အစ္စတန်ဘူလ် ဘက်ရှီးယားနဲ့ ချန်ပီယံလိဂ် ပွဲမှာ ယူနိုက်တက် ကွင်းလယ်သမား ဘရူနိုဖာနန်ဒက်စ်ဟာ ပထမပိုင်းမှာပဲ ၂ဂိုးသွင်းခဲ့ပြီးနောက် ပင်နယ်တီရခဲ့ပေမယ့် ဟက်ထရစ် ရမယ့် အခွင့်အရေးကို ငြင်းပယ်ပြီး ရက်ရှ်ဖို့ဒ်ကို ပေးကန်ခဲ့သလို ဒန်နီရယ်ဂျိမ်းစ်ရဲ့ အချိန်ပိုသွင်းဂိုးနဲ့အတူ ပွဲအပြီးမှာ ၄-၁နဲ့ အနိုင်ရခဲ့ပါတယ်။
ဘက်ရှီးယားကို အနိုင်ရခဲ့တဲ့နောက် အုပ်စုတက်ဖို့ ရမှတ် ၁ မှတ်သာ လိုတော့ပေမယ့်လဲ ယူနိုက်တက်ရဲ့ နောက်ထပ်ပြိုင်ဘက်က ပီအက်စ်ဂျီဖြစ်တာကြောင့် လွယ်ကူမှာမဟုတ်ပဲ ဘာမှ သေချာ ပြောလို့ မရသေးဘူးလို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။
ဘရူနို ဖာနန်ဒက်စ်ဟာ ပင်နယ်တီ ပင်တိုင်ကန်သွင်းသူဖြစ်ပေမယ့်လဲ မနေ့ကပွဲမှာ ဟက်ထရစ်ရနိုင်မယ့် ပင်နယ်တီကိုမကန်ခဲ့တဲ့အကြောင်းက နောက်ဆုံး လိဂ်ပွဲမှာ ရက်ရှ်ဖို့ဒ်ကို ပင်နယ်တီရရင် ပေးကန်မယ် လို့ ပြောခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ယူနိုက်တက်နောက်ခံလူဟောင်း ရာဖေးဒါဆေးဗားဟာ ဘာရှက်ရှီဟီနဲ့အတူ အိုးလ်ထရက်ဖို့ဒ်ကို ပြန်လာခဲ့ပြီး ယူနိုက်တက်က သူတို့ကို အနိုင်ရခဲ့သလို အခုလိုမျိုး ဆက်လက်တိုက်ပွဲဝင်သွားဖို့ ပွဲအပြီးမှာ အသင်းဟောင်းကို အမှာစကားပါးခဲ့ပါတယ်။
ဒဏ်ရာရခဲ့တဲ့ ဝမ်ဘစ်ဆာကာနဲ့ လင်ဒီလော့ဖ်တို့ဟာ ဒီနေ့ပွဲမှာ လူစားဝင် ကစားနိုင်ခဲ့ပြီးနောက် ပြန်ကောင်းလာပြီလို့ ခန့်မှန်းရပြီး ဒီတစ်ပတ် လိဂ်ပွဲမှာ ယူနိုက်တက်အတွက် ကစားပေးနိုင်ဖို့ ဆိုးလ်ရှားက မျှော်လင့်နေပါတယ်။
ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ် အတွက် ဗန်ဒီဘိခ်ကို အခွင့်အရေးပေးခဲ့ပြီး ပေါ့ဘာကို ဆက်လက် ချန်လှပ်ထားခဲ့ရတဲ့အကြောင်းက သူဟာ ခြေကျင်းဝတ်ဒဏ်ရာ ရနေတာကြောင့် မကစားနိုင်လို့ ဖြစ်တယ်လို့ ဆိုးလ်ရှားက အကြောင်းပြခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က ရက်ရှ်ဖို့ဒ်ကို ပင်နယ်တီပေးကန်ခဲ့တာနဲ့ ပတ်သက်လို့ ပေါလ်စခိုးက အားမလိုအားမရ ဖြစ်ပြီး သူ့ကို နားမလည်နိုင်ဘူးလို့ ပြောခဲ့ပေမယ့် ဆိုးလ်ရှားကတော့ သူလုပ်ချင်တာလုပ်နိုင်ပြီး ပင်နယ်တီမျှကန်လဲ ဘာမှမဖြစ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
