ပွဲထွက် ဂိုးသမား ဒီဂီယာ နေရာကို လုဖို့လာတဲ့ ဒင်းဟန်ဒါဆန်ဟာ အခု အိုးလ်ထရက်ဖို့ဒ်မှာ ပထမဦးစားပေး ဖြစ်ဖို့ စောင့်နေရတာဖြစ်သလို ဆက်နေရမလား၊ ထွက်သွားရမလား ဆိုတာနဲ့ပတ်သက်လို့ ခက်ခဲတဲ့ပြဿနာနဲ့ ကြုံနေရတယ်လို့ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။
ကွင်းလယ် ကစားသမား တော်မီနေးကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်မှာသာ မဟုတ်ရင် ဘောလုံးသမား ဘ၀ အဆုံးသတ် သွားနိုင်လောက်တဲ့ ခက်ခဲမှုတွေ ရင်ဆိုင်ခဲ့ရကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
လူမျိုးရေး ခွဲခြားတဲ့ အသုံးနှုန်းနဲ့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တဲ့ ကာဗာနီကို အက်ဖ်အေက အရေးယူသင့်ကြောင့် ဝက်ဖို့ဒ် တိုက်စစ်မှူး ထရွိုင် ဒီနေးက တိုက်တွန်းလိုက်ပါတယ်။ ကာဗာနီကတော့ ထိုပို့စ်ကို ပြန်ဖျက်ခဲ့ပြီး ဖြစ်ပါတယ်။
တိုက်စစ်မှူး ကာဗာနီဟာ သူ့ကို မခေါ်ခဲ့မိတဲ့ ကလပ်အသင်းတွေကို နောင်တရအောင် မန်ချက်စတာ ယူနိုက်တက်မှာ သက်သေပြနေပြီ လို့ ယူနိုက်တက် တောင်ပံတိုက်စစ်ဟောင်း ချက်ဝပ်က ပြောဆိုလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ဟာ မွန်ချင်ဂလာဘတ်အသင်းမှ ဝါရင့် ကွင်းလယ်ကစားသမား ဇာကရီရာ ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။ ယူနိုက်တက်ကတော့ ကွင်းလယ်ခံစစ် ကစားတဲ့ မာတစ် နေရာ အစားထိုးဖို့ ၎င်းကို ရည်ရွယ်နေတာ ဖြစ်ပါတယ်။
ဒီတစ်ပတ် ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက် အသင်းက ကာဗာနီရဲ့ ကလပ်အသင်းဟောင်း ပီအက်စ်ဂျီ ဖြစ်နေတာကြောင့် ဥရုဂွေးသား တိုက်စစ်မှူးဟာ ပိုပြီး အင်အားအပြည့် ရှိနေလိမ့်မယ်လို့ နည်းပြ ဆိုးရှားက မှတ်ချက် ပြုခဲ့ပါတယ်။
Zawgyi – ပြဲထြက္ ဂိုးသမား ဒီဂီယာ ေနရာကို လုဖို႔လာတဲ့ ဒင္းဟန္ဒါဆန္ဟာ အခု အိုးလ္ထရက္ဖို႔ဒ္မွာ ပထမဦးစားေပး ျဖစ္ဖို႔ ေစာင့္ေနရတာျဖစ္သလို ဆက္ေနရမလား၊ ထြက္သြားရမလား ဆိုတာနဲ႔ပတ္သက္လို႔ ခက္ခဲတဲ့ျပႆနာနဲ႔ ႀကဳံေနရတယ္လို႔ ႐ြိဳင္ကိန္းက ေျပာဆိုခဲ့ပါတယ္။
ကြင္းလယ္ ကစားသမား ေတာ္မီေနးကေတာ့ သူဟာ မန္ခ်က္စတာ ယူနိုက္တက္မွာသာ မဟုတ္ရင္ ေဘာလံုးသမား ဘ၀ အဆံုးသတ္ သြားနုိင္ေလာက္တဲ့ ခက္ခဲမႈေတြ ရင္ဆိုင္ခဲ့ရေၾကာင္း ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။
လူမ်ိဳးေရး ခြဲျခားတဲ့ အသံုးနႈန္းနဲ႕ အင္စတာဂရမ္မွာ ပို႔စ္တင္ခဲ့တဲ့ ကာဗာနီကို အက္ဖ္ေအက အေရးယူသင့္ေၾကာင့္ ၀က္ဖို႔ဒ္ တိုက္စစ္မွဴး ထရြိဳင္ ဒီေနးက တိုက္တြန္းလိုက္ပါတယ္။ ကာဗာနီကေတာ့ ထိုပို႔စ္ကို ျပန္ဖ်က္ခဲ့ျပီး ျဖစ္ပါတယ္။
တိုက္စစ္မွဴး ကာဗာနီဟာ သူ႔ကို မေခၚခဲ့မိတဲ့ ကလပ္အသင္းေတြကို ေနာင္တရေအာင္ မန္ခ်က္စတာ ယူနိုက္တက္မွာ သက္ေသျပေနျပီ လို႔ ယူနိုက္တက္ ေတာင္ပံတိုက္စစ္ေဟာင္း ခ်က္၀ပ္က ေျပာဆိုလိုက္ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ခ်ယ္ဆီးအသင္းတို႔ဟာ မြန္ခ်င္ဂလာဘတ္အသင္းမွ ၀ါရင့္ ကြင္းလယ္ကစားသမား ဇာကရီရာ ကို ေခၚယူဖို႔ ပစ္မွတ္ထားလာပါတယ္။ ယူနိုက္တက္ကေတာ့ ကြင္းလယ္ခံစစ္ ကစားတဲ့ မာတစ္ ေနရာ အစားထိုးဖို႔ ၄င္းကို ရည္ရြယ္ေနတာ ျဖစ္ပါတယ္။
ဒီတစ္ပတ္ ခ်န္ပီယံလိဂ္မွာ ရင္ဆိုင္ရမယ့္ ျပိဳင္ဘက္ အသင္းက ကာဗာနီရဲ႕ ကလပ္အသင္းေဟာင္း ပီအက္စ္ဂ်ီ ျဖစ္ေနတာေၾကာင့္ ဥရုေဂြးသား တိုက္စစ္မွဴးဟာ ပိုျပီး အင္အားအျပည့္ ရွိေနလိမ့္မယ္လို႔ နည္းျပ ဆိုးရွားက မွတ္ခ်က္ ျပဳခဲ့ပါတယ္။