ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (29/11/20)

ဒီနေ့ညပွဲမှာ စပါးအတွက် နိုင်ပွဲ ရယူချင်ရင် ကိန်းနဲ့ ဆွန်ယောင်မင်တို့ဟာ ချယ်ဆီးရဲ့ သီယာဂို ဆေးဗားကို ကျော်ဖြတ်နိုင်ဖို့ နည်းလမ်း ရှာရမယ်လို့ လူးကပ်မော်ရာက ဆိုပါတယ်။

ဟာကင်ဇီယက်ခ်ျဟာ ချယ်ဆီးမှာ ဟာဇက်ရဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ် လို့ အများက မျှော်လင့်နေကြပေမယ့် နည်းပြ လမ်းပတ်ကတော့ ဒီလိုနှိုင်းယှဉ်မှုကို ပယ်ချခဲ့ပြီး ကိုယ်ပိုင်နည်းလမ်းနဲ့ ရှေ့ဆက်သွားဖို့ ဇီယက်ခ်ျကို တိုက်တွန်းခဲ့ပါတယ်။

ဟယ်ရီကိန်းသာ စပါးကို စွန့်ခွာသွားမယ်ဆိုရင် မြောက်လန်ဒန်ကလပ်ဟာ လွန်ခဲ့တဲ့ ၁၇လတုန်းက ရီးရဲလ်ထံ ထွက်ခွာသွားခဲ့တဲ့ ဟာဇက် မရှိတော့တဲ့ ချယ်ဆီးလိုပဲ အထိနာလိမ့်မယ်လို့ ဖရန့်လမ်းပတ်က သတိပေးပြောဆိုခဲ့ပါတယ်။

စပါးဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ရာနှုန်းပြည့်နိုင်ပွဲမှတ်တမ်းကို ဆက်ထိန်းသိမ်းဖို့နဲ့ ပြိုင်ပွဲစုံ ၆ ပွဲဆက်အနိုင်ရဖို့ မျှော်လင့်နေသလို ဘယ်သူ့ကိုမှ ရင်ဆိုင်ဖို့ မကြောက်တော့ဘူးလို့ ဟိုဆေးမော်ရင်ညိုက ပြိုင်ဘက်ကိုသတိပေးခဲ့ပါတယ်။

ချယ်ဆီးအငှားကစားသမား ကော်နာဂယ်လာဂါဟာ ဝက်စ်ဘရွန်းနဲ့အတူ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို ရရှိခဲ့နိုင်ခဲ့သလို ရှက်ဖီးကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ဝက်စ်ဘရွန်းအတွက် ဒီရာသီပထမဆုံးနိုင်ပွဲ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးဟာ ကိုင်ဟားဗတ်မပါတဲ့ ၃ပွဲမှာ ပုံစံကောင်းတွေပြသနိုင်ခဲ့ပြီး အေဗရာဟမ်၊ဇီယက်ခ်ျ၊ဗာနာတို့ရဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် ၃ပွဲပေါင်း ၉-၁ နဲ့အနိုင်ရရှိခဲ့သလို စပါးနဲ့ပွဲမှာသူ့ကိုချန်လှပ်ထားခဲ့ဖို့ပေါလ်မာဆွန်က အကြံပေးခဲ့ပါတယ်။

ချယ်ဆီးဟာ ဒီနှစ်အစောပိုင်းမှာ အက်သလက်တီကို ဗဟိုနောက်ခံလူ ဟိုဆေးဂျီမီနက်ဇ်နဲ့ ချိတ်ဆက်ခဲ့ပြီး နွေရာသီမှာ သီယာဂိုဆေးဗားကို ခေါ်ယူခဲ့ပေမယ့် လမ်းပတ်က သူ့ကိုစိတ်ဝင်စားဆဲဖြစ်ပြီး ခေါ်ယူဖို့ ထပ်မံကြိုးစားဦးမယ်လို့သိရပါတယ်။

ဂျီရူးဟာ တန်မီအေဗရာဟမ်နဲ့ တီမိုဗာနာတို့ရဲ့နောက် တတိယဦးစားပေး တိုက်စစ်မှူးသာ ဖြစ်နေသလို နွေရာသီမှာ စာချုပ် သက်တမ်းကုန်တော့မှာဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ စပါးတို့က သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

Zawgyi – ဒီေန႔ညပြဲမွာ စပါးအတြက္ ႏိုင္ပြဲ ရယူခ်င္ရင္ ကိန္းနဲ႔ ဆြန္ေယာင္မင္တို႔ဟာ ခ်ယ္ဆီးရဲ႕ သီယာဂို ေဆးဗားကို ေက်ာ္ျဖတ္ႏိုင္ဖို႔ နည္းလမ္း ရွာရမယ္လို႔ လူးကပ္ေမာ္ရာက ဆိုပါတယ္။

