ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (26/11/20)

ရီးရဲလ်မက်ဒရစ် ခံစစ်မှူး ရာမို့စ် ဟာ မန်ချက်စတာ ယူနိုက်တက်မှာ နည်းပြ ဆိုးရှား အသည်းအသန် အလိုရှိနေတဲ့ ဗဟိုခံစစ်မှူး နေရာကို ကွက်တိ ဝင်ဖြည့်ပေးနိုင်မယ့်သူ ဖြစ်ကြောင်း တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။

ဗန်ဒီဘိခ်ဟာ အစ္စတန်ဘူလ်နဲ့ပွဲမှာ ကွင်းလယ် double pivot အနေနဲ့ ဖရက်နဲ့ တွဲကစားခဲ့ပြီး အထင်ကြီးစရာ ခြေစွမ်းပြခဲ့သလို တိုက်စစ် ကစားသမားတွေကြား ချိတ်ဆက်ပေးတဲ့ဟာက သူ့ရဲ့ အကောင်းဆုံး နေရာပဲ လို့ ပေါလ်စခိုးက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်မှ အီဗရာနဲ့ ဆွာရက်စ် လီဗာပူးမှာ ရှိစဉ် လူမျိုးရေးခွဲခြားတဲ့ အခင်း ဖြစ်ပြီးနောက် ဆွာရက်စ်ကို ထောက်ခံတဲ့ တီရှပ် ကို ဝတ်ဆင် အားပေးခဲ့တဲ့ အပေါ် နောင်တ ရမိကြောင်း လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ငယ်ရွယ်တဲ့ အင်္ဂလန်သား တစ်ယောက် ဖြစ်တဲ့ ဆန်ချို အနေနဲ့ ယူနိုက်တက်ရဲ့ ချိတ်ဆက်မှု ခံခဲ့ရပြီး အပြောင်းအရွှေ့မှာ ဂယက်ထလိုက်တာက ကစားသမားကို အခြေပျက်စေခဲ့ကြောင်း ဒေါ့မွန် ကွင်းလယ်ဟောင်း လမ်းဘတ်က ထောက်ပြခဲ့ပြီး ဆန်ချိုဟာ လောလောဆယ်မှာလည်း တကယ့် ထူးရှယ်ကလပ် အသင်း တစ်သင်းမှာ ရှိနေတာ ဖြစ်တယ်လို့ အားပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ်မှာ ပရိသတ်တွေကို ကွင်းဝင်ခွင့် ပြန်ပေးတော့မှာ ဖြစ်ပေမယ့် အန္တရာယ်များတဲ့ ဧရိယာတွေကိုတော့ ကွင်းပိတ် ဆက်လက် ကစားစေဦးမှာ ဖြစ်ရာ အိုးထရက်ဖို့ဒ်လည်း ပါဝင်နေပါတယ်။ ဒါကြောင့် ပရိသတ်တွေ အနေနဲ့ အခြေအနေကို စိတ်ရှည်စွာ နားလည်ပေးကြဖို့ ယူနိုက်တက်က တရားဝင် သတင်းထုတ်ပြန် ပန်ကြားသွားခဲ့ပါတယ်။

ဒီတစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်တွေထဲက တစ်ပတ်တာ အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ကာတင် စာရင်းမှာ ယူနိုက်တက်မှ ဘရူနို ဖာနန်ဒက်စ်လည်း ပါဝင်နေပါတယ်။ ဖာနန်ဒက်စ်ဟာ အစ္စတန်ဘူလ် အသင်းဘက်ကို ၂ ဂိုး သွင်းယူခဲ့ပါတယ်။

Zawgyi – ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴး ရာမို႔စ္ ဟာ မန္ခ်က္စတာ ယူနိုက္တက္မွာ နည္းျပ ဆိုးရွား အသည္းအသန္ အလိုရွိေနတဲ့ ဗဟိုခံစစ္မွဴး ေနရာကို ကြက္တိ ၀င္ျဖည့္ေပးနုိင္မယ့္သူ ျဖစ္ေၾကာင္း တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

ဗန္ဒီဘိခ္ဟာ အစၥတန္ဘူလ္နဲ႔ပြဲမွာ ကြင္းလယ္ double pivot အေနနဲ႔ ဖရက္နဲ႔ တြဲကစားခဲ့ၿပီး အထင္ႀကီးစရာ ေျခစြမ္းျပခဲ့သလို တိုက္စစ္ ကစားသမားေတြၾကား ခ်ိတ္ဆက္ေပးတဲ့ဟာက သူ႔ရဲ႕ အေကာင္းဆုံး ေနရာပဲ လို႔ ေပါလ္စခိုးက ေျပာဆိုခဲ့ပါတယ္။

ယူနုိက္တက္မွ အီဗရာနဲ႕ ဆြာရက္စ္ လီဗာပူးမွာ ရွိစဥ္ လူမ်ိဳးေရးခြဲျခားတဲ့ အခင္း ျဖစ္ျပီးေနာက္ ဆြာရက္စ္ကို ေထာက္ခံတဲ့ တီရွပ္ ကို ၀တ္ဆင္ အားေပးခဲ့တဲ့ အေပၚ ေနာင္တ ရမိေၾကာင္း လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

ငယ္ရြယ္တဲ့ အဂၤလန္သား တစ္ေယာက္ ျဖစ္တဲ့ ဆန္ခ်ိဳ အေနနဲ႕ ယူနိုက္တက္ရဲ႕ ခ်ိတ္ဆက္မႈ ခံခဲ့ရျပီး အေျပာင္းအေရႊ႕မွာ ဂယက္ထလိုက္တာက ကစားသမားကို အေျခပ်က္ေစခဲ့ေၾကာင္း ေဒါ့မြန္ ကြင္းလယ္ေဟာင္း လမ္းဘတ္က ေထာက္ျပခဲ့ျပီး ဆန္ခ်ိဳဟာ ေလာေလာဆယ္မွာလည္း တကယ့္ ထူးရွယ္ကလပ္ အသင္း တစ္သင္းမွာ ရွိေနတာ ျဖစ္တယ္လို႔ အားေပးလိုက္ပါတယ္။

ပရီးမီးယားလိဂ္မွာ ပရိသတ္ေတြကို ကြင္း၀င္ခြင့္ ျပန္ေပးေတာ့မွာ ျဖစ္ေပမယ့္ အႏၱရာယ္မ်ားတဲ့ ဧရိယာေတြကိုေတာ့ ကြင္းပိတ္ ဆက္လက္ ကစားေစဦးမွာ ျဖစ္ရာ အိုးထရက္ဖို႔ဒ္လည္း ပါ၀င္ေနပါတယ္။ ဒါေၾကာင့္ ပရိသတ္ေတြ အေနနဲ႕ အေျခအေနကို စိတ္ရွည္စြာ နားလည္ေပးၾကဖို႔ ယူနိုက္တက္က တရား၀င္ သတင္းထုတ္ျပန္ ပန္ၾကားသြားခဲ့ပါတယ္။

ဒီတစ္ပတ္ ခ်န္ပီယံလိဂ္ ပြဲစဥ္ေတြထဲက တစ္ပတ္တာ အေကာင္းဆံုး ကစားသမားဆု အတြက္ ဆန္ကာတင္ စာရင္းမွာ ယူနိုက္တက္မွ ဘရူနို ဖာနန္ဒက္စ္လည္း ပါ၀င္ေနပါတယ္။ ဖာနန္ဒက္စ္ဟာ အစၥတန္ဘူလ္ အသင္းဘက္ကို ၂ ဂိုး သြင္းယူခဲ့ပါတယ္။