ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (1/12/20)

တိုက်စစ်မှူး ဂျီရူးဟာ ချယ်ဆီးမှာ နေရာမရပေမယ့် သူ့ရဲ့အရေးပါမှုကို သက်သေပြခဲ့သလို ကလပ်အနေနဲ့ ဇန်နဝါရီမှာ သူ့ကို ဆက်ထိန်းသိမ်းထားဖို့ တတ်စွမ်းသမျှ ကြိုးစားသင့်တယ်လို့ ဂျိုကိုးလ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ လိုက်ပ်ဇစ်ဘယ်နောက်ခံလူ ဘွန်းစ်ဝဲကို ခေါ်ယူဖို့ ဝက်စ်ဟမ်းနဲ့ ပြိုင်ဆိုင်ရမှာ ဖြစ်သလို တီမိုဗာနာကို ခေါ်ယူခဲ့စဉ်က သူတို့နဲ့ ဆက်ဆံရေးကောင်း ရှိထားတာကြောင့် အခုတစ်ခေါက်မှာ ပိုပြီး အဆင်ပြေနိုင်ပါတယ်။

ဒေးဗစ်အလာဘာဟာ ဘိုင်ယန်နဲ့ စာချုပ်သစ်ချုပ်ဖို့ မရှိတော့သလို ချယ်ဆီးက သူ့ကို ဇန်နဝါရီမှာ အကြိုစာချုပ်ကမ်းလှမ်းမှု လုပ်ထားရင် ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ သေချာလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။

ဂျီရူးဟာ နိုင်ငံအသင်းမှာပါဝင်ခွင့်ရဖို့ ကလပ်မှာ ပုံမှန်ကစားချိန် ရချင်နေသလို အင်တာက သူ့ကို ဇန်နဝါရီမှာ ၆လ အငှားခေါ်ယူဖို့ စီစဉ်ထားပြီး အက်ရှ်လေယန်းတုန်းကလိုပဲ ရာသီကုန်ရင် အပြီးသတ်ခေါ်ယူဖို့ အလိုရှိနေတာဖြစ်ပါတယ်။

ချာလေ မူဆွန်ဒါဟာ ၂၀၁၂ မှာ ချယ်ဆီးထံရောက်ရှိလာခဲ့ပေမယ့် ၇ ပွဲသာ ကစားခဲ့ရပြီး ၂၀၂၂အထိ စာချုပ်ရှိနေပေမယ့် အငှားသာ ထွက်ကစားနေရတာဖြစ်သလို သူ့ကို လန်ဒန်ထံ ထွက်ခွာခွင့်ပေးခဲ့တာ နောင်တရတယ်လို့ အန်ဒါလက်ခ်ျနည်းပြက ဆိုပါတယ်။

အက်ဖ်အေဖလား တတိယအဆင့်မဲခွဲမှုအရ ချယ်ဆီးဟာ မိုရီကမ်ဘီနဲ့ တွေ့ဆုံရမှာဖြစ်ပြီး သူတို့နဲ့ အရင်က တစ်ကြိမ်မှ မတွေ့ခဲ့ဖူးတာကြောင့် ပြည်တွင်းပြိုင်ပွဲမှာ ကစားရတဲ့ ချယ်ဆီးရဲ့ ၁၁၁ သင်းမြောက် မတူညီတဲ့ပြိုင်ဘက်အသင်း ဖြစ်လာမှာပါ၊

Tier 2 မှာ ပါဝင်တဲ့ ချယ်ဆီးဟာ ဒီဇင်ဘာ ၅ရက်နေ့ လိဒ်စ်နဲ့ပွဲမှာ ပရိသတ် ၂၀၀၀ခန့် ဝင်ခွင့်ပေးနိုင်တော့မှာဖြစ်သလို ပရိသတ်တွေကို ပြန်မြင်တွေ့ရမှာဖြစ်လို့ ရိစ်ဂျိမ်းစ်က ကျေနပ်နေပြီး သူတို့ရဲ့ အားပေးမှုက အသင်းကို ယုံကြည်မှုမြင့်တက်စေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ လီဗာပူး၊ စပါး၊ ယူနိုက်တက်၊ ဆီးဗီးလားတို့လို ထိပ်တန်းအသင်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ ၅ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် သူတို့ခံစစ်က တောင့်တင်းသလို စပါးထက် အခွင့်အရေးတွေ ပိုရခဲ့တာက အားရစရာပဲလို့ အလန်ရှီးယားက ဆိုပါတယ်။

