ချယ်ဆီးအသင်းဟာ ဒီတစ်ပတ် စပါးနဲ့တွေ့ရမယ့် အရေးကြီးပွဲစဉ်အတွက် ပြင်ဆင်နေသလို နည်းပြ လမ်းပတ်က သူဟာ လွန်ခဲ့တဲ့ ၃ ရက်ကတည်းက မော်ရင်ညိုနဲ့ တွေ့ရမယ့်အကြောင်းကို သေချာစဉ်းစားနေခဲ့တာပါလို့ ဝန်ခံခဲ့ပါတယ်။
ချယ်ဆီးဟာ သီယာဂိုဆေးဗားကို နွေရာသီမှာ ခေါ်ယူခဲ့တုန်းက ကနဦးမှာ သူ့အသက်အရွယ်နဲ့ ပရီးမီးယားလိဂ်ရဲ့ပုံစံကြောင့် ၎င်းရဲ့အရည်အသွေးအပေါ် သံသယရှိခဲ့ပေမယ့် အခုတော့ သူထင်တာမှားသွားခဲ့တယ်လို့ ဂျိုကိုးလ်က ဝန်ခံခဲ့ပါတယ်။
ဝက်စ်ဟမ်း ကွင်းလယ်သမား ဒီကလန်ရိုက်စ်ဟာ ချယ်ဆီးနဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှုတွေရှိနေတဲ့ကြားက သူ့အနာဂတ် ရည်မှန်းချက်အပေါ် ဖွင့်ဟလာခဲ့ပြီး မိမိအနေနဲ့ ကလပ်နဲ့နိုင်ငံအတွက် အောင်မြင်ချင်ပြီး ဆုဖလားတွေ ရယူချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဝါရင့် ခံစစ်မှူး သီယာဂိုဆေးဗားဟာ ချယ်ဆီးမှာ အသားကျနေသလို ၂၀၂၂ မှာစာချုပ်သက်တမ်း ကုန်ပြီးတဲ့နောက် ကလပ်မှာပဲ ဆက်နေလိုကြောင်း ၎င်းရဲ့အေးဂျင့်ကို ပြောခဲ့ပြီး လမ်းပတ်ကလဲ သူ့ကို အသင်းမှာ ဆက်ထိန်းထားချင် နေပါတယ်။
ချယ်ဆီးအသင်း ဟာ နောက်နွေရာသီမှာ ဝယ်ယူနိုင်မယ့် လူငယ် ဗဟိုနောက်ခံလူတွေကို ရှာဖွေနေပြီး လူငယ်အတွေ့အကြုံရှိသူတွေကို အလိုရှိနေတာဖြစ်သလို အက်သလက်တီကိုရဲ့ ဟိုဆေးဂျီမီနက်ဇ်ကို ပစ်မှတ်ထားနိုင်တယ်လို့ သိရပါတယ်။
ပူလီဆစ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ကလပ်ရဲ့ နောက်ဆုံး၅ ပွဲကို လွဲချော်ခဲ့ပေမယ့် အခု ပြန်လည်ကောင်းမွန်လာနေပြီဖြစ်ပြီး ပွဲကစားနိုင်ဖို့ နီးစပ်နေသလို ဒါက စပါးနဲ့ပွဲမတိုင်ခင် နည်းပြ လမ်းပတ်အတွက် အားတက်စရာလဲ ဖြစ်ပါတယ်။
တိုက်စစ်သမား အိုဒွိုင်းဟာ ခြေစွမ်းကောင်းတွေ ပြန်လည်ရရှိလာနေပေမယ့် ပွဲကစားချိန်ပိုရချင်တဲ့ သူ့ရဲ့ ဆန္ဒအတွက် စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းဖို့ လမ်းပတ်က တောင်းဆိုခဲ့ပြီး ချယ်ဆီးမှာ သူ့အတွက် တောက်ပတဲ့အနာဂတ်ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
