ချယ်ဆီးဟာ မနှစ်က လိဂ်အဆင့် ၄ နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်သာ ရောက်ခဲ့ပေမယ့် ဒီနှစ်မှာ လူအင်အားသစ်တွေ ရရှိခဲ့တဲ့နောက် ပြည်တွင်းရော ဥရောပမှာပါ ဖလားရဖို့ အားကောင်းတဲ့ စိန်ခေါ်သူတွေ ဖြစ်တယ်လို့ ဂျိုကိုးလ်က ယုံကြည်နေပါတယ်။
ဂျော်ဂျင်ဟိုဟာ စပါးနဲ့ လန်ဒန်ဒါဘီအပါအဝင် ချယ်ဆီးရဲ့ ပွဲတော်တော်များများမှာ အရန်ခုံထိုင်ခဲ့ရပြီး ကန်တေနဲ့ ကိုဗာဆစ်တို့ရဲ့နောက်ကို ရောက်ခဲ့ရပေမယ့် သူ့ရဲ့ ပွဲထွက်နေရာအတွက် တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ချယ်ဆီးနဲ့ဆီးဗီးလားတို့ဟာ ၁၀ မှတ်စီနဲ့ ချန်ပီယံလိဂ်အုပ်စု အဆင့် ၁ နဲ့ ၂ မှာ နေရာယူထားပြီး ဒီနေ့ညမှာ ထိပ်တိုက် တွေ့ဆုံရမှာဖြစ်သလို ချယ်ဆီးဟာ ဒီပြိုင်ပွဲမှာ ဖလားရယူဖို့ ရည်ရွယ်ထားတာပါလို့ ဆီးဗီးလားနည်းပြက ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးမှာ အလားအလာကောင်းတွေနဲ့ကစားသမားဘဝကို စတင်ခဲ့တဲ့ ဇီယက်ခ်ျဟာ အီဒင်ဟာဇက်နဲ့ နှိုင်းယှဉ်ခံရမှုတွေအပေါ် တုံ့ပြန်ခဲ့ပြီး အခု မက်ဒရစ်ကြယ်ပွင့်ကို အတုယူကာ အမြဲတမ်း တွန်းအားပေးခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာမှာ ပီကေး ဒဏ်ရာရခဲ့တဲ့နောက် ခံစစ်အင်အားသစ်တွေ ဖြည့်တင်းဖို့ လိုအပ်နေခဲ့ပြီး ဗဟိုနောက်တန်းအတွက် အာဆင်နယ်ရဲ့ မူစတာဖီနဲ့ ချယ်ဆီးရဲ့ ရူဒီဂါ တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ချယ်ဆီးဟာ ဘိုင်ယန်နောက်ခံလူ ဒေးဗစ်အလာဘာရဲ့ အပြောင်းအရွှေ့အတွက် ပြင်ဆင်နေသလို ကလပ်ပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ခ်ျက သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ဆက်ဆံရေးကနေ အပြောင်းအရွှေ့ကို အကူအညီဖြစ်စေဖို့ မျှော်လင့်နေပါတယ်။
ဂျီရူးဟာ မနှစ်က စာချုပ်တစ်နှစ် သက်တမ်းတိုးထားပေမယ့် ဇန်နဝါရီမှာ ထွက်ခွာလိုနေပြီး အီမာဆန်ကလဲ လမ်းပတ်ရဲ့ အစီအစဉ်တွေမှာ မပါဝင်တော့တာနဲ့အတူ ဂျူဗင်တပ်က သူတို့နှစ်ယောက်လုံးကို ခေါ်ယူဖို့ အလိုရှိနေပါတယ်။
