ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် အသင်း သတင်းတိုများ (25/11/20)

ရီယိုဖာဒီနန်က သူဟာ ပီပီကို သဘောကျသူဖြစ်ပြီး အာဆင်နယ်တိုက်စစ်မှူး အနေနဲ့ ကလပ်မှာ ကောင်းကောင်းလုပ်နေတာကို မြင်ချင်ကြောင်း ပြောဆိုခဲ့သလို သူက ကျွမ်းကျင်မှုရှိပြီး လှလှပပကစားတတ်သူ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဂျိုးဝေလော့ခ်ဟာ အာဆင်နယ်အသင်းကြီးမှာ ပုံမှန်ကစားခွင့်မရသေးပေမယ့် ကမ့်ဘဲက သူ့ကို အတော်လေးနှစ်သက်နေတာဖြစ်ပြီး လူငယ်ကွင်းလယ်လူအနေနဲ့ အနာဂတ်မှာ အသင်းကြီးရဲ့အဓိက ကစားသမားဖြစ်လာလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။

ပီပီဟာ လိဒ်စ်နဲ့ပွဲမှာ အနီကဒ်ထိခဲ့တဲ့နောက် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေများစွာ ခံခဲ့ရပေမယ့် အသင်းဖော် ရှာကာက သူ့ကို ထောက်ခံအားပေးခဲ့ပြီး ပိုပြီး တောင့်တင်းတဲ့ပုံစံနဲ့ ပြန်လာဖို့ တောင်ပံ ကစားသမားကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အာတီတာဟာ ယူရိုပါလိဂ်ပွဲတွေမှာ လူငယ်ကြယ်ပွင့်တွေကို အခွင့်အရေး ပေးနေကျ ဖြစ်သလို မနက်ဖြန် မယ်လ်မိုနဲ့ပွဲအတွက် နော်ဝေကို သွားခဲ့တဲ့ အာဆင်နယ် အသင်းမှာ ဖိုလာရင် ဘာလိုဂန်နဲ့အတူ လူငယ်ကစားသမားများစွာ ပါဝင်လာခဲ့ပါတယ်။

အဲရစ်ဆင်ဟာ ဇန်နဝါရီမှာ အင်တာကနေ ထွက်ခွာဖို့ ရှိနေပြီး အာဆင်နယ်က ခေါ်ယူဖို့ သတင်းထွက်ခဲ့ပေမယ့် အာတီတာက သူ့ကို ငြင်းပယ်ခဲ့ပြီး ဂိုးရှေ့မှာ ရုန်းကန်နေရတဲ့ အသင်းအတွက် တိုက်စစ်ကို ဦးစားပေးအားဖြည့်သွားမှာဖြစ်ပါတယ်။

လိဒ်စ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ ဗဟိုနောက်ခံလူ ရော့ဘ်ဟိုးဒင်းက လက်ကို လေထဲမြှောက်ပြီး အောင်ပွဲခံခဲ့တာဟာ အာဆင်နယ်တို့ ကံကောင်းလို့ ၁မှတ်ရတာကို သူတို့ကိုယ်တိုင်သိနေတယ်ဆိုတာ ပြသခဲ့တာပါလို့ ရီယိုဖာဒီနန်က သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ သူတို့ရဲ့ အကယ်ဒမီကြယ်ပွင့်ဟောင်း ယူနက်စ် မူဆာကို ဗလင်စီယာကနေ ပြန်ခေါ်ဖို့ စိတ်ဝင်စားနေတယ်လို့သိရပေမယ့် စပိန်မှာ ခြေစွမ်းပြနေတဲ့ သူ့ကို ခေါ်ယူဖို့အတွက် လိဒ်စ်၊ အဲဗာတန်၊ ဝုလ်ဗ်တို့နဲ့ ပြိုင်ဆိုင်ရမှာဖြစ်ပါတယ်။

ပီပီဟာ အနီကဒ်ပြသခံခဲ့ရတဲ့နောက် နည်းပြ အာတီတာရဲ့ မကျေနပ်မှုကို ခံခဲ့ရပေမယ့် သူ့ကို အငှားချဖို့ အာဆင်နယ်မှာ အစီအစဉ် မရှိသလို မိုလ်ဒီနဲ့ပွဲအတွက် နော်ဝေကို သွားတဲ့ခရီးမှာလဲ လူငယ် ကစားသမားတွေနဲ့ အတူ ပါဝင်လာခဲ့ပါတယ်။

