ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (28/11/20)

ဖရန့် လမ်းပတ်က သူနဲ့ မော်ရင်ညိုတို့ကြား ဆက်ဆံရေးဟာ အမြဲတမ်း ဖော်ရွေပျူငှာ ခဲ့ပေမယ့် အင်္ဂလန်ရဲ့ ထိပ်သီးကလပ်၂ခုရဲ့ နည်းပြတွေအနေနဲ့ သူတို့ရဲ့ အလုပ်တာဝန်တွေကြောင့် သူတို့ကြားမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု ရှိလာစေတယ်လို့ ဝန်ခံခဲ့ပါတယ်။

ချယ်ဆီးဟာ နွေရာသီမှာ ပေါင်သန်း၂၀၀ ကျော်သုံးစွဲခဲ့တဲ့နောက် သူတို့အတွက် အောင်မြင်မှုရဖို့ ဖိအားတွေ ပိုရှိနေပေမယ့် စပါးကတော့ အေးဆေးပါပဲ လို့ မော်ရင်ညိုက ဆိုလိုက်ပြီး ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခဲ့ပါတယ်။

သီယာဂိုဆေးဗားဟာ ချယ်ဆီးကို ရောက်ရှိပြီးကတည်းက ခံစစ်အတွက် စိတ်ချရတဲ့သူ ဖြစ်ခဲ့ပေမယ့် စပါးနဲ့ပွဲမှာ ဟယ်ရီကိန်းကို လှုပ်မရအောင် တားဆီးနိုင်ဖို့က သူ့ရဲ့ အရည်အသွေးကို အကောင်းဆုံးစမ်းသပ်မှုပဲဖြစ်တယ်လို့ လမ်းပတ်က ဆိုပါတယ်။

လမ်းပတ်က သူ့အနေနဲ့ ရိုမန်အေဗရာမိုဗစ် လက်ထက်အတွင်း ချယ်ဆီးနဲ့အတူ အလုပ်လုပ်ခဲ့ရတဲ့အတွက် ဂုဏ်ယူနေပေမယ့် ကလပ်က အင်္ဂလန်ရဲ့ ထိပ်ဆုံးအဆင့် ပြန်မရောက်ခင်အထိ မနားမနေ ကြိုးစားသွားမှာပါလို့ ပြောဆိုခဲ့ပါတယ်။

ဒေးဗစ်အလာဘာဟာ နောက်နွေရာသီမှာ ဘိုင်ယန်နဲ့စာချုပ်သက်တမ်းကုန်တော့မှာ ဖြစ်သလို ၎င်းရဲ့အေးဂျင့်ဖြစ်တဲ့ ပီနီ ဇာဟာဗီက လာမယ့်ဇန်နဝါရီမှာ သူ့အနာဂတ်အတွက် ချယ်ဆီးနဲ့ စတင်ဆွေးနွေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

မက်ဆီဟာ ဘာစီလိုနာနဲ့ နောက်ဆုံးနှစ်ကို ရောက်ရှိနေတာဖြစ်ပြီး စာချုပ်သစ် မချုပ်နိုင်ပဲ နောက်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမ ရင် သူ့ကို ခေါ်ဖို့ ကြိုးစားမယ့်ကလပ်တွေထဲမှာ ချယ်ဆီးလဲ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ချယ်ဆီးမှာ ရိစ်ဂျိမ်းစ်ရဲ့ တိုးတက်အောင်မြင်မှုလာမှုကို အထင်ကြီးခဲ့ရကြောင်း အာနိုးက ဝန်ခံခဲ့သလို အင်္ဂလန်အသင်းမှာ ၎င်းရဲ့ နေရာ ပြိုင်ဆိုင်လာမယ့် ညာနောက်ခံလူဟာ လိဂ်မှာ အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

သီယာဂိုဆေးဗားဟာ ချယ်ဆီးနဲ့ စာချုပ်တစ်နှစ်ကုန်သွားရင်လဲ ကလပ်မှာပဲ ဆက်နေချင်နေသလို အသင်းက သူ့ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်နေပြီး သူ့စာချုပ်မှာ တစ်နှစ် ထပ်မံသက်တမ်းတိုးခွင့် ပါဝင်တယ်လို့ လမ်းပတ်က အတည်ပြုခဲ့ပါတယ်။