တိုက်စစ်မှူး ဂျီရူးဟာ ဒီရာသီမှာ ပွဲကစားချိန်ရဖို့ရုန်းကန်ခဲ့ရတဲ့နောက် အသင်းကနေထွက်ခွာဖို့ ချိတ်ဆက်နေပေမယ့် တိုနီကက်စ်ကာရီနိုက သူ့ကို အသင်းမှာ ဆက်ထိန်းထားစေလိုပြီး ဂျီရူးက လိဂ်မှာ အကောင်းဆုံး ပြည်ပကစားသမား ဖြစ်တယ်လို့ ချီးကျူပြောဆိုခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီတစ္ပတ္ စပါးနဲ႔ေတြ႕ရမယ့္ အေရးႀကီးပြဲစဥ္အတြက္ ျပင္ဆင္ေနသလို နည္းျပ လမ္းပတ္က သူဟာ လြန္ခဲ့တဲ့ ၃ ရက္ကတည္းက ေမာ္ရင္ညိဳနဲ႔ ေတြ႕ရမယ့္အေၾကာင္းကို ေသခ်ာစဥ္းစားေနခဲ့တာပါလို႔ ဝန္ခံခဲ့ပါတယ္။
ခ်ယ္ဆီးဟာ သီယာဂိုေဆးဗားကို ေႏြရာသီမွာ ေခၚယူခဲ့တုန္းက ကနဦးမွာ သူ႔အသက္အ႐ြယ္နဲ႔ ပရီးမီးယားလိဂ္ရဲ႕ပုံစံေၾကာင့္ ၎ရဲ႕အရည္အေသြးအေပၚ သံသယရွိခဲ့ေပမယ့္ အခုေတာ့ သူထင္တာမွားသြားခဲ့တယ္လို႔ ဂ်ိဳကိုးလ္က ဝန္ခံခဲ့ပါတယ္။
၀က္စ္ဟမ္း ကြင္းလယ္သမား ဒီကလန္႐ိုက္စ္ဟာ ခ်ယ္ဆီးနဲ႔ ခိုင္မာတဲ့ ခ်ိတ္ဆက္မႈေတြရွိေနတဲ့ၾကားက သူ႔အနာဂတ္ ရည္မွန္းခ်က္အေပၚ ဖြင့္ဟလာခဲ့ၿပီး မိမိအေနနဲ႔ ကလပ္နဲ႔ႏိုင္ငံအတြက္ ေအာင္ျမင္ခ်င္ၿပီး ဆုဖလားေတြ ရယူခ်င္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
၀ါရင့္ ခံစစ္မွဴး သီယာဂိုေဆးဗားဟာ ခ်ယ္ဆီးမွာ အသားက်ေနသလို ၂၀၂၂ မွာစာခ်ဳပ္သက္တမ္း ကုန္ၿပီးတဲ့ေနာက္ ကလပ္မွာပဲ ဆက္ေနလိုေၾကာင္း ၎ရဲ႕ေအးဂ်င့္ကို ေျပာခဲ့ၿပီး လမ္းပတ္ကလဲ သူ႔ကို အသင္းမွာ ဆက္ထိန္းထားခ်င္ ေနပါတယ္။
ခ်ယ္ဆီးအသင္း ဟာ ေနာက္ေႏြရာသီမွာ ဝယ္ယူႏိုင္မယ့္ လူငယ္ ဗဟိုေနာက္ခံလူေတြကို ရွာေဖြေနၿပီး လူငယ္အေတြ႕အႀကဳံရွိသူေတြကို အလိုရွိေနတာျဖစ္သလို အက္သလက္တီကိုရဲ႕ ဟိုေဆးဂ်ီမီနက္ဇ္ကို ပစ္မွတ္ထားႏိုင္တယ္လို႔ သိရပါတယ္။
ပူလီဆစ္ဟာ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရၿပီး ကလပ္ရဲ႕ ေနာက္ဆုံး၅ ပြဲကို လြဲေခ်ာ္ခဲ့ေပမယ့္ အခု ျပန္လည္ေကာင္းမြန္လာေနၿပီျဖစ္ၿပီး ပြဲကစားႏိုင္ဖို႔ နီးစပ္ေနသလို ဒါက စပါးနဲ႔ပြဲမတိုင္ခင္ နည္းျပ လမ္းပတ္အတြက္ အားတက္စရာလဲ ျဖစ္ပါတယ္။
တိုက္စစ္သမား အိုဒြိဳင္းဟာ ေျခစြမ္းေကာင္းေတြ ျပန္လည္ရရွိလာေနေပမယ့္ ပြဲကစားခ်ိန္ပိုရခ်င္တဲ့ သူ႔ရဲ႕ ဆႏၵအတြက္ စိတ္ရွည္ရွည္နဲ႔ေစာင့္ဆိုင္းဖို႔ လမ္းပတ္က ေတာင္းဆိုခဲ့ၿပီး ခ်ယ္ဆီးမွာ သူ႔အတြက္ ေတာက္ပတဲ့အနာဂတ္ရွိေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
တိုက္စစ္မွဴး ဂ်ီ႐ူးဟာ ဒီရာသီမွာ ပြဲကစားခ်ိန္ရဖို႔႐ုန္းကန္ခဲ့ရတဲ့ေနာက္ အသင္းကေနထြက္ခြာဖို႔ ခ်ိတ္ဆက္ေနေပမယ့္ တိုနီကက္စ္ကာရီႏိုက သူ႔ကို အသင္းမွာ ဆက္ထိန္းထားေစလိုၿပီး ဂ်ီ႐ူးက လိဂ္မွာ အေကာင္းဆုံး ျပည္ပကစားသမား ျဖစ္တယ္လို႔ ခ်ီးက်ဴေျပာဆိုခဲ့ပါတယ္။