Zawgyi – ရီယိုဖာဒီနန္က သူဟာ ပီပီကို သေဘာက်သူျဖစ္ၿပီး အာဆင္နယ္တိုက္စစ္မႉး အေနနဲ႔ ကလပ္မွာ ေကာင္းေကာင္းလုပ္ေနတာကို ျမင္ခ်င္ေၾကာင္း ေျပာဆိုခဲ့သလို သူက ကြၽမ္းက်င္မႈရွိၿပီး လွလွပပကစားတတ္သူ ျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ဂ်ိဳးေဝေလာ့ခ္ဟာ အာဆင္နယ္အသင္းႀကီးမွာ ပုံမွန္ကစားခြင့္မရေသးေပမယ့္ ကမ့္ဘဲက သူ႔ကို အေတာ္ေလးႏွစ္သက္ေနတာျဖစ္ၿပီး လူငယ္ကြင္းလယ္လူအေနနဲ႔ အနာဂတ္မွာ အသင္းႀကီးရဲ႕အဓိက ကစားသမားျဖစ္လာလိမ့္မယ္လို႔ေျပာဆိုခဲ့ပါတယ္။

ပီပီဟာ လိဒ္စ္နဲ႔ပြဲမွာ အနီကဒ္ထိခဲ့တဲ့ေနာက္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြမ်ားစြာ ခံခဲ့ရေပမယ့္ အသင္းေဖာ္ ရွာကာက သူ႔ကို ေထာက္ခံအားေပးခဲ့ၿပီး ပိုၿပီး ေတာင့္တင္းတဲ့ပုံစံနဲ႔ ျပန္လာဖို႔ ေတာင္ပံ ကစားသမားကို တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

အာတီတာဟာ ယူ႐ိုပါလိဂ္ပြဲေတြမွာ လူငယ္ၾကယ္ပြင့္ေတြကို အခြင့္အေရး ေပးေနက် ျဖစ္သလို မနက္ျဖန္ မယ္လ္မိုနဲ႔ပြဲအတြက္ ေနာ္ေဝကို သြားခဲ့တဲ့ အာဆင္နယ္ အသင္းမွာ ဖိုလာရင္ ဘာလိုဂန္နဲ႔အတူ လူငယ္ကစားသမားမ်ားစြာ ပါဝင္လာခဲ့ပါတယ္။

အဲရစ္ဆင္ဟာ ဇန္နဝါရီမွာ အင္တာကေန ထြက္ခြာဖို႔ ရွိေနၿပီး အာဆင္နယ္က ေခၚယူဖို႔ သတင္းထြက္ခဲ့ေပမယ့္ အာတီတာက သူ႔ကို ျငင္းပယ္ခဲ့ၿပီး ဂိုးေရွ႕မွာ ႐ုန္းကန္ေနရတဲ့ အသင္းအတြက္ တိုက္စစ္ကို ဦးစားေပးအားျဖည့္သြားမွာျဖစ္ပါတယ္။

လိဒ္စ္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲအၿပီးမွာ ဗဟိုေနာက္ခံလူ ေရာ့ဘ္ဟိုးဒင္းက လက္ကို ေလထဲေျမႇာက္ၿပီး ေအာင္ပြဲခံခဲ့တာဟာ အာဆင္နယ္တို႔ ကံေကာင္းလို႔ ၁မွတ္ရတာကို သူတို႔ကိုယ္တိုင္သိေနတယ္ဆိုတာ ျပသခဲ့တာပါလို႔ ရီယိုဖာဒီနန္က သုံးသပ္ခဲ့ပါတယ္။

အာဆင္နယ္ဟာ သူတို႔ရဲ႕ အကယ္ဒမီၾကယ္ပြင့္ေဟာင္း ယူနက္စ္ မူဆာကို ဗလင္စီယာကေန ျပန္ေခၚဖို႔ စိတ္ဝင္စားေနတယ္လို႔သိရေပမယ့္ စပိန္မွာ ေျခစြမ္းျပေနတဲ့ သူ႔ကို ေခၚယူဖို႔အတြက္ လိဒ္စ္၊ အဲဗာတန္၊ ဝုလ္ဗ္တို႔နဲ႔ ၿပိဳင္ဆိုင္ရမွာျဖစ္ပါတယ္။

ပီပီဟာ အနီကဒ္ျပသခံခဲ့ရတဲ့ေနာက္ နည္းျပ အာတီတာရဲ႕ မေက်နပ္မႈကို ခံခဲ့ရေပမယ့္ သူ႔ကို အငွားခ်ဖို႔ အာဆင္နယ္မွာ အစီအစဥ္ မရွိသလို မိုလ္ဒီနဲ႔ပြဲအတြက္ ေနာ္ေဝကို သြားတဲ့ခရီးမွာလဲ လူငယ္ ကစားသမားေတြနဲ႔ အတူ ပါဝင္လာခဲ့ပါတယ္။