ဟာကင္ဇီယက္ခ္်ဟာ ခ်ယ္ဆီးမွာ ဟာဇက္ရဲ႕ ကြက္လပ္ကို ျဖည့္ဆည္းေပးႏိုင္လိမ့္မယ္ လို႔ အမ်ားက ေမွ်ာ္လင့္ေနၾကေပမယ့္ နည္းျပ လမ္းပတ္ကေတာ့ ဒီလိုႏႈိင္းယွဥ္မႈကို ပယ္ခ်ခဲ့ၿပီး ကိုယ္ပိုင္နည္းလမ္းနဲ႔ ေရွ႕ဆက္သြားဖို႔ ဇီယက္ခ္်ကို တိုက္တြန္းခဲ့ပါတယ္။

ဟယ္ရီကိန္းသာ စပါးကို စြန႔္ခြာသြားမယ္ဆိုရင္ ေျမာက္လန္ဒန္ကလပ္ဟာ လြန္ခဲ့တဲ့ ၁၇လတုန္းက ရီးရဲလ္ထံ ထြက္ခြာသြားခဲ့တဲ့ ဟာဇက္ မရွိေတာ့တဲ့ ခ်ယ္ဆီးလိုပဲ အထိနာလိမ့္မယ္လို႔ ဖရန႔္လမ္းပတ္က သတိေပးေျပာဆိုခဲ့ပါတယ္။

စပါးဟာ သူတို႔ရဲ႕ ပရီးမီးယားလိဂ္ အေဝးကြင္း ရာႏႈန္းျပည့္ႏိုင္ပြဲမွတ္တမ္းကို ဆက္ထိန္းသိမ္းဖို႔နဲ႔ ၿပိဳင္ပြဲစုံ ၆ ပြဲဆက္အႏိုင္ရဖို႔ ေမွ်ာ္လင့္ေနသလို ဘယ္သူ႔ကိုမွ ရင္ဆိုင္ဖို႔ မေၾကာက္ေတာ့ဘူးလို႔ ဟိုေဆးေမာ္ရင္ညိဳက ၿပိဳင္ဘက္ကိုသတိေပးခဲ့ပါတယ္။

ခ်ယ္ဆီးအငွားကစားသမား ေကာ္နာဂယ္လာဂါဟာ ဝက္စ္ဘ႐ြန္းနဲ႔အတူ သူ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္သြင္းဂိုးကို ရရွိခဲ့ႏိုင္ခဲ့သလို ရွက္ဖီးကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ဝက္စ္ဘ႐ြန္းအတြက္ ဒီရာသီပထမဆုံးႏိုင္ပြဲ ရွာေတြ႕ခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ကိုင္ဟားဗတ္မပါတဲ့ ၃ပြဲမွာ ပုံစံေကာင္းေတြျပသႏိုင္ခဲ့ၿပီး ေအဗရာဟမ္၊ဇီယက္ခ္်၊ဗာနာတို႔ရဲ႕ ဂိုးသြင္းစြမ္းရည္ေတြေၾကာင့္ ၃ပြဲေပါင္း ၉-၁ နဲ႔အႏိုင္ရရွိခဲ့သလို စပါးနဲ႔ပြဲမွာသူ႔ကိုခ်န္လွပ္ထားခဲ့ဖို႔ေပါလ္မာဆြန္က အႀကံေပးခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ဒီႏွစ္အေစာပိုင္းမွာ အက္သလက္တီကို ဗဟိုေနာက္ခံလူ ဟိုေဆးဂ်ီမီနက္ဇ္နဲ႔ ခ်ိတ္ဆက္ခဲ့ၿပီး ေႏြရာသီမွာ သီယာဂိုေဆးဗားကို ေခၚယူခဲ့ေပမယ့္ လမ္းပတ္က သူ႔ကိုစိတ္ဝင္စားဆဲျဖစ္ၿပီး ေခၚယူဖို႔ ထပ္မံႀကိဳးစားဦးမယ္လို႔သိရပါတယ္။

ဂ်ီ႐ူးဟာ တန္မီေအဗရာဟမ္နဲ႔ တီမိုဗာနာတို႔ရဲ႕ေနာက္ တတိယဦးစားေပး တိုက္စစ္မႉးသာ ျဖစ္ေနသလို ေႏြရာသီမွာ စာခ်ဳပ္ သက္တမ္းကုန္ေတာ့မွာျဖစ္ၿပီး ဝက္စ္ဟမ္းနဲ႔ စပါးတို႔က သူ႔ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။