ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (27/11/20)

ချယ်ဆီး၊ အာဆင်နယ်နဲ့ စပါးတို့ရဲ့ ကစားပုံတွေကို ကြည့်ပြီးနောက် ဒီနှစ်မှာ လန်ဒန် အသင်းတစ်သင်းက ဖလားရတော့မယ်ဆိုတာသိခဲ့ပြီး ချယ်ဆီးနဲ့ စပါးတို့ရဲ့ ဖလားလုပွဲကို ကြည့်ရနိုင်တယ်လို့ ဝီလီယံ ဂယ်လက်စ်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်ဖို့ အခွင့်အရေး အပြည့် ရှိနေသလို သူတို့ရဲ့ အရေးအကြီးဆုံး ကစားသမားတွေအနေနဲ့ ကြံ့ခိုင်မှုပြည့်ဝပြီး အမြဲတမ်း ကစားဖို့ အဆင်သင့် ဖြစ်နေရန် လိုတယ်လို့ တင်ရှားဝုဒ်က တိုက်တွန်းခဲ့ပါတယ်။

ချယ်ဆီးဂိုးသမား အီဒိုဝပ် မန်ဒီက ကစားသမားတွေနဲ့ ဝန်ထမ်းတွေကြား ဆက်ဆံရေး ကောင်းမွန်မှုကို မီးမောင်းထိုးပြခဲ့ပြီး ပြင်သစ်နောက်ခံလူတွေအပြင် အားလုံးရဲ့ ဖေးမကူညီမှုကြောင့် လန်ဒန်မှာ မြန်မြန် အသားကျခဲ့တာပါလို့ ဖွင့်ဟခဲ့ပါတယ်။

လန်ဒန်မြို့ဟာ အင်္ဂလန်ရဲ့ ကိုဗစ်နဲ့ဆိုင်တဲ့ အဆင့်သတ်မှတ်ချက်မှာ tier 2 ထဲပါဝင် တာကြောင့် ချယ်ဆီးဟာ ဒီဇင်ဘာကနေစလို့ ပရိသတ် ၂၀၀၀ အထိ ကွင်းထဲ ဝင်ခွင့်ပြု နိုင်တော့မှာဖြစ်ပြီး ၅ ရက်နေ့ လိဒ်စ်နဲ့ပွဲမှာ ပရိသတ်တွေနဲ့အတူ ကစားရတော့မှာပါ။

စပါးဟာ လူဒိုဂိုရက်စ်နဲ့ ယူရိုပါလိဂ်ပွဲမှာ အရန်ကစားသမားတွေ အများကြီး ထည့်ကစားခဲ့ပေမယ့် ၄-၀ နဲ့ အနိုင်ရရှိခဲ့သလို အကောင်းဆုံး ခြေစွမ်းတွေနဲ့အတူ တနင်္ဂနွေနေ့မှာ တွေ့ရမယ့် ပြိုင်ဘက် ချယ်ဆီးကို သတိပေးခဲ့ပါတယ်။

ကတ်ဇူးမား၊ သီယာဂိုဆေးဗားတို့ရဲ့ ခြေစွမ်းပြသမှုတွေကြောင့် တိုမိုရီဟာ ချယ်ဆီးမှာ နေရာမရဖြစ်နေတာနဲ့အတူ နယူးကာဆယ်က သူ့ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဇန်နဝါရီမှာ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ဖွယ် ရှိပါတယ်။

မန်ဒီရဲ့ အကောင်းဆုံး လက်စွမ်းပြသမှုတွေနဲ့ အတူ ကီပါဟာ အသင်းမှာ နေရာပြန်ရဖို့ မရှိတော့တာကြောင့် ချယ်ဆီးက ဇန်နဝါရီမှာ သူ့ကို ထွက်ခွာခွင့်ပြုတော့မှာ ဖြစ်ပေမယ့် သူ့ကို ခေါ်ယူခဲ့ရတဲ့ ယူရို သန်း ၈၀ မဟုတ်ပဲ အောက်ကြေးနဲ့ လက်လွှတ်ရနိုင်ပါတယ်။

ချယ်ဆီးဟာ သင့်တော်တဲ့ အခြေအနေတွေ့ရင် ဂျီရူးကို ဇန်နဝါရီမှာ ထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိနေပေမယ့် ၎င်းရဲ့စာချုပ်က နွေရာသီမှာ သက်တမ်းကုန်မှာဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးကတော့ အများကြီး မျှော်လင့်လို့ ရမှာ မဟုတ်ပါဘူး။

