လက်စတာ စီးတီးနောက်ခံလူ ဂျွန်နီအီဗန်စ်ဟာ နောက် ၇ လ အတွင်း စာချုပ်သက်တမ်း ကုန်တော့မှာဖြစ်သလို ယူနိုက်တက်က နောက်နွေ ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ သူ့ကို ပြန်ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ခြေစွမ်း မတည်ငြိမ်မှုတွေကြောင့် ဒုက္ခရောက်နေရတာကြောင့် အသင်းသားတွေ အနေနဲ့ ဆုဖလားတွေ စိန်ခေါ်ချင်ရင် အမြဲတမ်း တည်ငြိမ်တဲ့ ပုံစံတွေကို ပြသဖို့လိုတယ်လို့ နည်းပြ ဆိုးလ်ရှားက သူ့အသင်းသားတွေကို စိန်ခေါ်ခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်အုပ်စုထဲမှာ ယူနိုက်တက်နဲ့ ၃ မှတ်ကွာဟနေပြီး လိုက်ပ်ဇစ်နဲ့ ရမှတ်တူနေတာဖြစ်သလို ရှုံးထွက်အဆင့်ကို တက်ရောက်နိုင် ဖို့ အတွက် ဒီတစ်ပတ် ယူနိုက်တက်နဲ့ပွဲမှာ အကောင်းဆုံးပုံစံနဲ့ အနိုင်ယူရမယ်လို့ နေမာက သတိပေးခဲ့ပါတယ်။
ကွင်းလယ်လူ ဂျက်ဆီလက်ဂတ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ရေးပြန်ဆင်းနေပြီဖြစ်ပြီး လုခ်ရှောကတော့ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဆိုးလ်ရှားက သတင်းပေးခဲ့ပါတယ်။
ယူနိုက်တက် ကွင်းလယ်မှာ ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ မာတစ်၊ တော်မီနေး၊ ဖရက်၊ မာတာနဲ့ ဗန်ဒီဘိခ်တို့က နေရာရဖို့ ပြိုင်ဆိုင်နေရသလို သူတို့ အနေနဲ့ ကွင်းလယ်လူစာရင်းကို အမျိုးမျိုး ပြောင်းလဲနေတာက ပြဿနာဖြစ်စေနိုင်တယ်လို့ မြူလန်စတင်းက သတိပေးခဲ့ပါတယ်။
ပေါ့ဘာအပေါ် မမျှမတ ဝေဖန်နေကြတာဟာ နားလည်မှု လွဲနေကြတာဖြစ်ကြောင်း တော်မီနေးက အသင်းဖော်ကို ကာကွယ်ပြောဆိုခဲ့ပြီး ပေါ့ဘာဟာ မယုံနိုင်စရာကောင်းတဲ့ အရည်အချင်းရှိသူ ဖြစ်တယ်လို့ ချီးကျူးစကား ဆိုခဲ့ပါတယ်။
Zawgyi – လက္စတာ စီးတီးေနာက္ခံလူ ဂြၽန္နီအီဗန္စ္ဟာ ေနာက္ ၇ လ အတြင္း စာခ်ဳပ္သက္တမ္း ကုန္ေတာ့မွာျဖစ္သလို ယူႏိုက္တက္က ေနာက္ေႏြ ရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ သူ႔ကို ျပန္ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္ဟာ ေျခစြမ္း မတည္ၿငိမ္မႈေတြေၾကာင့္ ဒုကၡေရာက္ေနရတာေၾကာင့္ အသင္းသားေတြ အေနနဲ႔ ဆုဖလားေတြ စိန္ေခၚခ်င္ရင္ အၿမဲတမ္း တည္ၿငိမ္တဲ့ ပုံစံေတြကို ျပသဖို႔လိုတယ္လို႔ နည္းျပ ဆိုးလ္ရွားက သူ႔အသင္းသားေတြကို စိန္ေခၚခဲ့ပါတယ္။
ပီအက္စ္ဂ်ီဟာ ခ်န္ပီယံလိဂ္အုပ္စုထဲမွာ ယူႏိုက္တက္နဲ႔ ၃ မွတ္ကြာဟေနၿပီး လိုက္ပ္ဇစ္နဲ႔ ရမွတ္တူေနတာျဖစ္သလို ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ ဖို႔ အတြက္ ဒီတစ္ပတ္ ယူႏိုက္တက္နဲ႔ပြဲမွာ အေကာင္းဆုံးပုံစံနဲ႔ အႏိုင္ယူရမယ္လို႔ ေနမာက သတိေပးခဲ့ပါတယ္။
ကြင္းလယ္လူ ဂ်က္ဆီလက္ဂတ္ဟာ အသင္းနဲ႔အတူ ေလ့က်င့္ေရးျပန္ဆင္းေနၿပီျဖစ္ၿပီး လုခ္ေရွာကေတာ့ တံေကာက္ေၾကာဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာဖို႔ စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ဆိုးလ္ရွားက သတင္းေပးခဲ့ပါတယ္။
ယူႏိုက္တက္ ကြင္းလယ္မွာ ဖာနန္ဒက္စ္၊ ေပါ့ဘာ၊ မာတစ္၊ ေတာ္မီေနး၊ ဖရက္၊ မာတာနဲ႔ ဗန္ဒီဘိခ္တို႔က ေနရာရဖို႔ ၿပိဳင္ဆိုင္ေနရသလို သူတို႔ အေနနဲ႔ ကြင္းလယ္လူစာရင္းကို အမ်ိဳးမ်ိဳး ေျပာင္းလဲေနတာက ျပႆနာျဖစ္ေစႏိုင္တယ္လို႔ ျမဴလန္စတင္းက သတိေပးခဲ့ပါတယ္။
ေပါ့ဘာအေပၚ မမွ်မတ ေဝဖန္ေနၾကတာဟာ နားလည္မႈ လြဲေနၾကတာျဖစ္ေၾကာင္း ေတာ္မီေနးက အသင္းေဖာ္ကို ကာကြယ္ေျပာဆိုခဲ့ၿပီး ေပါ့ဘာဟာ မယုံႏိုင္စရာေကာင္းတဲ့ အရည္အခ်င္းရွိသူ ျဖစ္တယ္လို႔ ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။