ထိပ်တိုက် တွေ့ဆုံရမယ့် ပွဲမတိုင်ခင် ဆီးဗီးလားဂိုးသမာ ဗက်စ်လစ်က ချယ်ဆီးရဲ့ တိုက်စစ်အရည်အသွေးကို ချီးကျူးခဲ့ပြီး တီမိုဗာနာ၊ ဟားဗတ်နဲ့ ပူလီဆစ်တို့ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို နားလည်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးဟာ မႏွစ္က လိဂ္အဆင့္ ၄ နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္သာ ေရာက္ခဲ့ေပမယ့္ ဒီႏွစ္မွာ လူအင္အားသစ္ေတြ ရရွိခဲ့တဲ့ေနာက္ ျပည္တြင္းေရာ ဥေရာပမွာပါ ဖလားရဖို႔ အားေကာင္းတဲ့ စိန္ေခၚသူေတြ ျဖစ္တယ္လို႔ ဂ်ိဳကိုးလ္က ယုံၾကည္ေနပါတယ္။
ေဂ်ာ္ဂ်င္ဟိုဟာ စပါးနဲ႔ လန္ဒန္ဒါဘီအပါအဝင္ ခ်ယ္ဆီးရဲ႕ ပြဲေတာ္ေတာ္မ်ားမ်ားမွာ အရန္ခုံထိုင္ခဲ့ရၿပီး ကန္ေတနဲ႔ ကိုဗာဆစ္တို႔ရဲ႕ေနာက္ကို ေရာက္ခဲ့ရေပမယ့္ သူ႔ရဲ႕ ပြဲထြက္ေနရာအတြက္ တိုက္ပြဲဝင္ဖို႔ ျပင္ဆင္ထားတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
ခ်ယ္ဆီးနဲ႔ဆီးဗီးလားတို႔ဟာ ၁၀ မွတ္စီနဲ႔ ခ်န္ပီယံလိဂ္အုပ္စု အဆင့္ ၁ နဲ႔ ၂ မွာ ေနရာယူထားၿပီး ဒီေန႔ညမွာ ထိပ္တိုက္ေတြ႕ဆုံရမွာျဖစ္သလို ခ်ယ္ဆီးဟာ ဒီၿပိဳင္ပြဲမွာ ဖလားရယူဖို႔ ရည္႐ြယ္ထားတာပါလို႔ ဆီးဗီးလားနည္းျပက ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးမွာ အလားအလာေကာင္းေတြနဲ႔ကစားသမားဘဝကို စတင္ခဲ့တဲ့ ဇီယက္ခ္်ဟာ အီဒင္ဟာဇက္နဲ႔ ႏႈိင္းယွဥ္ခံရမႈေတြအေပၚ တုံ႔ျပန္ခဲ့ၿပီး အခု မက္ဒရစ္ၾကယ္ပြင့္ကို အတုယူကာ အၿမဲတမ္း တြန္းအားေပးခဲ့တာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဘာစီလိုနာမွာ ပီေကး ဒဏ္ရာရခဲ့တဲ့ေနာက္ ခံစစ္အင္အားသစ္ေတြ ျဖည့္တင္းဖို႔ လိုအပ္ေနခဲ့ၿပီး ဗဟိုေနာက္တန္းအတြက္ အာဆင္နယ္ရဲ႕ မူစတာဖီနဲ႔ ခ်ယ္ဆီးရဲ႕ ႐ူဒီဂါ တို႔ကို ေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။
ခ်ယ္ဆီးဟာ ဘိုင္ယန္ေနာက္ခံလူ ေဒးဗစ္အလာဘာရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ျပင္ဆင္ေနသလို ကလပ္ပိုင္ရွင္ ႐ိုမန္ေအဗရာမိုဗစ္ခ္်က သူနဲ႔ ရင္းႏွီးတဲ့ သူငယ္ခ်င္း ဆက္ဆံေရးကေန အေျပာင္းအေ႐ႊ႕ကို အကူအညီျဖစ္ေစဖို႔ ေမွ်ာ္လင့္ေနပါတယ္။
ဂ်ီ႐ူးဟာ မႏွစ္က စာခ်ဳပ္တစ္ႏွစ္ သက္တမ္းတိုးထားေပမယ့္ ဇန္နဝါရီမွာ ထြက္ခြာလိုေနၿပီး အီမာဆန္ကလဲ လမ္းပတ္ရဲ႕ အစီအစဥ္ေတြမွာ မပါဝင္ေတာ့တာနဲ႔အတူ ဂ်ဴဗင္တပ္က သူတို႔ႏွစ္ေယာက္လုံးကို ေခၚယူဖို႔ အလိုရွိေနပါတယ္။
ထိပ္တိုက္ ေတြ႕ဆုံရမယ့္ ပြဲမတိုင္ခင္ ဆီးဗီးလားဂိုးသမာ ဗက္စ္လစ္က ခ်ယ္ဆီးရဲ႕ တိုက္စစ္အရည္အေသြးကို ခ်ီးက်ဴးခဲ့ၿပီး တီမိုဗာနာ၊ ဟားဗတ္နဲ႔ ပူလီဆစ္တို႔ရဲ႕ ၿခိမ္းေျခာက္ႏိုင္စြမ္းကို နားလည္ထားတယ္လို႔ ေျပာဆိုခဲ့ပါတယ္။