Zawgyi – ခ်ယ္ဆီး၊ အာဆင္နယ္နဲ႔ စပါးတို႔ရဲ႕ ကစားပုံေတြကို ၾကည့္ၿပီးေနာက္ ဒီႏွစ္မွာ လန္ဒန္ အသင္းတစ္သင္းက ဖလားရေတာ့မယ္ဆိုတာသိခဲ့ၿပီး ခ်ယ္ဆီးနဲ႔ စပါးတို႔ရဲ႕ ဖလားလုပြဲကို ၾကည့္ရႏိုင္တယ္လို႔ ဝီလီယံ ဂယ္လက္စ္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားအတြက္ တိုက္ပြဲဝင္ဖို႔ အခြင့္အေရး အျပည့္ ရွိေနသလို သူတို႔ရဲ႕ အေရးအႀကီးဆုံး ကစားသမားေတြအေနနဲ႔ ႀကံ့ခိုင္မႈျပည့္ဝၿပီး အၿမဲတမ္း ကစားဖို႔ အဆင္သင့္ ျဖစ္ေနရန္ လိုတယ္လို႔ တင္ရွားဝုဒ္က တိုက္တြန္းခဲ့ပါတယ္။

ခ်ယ္ဆီးဂိုးသမား အီဒိုဝပ္ မန္ဒီက ကစားသမားေတြနဲ႔ ဝန္ထမ္းေတြၾကား ဆက္ဆံေရး ေကာင္းမြန္မႈကို မီးေမာင္းထိုးျပခဲ့ၿပီး ျပင္သစ္ေနာက္ခံလူေတြအျပင္ အားလုံးရဲ႕ ေဖးမကူညီမႈေၾကာင့္ လန္ဒန္မွာ ျမန္ျမန္ အသားက်ခဲ့တာပါလို႔ ဖြင့္ဟခဲ့ပါတယ္။

လန္ဒန္ၿမိဳ႕ဟာ အဂၤလန္ရဲ႕ ကိုဗစ္နဲ႔ဆိုင္တဲ့ အဆင့္သတ္မွတ္ခ်က္မွာ tier 2 ထဲပါဝင္ တာေၾကာင့္ ခ်ယ္ဆီးဟာ ဒီဇင္ဘာကေနစလို႔ ပရိသတ္ ၂၀၀၀ အထိ ကြင္းထဲ ဝင္ခြင့္ျပဳ ႏိုင္ေတာ့မွာျဖစ္ၿပီး ၅ ရက္ေန႔ လိဒ္စ္နဲ႔ပြဲမွာ ပရိသတ္ေတြနဲ႔အတူ ကစားရေတာ့မွာပါ။

စပါးဟာ လူဒိုဂိုရက္စ္နဲ႔ ယူ႐ိုပါလိဂ္ပြဲမွာ အရန္ကစားသမားေတြ အမ်ားႀကီး ထည့္ကစားခဲ့ေပမယ့္ ၄-၀ နဲ႔ အႏိုင္ရရွိခဲ့သလို အေကာင္းဆုံး ေျခစြမ္းေတြနဲ႔အတူ တနဂၤေႏြေန႔မွာ ေတြ႕ရမယ့္ ၿပိဳင္ဘက္ ခ်ယ္ဆီးကို သတိေပးခဲ့ပါတယ္။

ကတ္ဇူးမား၊ သီယာဂိုေဆးဗားတို႔ရဲ႕ ေျခစြမ္းျပသမႈေတြေၾကာင့္ တိုမိုရီဟာ ခ်ယ္ဆီးမွာ ေနရာမရျဖစ္ေနတာနဲ႔အတူ နယူးကာဆယ္က သူ႔ကို အငွားေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ဇန္နဝါရီမွာ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ႏိုင္ဖြယ္ ရွိပါတယ္။

မန္ဒီရဲ႕ အေကာင္းဆုံး လက္စြမ္းျပသမႈေတြနဲ႔ အတူ ကီပါဟာ အသင္းမွာ ေနရာျပန္ရဖို႔ မရွိေတာ့တာေၾကာင့္ ခ်ယ္ဆီးက ဇန္နဝါရီမွာ သူ႔ကို ထြက္ခြာခြင့္ျပဳေတာ့မွာ ျဖစ္ေပမယ့္ သူ႔ကို ေခၚယူခဲ့ရတဲ့ ယူ႐ို သန္း ၈၀ မဟုတ္ပဲ ေအာက္ေၾကးနဲ႔ လက္လႊတ္ရႏိုင္ပါတယ္။

ခ်ယ္ဆီးဟာ သင့္ေတာ္တဲ့ အေျခအေနေတြ႕ရင္ ဂ်ီ႐ူးကို ဇန္နဝါရီမွာ ထြက္ခြာခြင့္ေပးဖို႔ ဆႏၵရွိေနေပမယ့္ ၎ရဲ႕စာခ်ဳပ္က ေႏြရာသီမွာ သက္တမ္းကုန္မွာျဖစ္တာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးကေတာ့ အမ်ားႀကီး ေမွ်ာ္လင့္လို႔ ရမွာ မဟုတ္ပါဘူး။