Zawgyi – ဖရန္႔ လမ္းပတ္က သူနဲ႔ ေမာ္ရင္ညိဳတို႔ၾကား ဆက္ဆံေရးဟာ အၿမဲတမ္း ေဖာ္ေ႐ြပ်ဴငွာ ခဲ့ေပမယ့္ အဂၤလန္ရဲ႕ ထိပ္သီးကလပ္၂ခုရဲ႕ နည္းျပေတြအေနနဲ႔ သူတို႔ရဲ႕ အလုပ္တာဝန္ေတြေၾကာင့္ သူတို႔ၾကားမွာ ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈ ရွိလာေစတယ္လို႔ ဝန္ခံခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ေႏြရာသီမွာ ေပါင္သန္း၂၀၀ ေက်ာ္သုံးစြဲခဲ့တဲ့ေနာက္ သူတို႔အတြက္ ေအာင္ျမင္မႈရဖို႔ ဖိအားေတြ ပိုရွိေနေပမယ့္ စပါးကေတာ့ ေအးေဆးပါပဲ လို႔ ေမာ္ရင္ညိဳက ဆိုလိုက္ၿပီး ထိပ္တိုက္ေတြ႕ဆုံမႈမတိုင္ခင္ စိတ္ဓာတ္စစ္ဆင္ေရး လုပ္ခဲ့ပါတယ္။

သီယာဂိုေဆးဗားဟာ ခ်ယ္ဆီးကို ေရာက္ရွိၿပီးကတည္းက ခံစစ္အတြက္ စိတ္ခ်ရတဲ့သူ ျဖစ္ခဲ့ေပမယ့္ စပါးနဲ႔ပြဲမွာ ဟယ္ရီကိန္းကို လႈပ္မရေအာင္ တားဆီးႏိုင္ဖို႔က သူ႔ရဲ႕ အရည္အေသြးကို အေကာင္းဆုံးစမ္းသပ္မႈပဲျဖစ္တယ္လို႔ လမ္းပတ္က ဆိုပါတယ္။

လမ္းပတ္က သူ႔အေနနဲ႔ ႐ိုမန္ေအဗရာမိုဗစ္ လက္ထက္အတြင္း ခ်ယ္ဆီးနဲ႔အတူ အလုပ္လုပ္ခဲ့ရတဲ့အတြက္ ဂုဏ္ယူေနေပမယ့္ ကလပ္က အဂၤလန္ရဲ႕ ထိပ္ဆုံးအဆင့္ ျပန္မေရာက္ခင္အထိ မနားမေန ႀကိဳးစားသြားမွာပါလို႔ ေျပာဆိုခဲ့ပါတယ္။

ေဒးဗစ္အလာဘာဟာ ေနာက္ေႏြရာသီမွာ ဘိုင္ယန္နဲ႔စာခ်ဳပ္သက္တမ္းကုန္ေတာ့မွာ ျဖစ္သလို ၎ရဲ႕ေအးဂ်င့္ျဖစ္တဲ့ ပီနီ ဇာဟာဗီက လာမယ့္ဇန္နဝါရီမွာ သူ႔အနာဂတ္အတြက္ ခ်ယ္ဆီးနဲ႔ စတင္ေဆြးေႏြးဖို႔ စီစဥ္ေနတယ္လို႔သိရပါတယ္။

မက္ဆီဟာ ဘာစီလိုနာနဲ႔ ေနာက္ဆုံးႏွစ္ကို ေရာက္ရွိေနတာျဖစ္ၿပီး စာခ်ဳပ္သစ္ မခ်ဳပ္ႏိုင္ပဲ ေနာက္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာမ ရင္ သူ႔ကို ေခၚဖို႔ ႀကိဳးစားမယ့္ကလပ္ေတြထဲမွာ ခ်ယ္ဆီးလဲ ပါဝင္လာမွာျဖစ္တယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးမွာ ရိစ္ဂ်ိမ္းစ္ရဲ႕ တိုးတက္ေအာင္ျမင္မႈလာမႈကို အထင္ႀကီးခဲ့ရေၾကာင္း အာႏိုးက ဝန္ခံခဲ့သလို အဂၤလန္အသင္းမွာ ၎ရဲ႕ ေနရာ ၿပိဳင္ဆိုင္လာမယ့္ ညာေနာက္ခံလူဟာ လိဂ္မွာ အေကာင္းဆုံး ကစားသမား တစ္ေယာက္ ျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

သီယာဂိုေဆးဗားဟာ ခ်ယ္ဆီးနဲ႔ စာခ်ဳပ္တစ္ႏွစ္ကုန္သြားရင္လဲ ကလပ္မွာပဲ ဆက္ေနခ်င္ေနသလို အသင္းက သူ႔ရဲ႕စြမ္းေဆာင္ရည္ကို ေက်နပ္ေနၿပီး သူ႔စာခ်ဳပ္မွာ တစ္ႏွစ္ ထပ္မံသက္တမ္းတိုးခြင့္ ပါဝင္တယ္လို႔ လမ္းပတ္က အတည္ျပဳခဲ့ပါတယ္။