလစ်ချ်ကို ယူနိုက်တက်ရဲ့ မြို့ခံ ပြိုင်ဘက် မန်စီးတီး အသင်းကတော့ နံပါတ် တစ် ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ပြီး ဇန်နဝါရီမှာ ခေါ်ဖို့ ပြင်ဆင်နေပါတယ်။

ဗီလာရီးရဲလ် တောင်ပံတိုက်စစ်သမား ချူဝီဇီ ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ မန်ချက်စတာ ယူနိုက်တက်လည်း ပါဝင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂၁ နှစ် အရွယ် ကစားသမားရဲ့ လက်ရှိ စာချုပ် ဖျက်သိမ်းကြေးက ယူရို သန်း ၈၀ ရှိနေပါတယ်။

အစ္စတန်ဘူလ် ဘက်ရှီးယား အသင်းနဲ့ ရင်ဆိုင်မယ့် မန်ချက်စတာ ယူနိုက်တက် အသင်းသားများ ဟိုတယ်မှာ စုရုံးရောက်ရှိလာရာ လူစုံတက်စုံ ပါဝင်နေပြီး လူစာရင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

David de Gea, Dean Henderson, Lee Grant; Aaron Wan-Bissaka, Timothy Fosu-Mensah, Harry Maguire, Teden Mengi, Axel Tuanzebe, Victor Lindelof, Alex Telles, Brandon Williams; Donny Van de Beek. Nemanja Matic, Fred, Juan Mata, Bruno Fernandes, Facundo Pellstri, Daniel James; Marcus Rashford, Mason Greenwood, Anthony Martial, Edinson Cavani, Odion Ighalo.

Zawgyi – ေႏြကမွ ယူနုိက္တက္ထံ ေရာက္ရွိလာတဲ့ တိုက္စစ္မွဴး ကာဗာနီနဲ႕ မိတ္ေဆြ ျဖစ္ရတာ သိပ္ေကာင္းေၾကာင္း မာတာက ဖြင့္ဟခဲ့ျပီး ကာဗာနီ တစ္ေယာက္ မန္ခ်က္စတာျမိဳ႔မွာ အသားက်ေအာင္ ကူညီ အၾကံေပး ျဖစ္တာေတြ ရွိေၾကာင္း ၄င္းက ဆိုခဲ့ပါတယ္။

ကလပ္အသင္း ယူနိုက္တက္မွာ လင္ဒီေလာ့ဖ္ တစ္ေယာက္ လံုေလာက္နဲ႕ အနားယူခ်ိန္ မရဘဲ ပြဲဆက္မ်ားစြာ ဆက္တိုက္ ကစားေနရတာက ကစားသမား ၾကံ႕ခိုင္မႈကို ထိခိုက္ေစေနျပီ ျဖစ္ေၾကာင္း ဆီြဒင္ အသင္း နည္းျပ Janne Andersson က သတိေပးစကား ေျပာၾကားလိုက္ပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ဝိန္း႐ြန္းနီဟာ လြန္ခဲ့တဲ့ ၁၀ ႏွစ္က မန္ခ်က္စတာယူႏိုက္တက္မွာ အေျပာင္းအေ႐ႊ႕ ေတာင္းဆိုမႈ လုပ္ခဲ့တဲ့အခ်ိန္တုန္းက သူ႔အေနနဲ႔ ရီးရဲလ္မက္ဒရစ္ ဒါမွမဟုတ္ ဘာစီလိုနာ ထံ သြားဖို႔ အဆင္သင့္ျဖစ္ခဲ့ဖူးတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ေႏြမွာ ယူနိုက္တက္ အေလးအနက္ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ခဲ့တဲ့ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ကြင္းလယ္ ကစားသမား ဂ်က္ ဂေရးလစ္ခ်္ကို ယူနိုက္တက္ရဲ႕ ျမိဳ႔ခံ ျပိဳင္ဘက္ မန္စီးတီး အသင္းကေတာ့ နံပါတ္ တစ္ ဦးစားေပး ပစ္မွတ္ အျဖစ္ သတ္မွတ္လိုက္ျပီး ဇန္န၀ါရီမွာ ေခၚဖို႔ ျပင္ဆင္ေနပါတယ္။

ဗီလာရီးရဲလ္ ေတာင္ပံတိုက္စစ္သမား ခ်ဴ၀ီဇီ ကို ေခၚယူလိုတဲ့ အသင္းေတြထဲ မန္ခ်က္စတာ ယူနိုက္တက္လည္း ပါ၀င္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ ကစားသမားရဲ႕ လက္ရွိ စာခ်ဳပ္ ဖ်က္သိမး္ေၾကးက ယူရို သန္း ၈၀ ရွိေနပါတယ္။

အစၥတန္ဘူလ္ ဘက္ရွီးယား အသင္းနဲ႕ ရင္ဆိုင္မယ့္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းသားမ်ား ဟိုတယ္မွာ စုရံုးေရာက္ရွိလာရာ လူစံုတက္စံု ပါ၀င္ေနျပီး လူစာရင္းကေတာ့ ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

David de Gea, Dean Henderson, Lee Grant; Aaron Wan-Bissaka, Timothy Fosu-Mensah, Harry Maguire, Teden Mengi, Axel Tuanzebe, Victor Lindelof, Alex Telles, Brandon Williams; Donny Van de Beek. Nemanja Matic, Fred, Juan Mata, Bruno Fernandes, Facundo Pellstri, Daniel James; Marcus Rashford, Mason Greenwood, Anthony Martial, Edinson Cavani, Odion Ighalo.