ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (30/11/20)

ချယ်ဆီးအသင်းဟာ စပါးကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ဇယားထိပ်ရောက်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ဂိုးမရှိ သရေကျခဲ့တာကြောင့် လွဲချော်ခဲ့သလို မိမိတို့အသင်းဟာ အကောင်းဆုံးပုံစံနဲ့ ကစားခဲ့ပေမယ့် ခံစစ်တင်းကြပ်တဲ့ စပါးကို ဖြိုခွင်းဖို့အတွက် ကံနည်းနည်းမကောင်းခဲ့ဘူးလို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလားပြိုင်ဆိုင်မှုမှာ အင်အားကောင်းတဲ့ ပြိုင်မြင်းကောင်းတွေ အပြည့်ရှိနေပေမယ့်လဲ စပါးကတော့ မြင်းပုလေး တစ်ကောင်ပါပဲလို့ ဟိုဆေးမော်ရင်ညိုက ဆိုခဲ့ပေမယ့် သရေပွဲအတွက် မကျေနပ်ပါဘူးလို့ ဝန်ခံခဲ့ပါတယ်။

ချယ်ဆီးခံစစ်ဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဆွန်ယောင်မင်တို့ကို လှုပ်မရအောင် ထိန်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ကြိမ်မြောက် clean sheet ရယူနိုင်ခဲ့တဲ့အပေါ် လမ်းပတ်က ချီးကျူးခဲ့ပေမယ့် ဒီပွဲကိုနိုင်ခဲ့သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြိုင်မြင်းတွေကြားထဲ စပါးက မြင်းပုလေးတစ်ကောင်သာသာပါဆိုတဲ့ မော်ရင်ညိုရဲ့ ပြောဆိုမှုကို လမ်းပတ်ကတော့ ဆန့်ကျင်ခဲ့ပြီး သူတို့အသင်းဟာ ဖလားစိန်ခေါ်နိုင်တဲ့ အဓိက အသင်း တစ်သင်းဆိုတာ သံသယ ဖြစ်စရာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ စပါးနဲ့ပွဲမှာ လွှမ်းမိုးထားခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးခဲ့ပေမယ့် အဆုံးသတ်ပိုင်းက လိုအပ်ချက်ရှိနေခဲ့သလို ဖလားစိန်ခေါ်နိုင်ဖို့အတွက်ဆိုရင် ဗာနာ၊ဟားဗတ်နဲ့ ဇီယက်ခ်ျတို့ထံက ပိုပြီးတော့ အစွမ်းပြသနိုင်ဖို့ လိုအပ်နေပါတယ်။

တန်မီအေဗရာဟမ်ဟာ ပြီးခဲ့တဲ့ပွဲမှာ အခွင့်အရေးတွေ ဖြုန်းတီးခဲ့ပြီး ဝေဖန်မှုတွေ ခံခဲ့ရသလို သူ့အနေနဲ့ ချယ်ဆီးရဲ့တိုက်စစ်ကို ဦးဆောင်ချင်ရင် ဒီထက်ပိုပြီး လုပ်ပြဖို့ လိုတယ်လို့ ဂျင်မီဖလွိုက်ဟက်ဆယ်ဘိန့်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ဘောလုံးပိုင်ဆိုင်မှု ၆၀% ဂိုးပေါက်ကန်သွင်းမှု ၁၃ ကြိမ်၊ ဂိုးပေါက်တည့်မှု ၃ ကြိမ်နဲ့အတူ စပါးကို နေရာအားလုံးမှာ အသာစီးရယူထားခဲ့သလို လန်ဒန်ဒါဘီမှာ သူတို့က ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့တယ် လို့ ရွိုင်ကိန်းက ချီးကျူးပြောဆိုခဲ့ပါတယ်။