Zawgyi – အစၥတန္ဘူလ္ ဘက္ရွီးယားနဲ႕ ခ်န္ပီယံလိဂ္ ပြဲမွာ ယူနိုက္တက္ ကြင္းလယ္သမား ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပထမပိုင္းမွာပဲ ၂ဂိုးသြင္းခဲ့ၿပီးေနာက္ ပင္နယ္တီရခဲ့ေပမယ့္ ဟက္ထရစ္ ရမယ့္ အခြင့္အေရးကို ျငင္းပယ္ၿပီး ရက္ရွ္ဖို႔ဒ္ကို ေပးကန္ခဲ့သလို ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ အခ်ိန္ပိုသြင္းဂိုးနဲ႔အတူ ပြဲအၿပီးမွာ ၄-၁နဲ႔ အႏိုင္ရခဲ့ပါတယ္။
ဘက္ရွီးယားကို အႏိုင္ရခဲ့တဲ့ေနာက္ အုပ္စုတက္ဖို႔ ရမွတ္ ၁ မွတ္သာ လိုေတာ့ေပမယ့္လဲ ယူႏိုက္တက္ရဲ႕ ေနာက္ထပ္ၿပိဳင္ဘက္က ပီအက္စ္ဂ်ီျဖစ္တာေၾကာင့္ လြယ္ကူမွာမဟုတ္ပဲ ဘာမွ ေသခ်ာ ေျပာလို႔ မရေသးဘူးလို႔ ဆိုးလ္ရွားက ဝန္ခံခဲ့ပါတယ္။
ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ပင္နယ္တီ ပင္တိုင္ကန္သြင္းသူျဖစ္ေပမယ့္လဲ မေန႔ကပြဲမွာ ဟက္ထရစ္ရႏိုင္မယ့္ ပင္နယ္တီကိုမကန္ခဲ့တဲ့အေၾကာင္းက ေနာက္ဆုံး လိဂ္ပြဲမွာ ရက္ရွ္ဖို႔ဒ္ကို ပင္နယ္တီရရင္ ေပးကန္မယ္ လို႔ ေျပာခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။
ယူႏိုက္တက္ေနာက္ခံလူေဟာင္း ရာေဖးဒါေဆးဗားဟာ ဘာရွက္ရွီဟီနဲ႔အတူ အိုးလ္ထရက္ဖို႔ဒ္ကို ျပန္လာခဲ့ၿပီး ယူႏိုက္တက္က သူတို႔ကို အႏိုင္ရခဲ့သလို အခုလိုမ်ိဳး ဆက္လက္တိုက္ပြဲဝင္သြားဖို႔ ပြဲအၿပီးမွာ အသင္းေဟာင္းကို အမွာစကားပါးခဲ့ပါတယ္။
ဒဏ္ရာရခဲ့တဲ့ ဝမ္ဘစ္ဆာကာနဲ႔ လင္ဒီေလာ့ဖ္တို႔ဟာ ဒီေန႔ပြဲမွာ လူစားဝင္ ကစားႏိုင္ခဲ့ၿပီးေနာက္ ျပန္ေကာင္းလာၿပီလို႔ ခန႔္မွန္းရၿပီး ဒီတစ္ပတ္ လိဂ္ပြဲမွာ ယူႏိုက္တက္အတြက္ ကစားေပးႏိုင္ဖို႔ ဆိုးလ္ရွားက ေမွ်ာ္လင့္ေနပါတယ္။
ခ်န္ပီယံလိဂ္ပြဲမွာ ကြင္းလယ္ အတြက္ ဗန္ဒီဘိခ္ကို အခြင့္အေရးေပးခဲ့ၿပီး ေပါ့ဘာကို ဆက္လက္ ခ်န္လွပ္ထားခဲ့ရတဲ့အေၾကာင္းက သူဟာ ေျခက်င္းဝတ္ဒဏ္ရာ ရေနတာေၾကာင့္ မကစားႏိုင္လို႔ ျဖစ္တယ္လို႔ ဆိုးလ္ရွားက အေၾကာင္းျပခဲ့ပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္က ရက္ရွ္ဖို႔ဒ္ကို ပင္နယ္တီေပးကန္ခဲ့တာနဲ႔ ပတ္သက္လို႔ ေပါလ္စခိုးက အားမလိုအားမရ ျဖစ္ၿပီး သူ႔ကို နားမလည္ႏိုင္ဘူးလို႔ ေျပာခဲ့ေပမယ့္ ဆိုးလ္ရွားကေတာ့ သူလုပ္ခ်င္တာလုပ္ႏိုင္ၿပီး ပင္နယ္တီမွ်ကန္လဲ ဘာမွမျဖစ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။