Zawgyi – တိုက္စစ္မွဴး ဂ်ီ႐ူးဟာ ခ်ယ္ဆီးမွာ ေနရာမရေပမယ့္ သူ႔ရဲ႕အေရးပါမႈကို သက္ေသျပခဲ့သလို ကလပ္အေနနဲ႔ ဇန္နဝါရီမွာ သူ႔ကို ဆက္ထိန္းသိမ္းထားဖို႔ တတ္စြမ္းသမွ် ႀကိဳးစားသင့္တယ္လို႔ ဂ်ိဳကိုးလ္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ လိုက္ပ္ဇစ္ဘယ္ေနာက္ခံလူ ဘြန္းစ္ဝဲကို ေခၚယူဖို႔ ဝက္စ္ဟမ္းနဲ႔ ၿပိဳင္ဆိုင္ရမွာ ျဖစ္သလို တီမိုဗာနာကို ေခၚယူခဲ့စဥ္က သူတို႔နဲ႔ ဆက္ဆံေရးေကာင္း ရွိထားတာေၾကာင့္ အခုတစ္ေခါက္မွာ ပိုၿပီး အဆင္ေျပႏိုင္ပါတယ္။

ေဒးဗစ္အလာဘာဟာ ဘိုင္ယန္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ မရွိေတာ့သလို ခ်ယ္ဆီးက သူ႔ကို ဇန္နဝါရီမွာ အႀကိဳစာခ်ဳပ္ကမ္းလွမ္းမႈ လုပ္ထားရင္ ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ ေသခ်ာလိမ့္မယ္လို႔ ယုံၾကည္ခ်က္ရွိေနပါတယ္။

ဂ်ီ႐ူးဟာ ႏိုင္ငံအသင္းမွာပါဝင္ခြင့္ရဖို႔ ကလပ္မွာ ပုံမွန္ကစားခ်ိန္ ရခ်င္ေနသလို အင္တာက သူ႔ကို ဇန္နဝါရီမွာ ၆လ အငွားေခၚယူဖို႔ စီစဥ္ထားၿပီး အက္ရွ္ေလယန္းတုန္းကလိုပဲ ရာသီကုန္ရင္ အၿပီးသတ္ေခၚယူဖို႔ အလိုရွိေနတာျဖစ္ပါတယ္။

ခ်ာေလ မူဆြန္ဒါဟာ ၂၀၁၂ မွာ ခ်ယ္ဆီးထံေရာက္ရွိလာခဲ့ေပမယ့္ ၇ ပြဲသာ ကစားခဲ့ရၿပီး ၂၀၂၂အထိ စာခ်ဳပ္ရွိေနေပမယ့္ အငွားသာ ထြက္ကစားေနရတာျဖစ္သလို သူ႔ကို လန္ဒန္ထံ ထြက္ခြာခြင့္ေပးခဲ့တာ ေနာင္တရတယ္လို႔ အန္ဒါလက္ခ္်နည္းျပက ဆိုပါတယ္။

အက္ဖ္ေအဖလား တတိယအဆင့္မဲခြဲမႈအရ ခ်ယ္ဆီးဟာ မိုရီကမ္ဘီနဲ႔ ေတြ႕ဆုံရမွာျဖစ္ၿပီး သူတို႔နဲ႔ အရင္က တစ္ႀကိမ္မွ မေတြ႕ခဲ့ဖူးတာေၾကာင့္ ျပည္တြင္းၿပိဳင္ပြဲမွာ ကစားရတဲ့ ခ်ယ္ဆီးရဲ႕ ၁၁၁ သင္းေျမာက္ မတူညီတဲ့ၿပိဳင္ဘက္အသင္း ျဖစ္လာမွာပါ၊

Tier 2 မွာ ပါဝင္တဲ့ ခ်ယ္ဆီးဟာ ဒီဇင္ဘာ ၅ရက္ေန႔ လိဒ္စ္နဲ႔ပြဲမွာ ပရိသတ္ ၂၀၀၀ခန္႔ ၀င္ခြင့္ေပးႏိုင္ေတာ့မွာျဖစ္သလို ပရိသတ္ေတြကို ျပန္ျမင္ေတြ႕ရမွာျဖစ္လို႔ ရိစ္ဂ်ိမ္းစ္က ေက်နပ္ေနၿပီး သူတို႔ရဲ႕ အားေပးမႈက အသင္းကို ယုံၾကည္မႈျမင့္တက္ေစတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ လီဗာပူး၊ စပါး၊ ယူႏိုက္တက္၊ ဆီးဗီးလားတို႔လို ထိပ္တန္းအသင္းေတြနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၅ ပြဲမွာ ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့ေပမယ့္ သူတို႔ခံစစ္က ေတာင့္တင္းသလို စပါးထက္ အခြင့္အေရးေတြ ပိုရခဲ့တာက အားရစရာပဲလို႔ အလန္ရွီးယားက ဆိုပါတယ္။