အီဒူဝပ် မန်ဒီဟာ ပရီးမီးယားလိဂ် ၆ ပွဲကစားရာမှာ clean sheet ၅ ကြိမ်၊ ပေးဂိုး ၂ ဂိုး၊ ဂိုးပေါက်ကာကွယ်မှု 89% နဲ့အတူ အထင်ကြီးစရာ စွမ်းဆောင်ပြထားသလို ဒီရာသီ လိဂ်ဂိုးသမား အားလုံးထဲမှာ cleansheet အများဆုံး ရရှိထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ စပါးကို ေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ ဇယားထိပ္ေရာက္ဖို႔ အခြင့္အေရး ရွိခဲ့ေပမယ့္ ဂိုးမရွိ သေရက်ခဲ့တာေၾကာင့္ လြဲေခ်ာ္ခဲ့သလို မိမိတို႔အသင္းဟာ အေကာင္းဆုံးပုံစံနဲ႔ ကစားခဲ့ေပမယ့္ ခံစစ္တင္းၾကပ္တဲ့ စပါးကို ၿဖိဳခြင္းဖို႔အတြက္ ကံနည္းနည္းမေကာင္းခဲ့ဘူးလို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ပရီးမီးယားလိဂ္ဖလားၿပိဳင္ဆိုင္မႈမွာ အင္အားေကာင္းတဲ့ ၿပိဳင္ျမင္းေကာင္းေတြ အျပည့္ရွိေနေပမယ့္လဲ စပါးကေတာ့ ျမင္းပုေလး တစ္ေကာင္ပါပဲလို႔ ဟိုေဆးေမာ္ရင္ညိဳက ဆိုခဲ့ေပမယ့္ သေရပြဲအတြက္ မေက်နပ္ပါဘူးလို႔ ဝန္ခံခဲ့ပါတယ္။

ခ်ယ္ဆီးခံစစ္ဟာ စပါးတိုက္စစ္မႉး ဟယ္ရီကိန္းနဲ႔ ဆြန္ေယာင္မင္တို႔ကို လႈပ္မရေအာင္ ထိန္းႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ ၅ ပြဲမွာ ၄ႀကိမ္ေျမာက္ clean sheet ရယူႏိုင္ခဲ့တဲ့အေပၚ လမ္းပတ္က ခ်ီးက်ဴးခဲ့ေပမယ့္ ဒီပြဲကိုႏိုင္ခဲ့သင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ၿပိဳင္ျမင္းေတြၾကားထဲ စပါးက ျမင္းပုေလးတစ္ေကာင္သာသာပါဆိုတဲ့ ေမာ္ရင္ညိဳရဲ႕ ေျပာဆိုမႈကို လမ္းပတ္ကေတာ့ ဆန႔္က်င္ခဲ့ၿပီး သူတို႔အသင္းဟာ ဖလားစိန္ေခၚႏိုင္တဲ့ အဓိက အသင္း တစ္သင္းဆိုတာ သံသယ ျဖစ္စရာမရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ စပါးနဲ႔ပြဲမွာ လႊမ္းမိုးထားခဲ့ၿပီး အခြင့္အေရးေတြ ဖန္တီးခဲ့ေပမယ့္ အဆုံးသတ္ပိုင္းက လိုအပ္ခ်က္ရွိေနခဲ့သလို ဖလားစိန္ေခၚႏိုင္ဖို႔အတြက္ဆိုရင္ ဗာနာ၊ဟားဗတ္နဲ႔ ဇီယက္ခ္်တို႔ထံက ပိုၿပီးေတာ့ အစြမ္းျပသႏိုင္ဖို႔ လိုအပ္ေနပါတယ္။

တန္မီေအဗရာဟမ္ဟာ ၿပီးခဲ့တဲ့ပြဲမွာ အခြင့္အေရးေတြ ျဖဳန္းတီးခဲ့ၿပီး ေဝဖန္မႈေတြ ခံခဲ့ရသလို သူ႔အေနနဲ႔ ခ်ယ္ဆီးရဲ႕တိုက္စစ္ကို ဦးေဆာင္ခ်င္ရင္ ဒီထက္ပိုၿပီး လုပ္ျပဖို႔ လိုတယ္လို႔ ဂ်င္မီဖလြိဳက္ဟက္ဆယ္ဘိန႔္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ေဘာလုံးပိုင္ဆိုင္မႈ ၆၀% ဂိုးေပါက္ကန္သြင္းမႈ ၁၃ ႀကိမ္၊ ဂိုးေပါက္တည့္မႈ ၃ ႀကိမ္နဲ႔အတူ စပါးကို ေနရာအားလုံးမွာ အသာစီးရယူထားခဲ့သလို လန္ဒန္ဒါဘီမွာ သူတို႔က ပိုေကာင္းတဲ့ အသင္းျဖစ္ခဲ့တယ္ လို႔ ႐ြိဳင္ကိန္းက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

အီဒူဝပ္ မန္ဒီဟာ ပရီးမီးယားလိဂ္ ၆ ပြဲကစားရာမွာ clean sheet ၅ ႀကိမ္၊ ေပးဂိုး ၂ ဂိုး၊ ဂိုးေပါက္ကာကြယ္မႈ 89% နဲ႔အတူ အထင္ႀကီးစရာ စြမ္းေဆာင္ျပထားသလို ဒီရာသီ လိဂ္ဂိုးသမား အားလုံးထဲမွာ cleansheet အမ်ားဆုံး ရရွိထားပါတယ္။