ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (2/12/20)

ဘရိုက်တန်ရဲ့ ရလဒ်တွေက မကောင်းနေပေမယ့်လဲ နောက်ခံလူ ဘင်ဝှိုက်က အကောင်းဆုံး ခြေစွမ်းတွေ ပြသထားခဲ့တာဖြစ်သလို ခံစစ် အားဖြည့်ဖို့ လိုအပ်နေတဲ့ ယူနိုက်တက်၊ ချယ်ဆီးနဲ့ စပါးတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ လျင်မြန်ပြီး ခေါင်းတိုက်ဘောတွေမှာ ကောင်းမွန်သလို ကာဗာနီရဲ့ စိတ်အားထက်သန်မှုနဲ့ အမြဲတမ်းအဆင်သင့်ဖြစ်နေတာတွေက အကောင်းဆုံး ခြိမ်းခြောက်နိုင်မှုတွေဖြစ်တယ်လို့ တူချယ်က သူ့အသင်းကို သတိပေးပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပုံစံခြေစွမ်းအောက် ကျဆင်းနေတဲ့ ပီအက်စ်ဂျီနဲ့ပွဲမှာ တစ်မှတ်ရယူပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်တယ်ဆိုပေမယ့် ဒီပွဲမှာ သူတို့ရဲ့ ခံစစ်ပိုင်းက တိုးတက်ဖို့ လိုတယ်လို့ ဝက်စ်ဘရောင်းက ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ ၄ ပွဲကစား၊ ၆မှတ်သာရထားတဲ့ ပီအက်စ်ဂျီဟာ ယူနိုက်တက်နဲ့ပွဲကို ဖိုင်နယ်လို သဘောထားပြီး ကစားရမယ်လို့ မာကို ဗာရတ်တီ က ဆိုလိုက်ပြီး ဘာဆင်ခြေမှ ပေးစရာမရှိဘူးလို့ အသင်းဖော်တွေကို သတိပေးပြောဆိုခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ ဖရီးကစ်ကို ကာကွယ်ဖို့ ကြိုးစားရင်း ဂိုးတိုင်နဲ့ ပြင်းပြင်းထန်ထန် ဆောင့်မိခဲ့တဲ့ ဒီဂီယာဟာ ချက်ချင်းလူစားလဲခဲ့ရပြီး ကုသမှု ခံယူခဲ့ရပေမယ့် ဗုဒ္ဓဟူးနေ့ လေ့ကျင့်ရေးမှာ ပါဝင်လာခဲ့တဲ့နောက် ပီအက်စ်ဂျီနဲ့ပွဲမှာ ကစားနိုင်ဖွယ်ရှိပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဆောက်သမ်တန်နဲ့ပွဲမှာ အထူးခြေစွမ်းပြခဲ့တဲ့ ကာဗာနီကို ချီးကျူးခဲ့ပြီး သူဟာ ဂိုးကို အနံ့ခံနိုင်တဲ့ ထက်မြက်တဲ့ တိုက်စစ်မှူး ဖြစ်ပြီး အသင်းက အောင်မြင်မှု ရအောင် အများကြီး ကူညီပေးလိမ့်မယ် လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ဘ႐ိုက္တန္ရဲ႕ ရလဒ္ေတြက မေကာင္းေနေပမယ့္လဲ ေနာက္ခံလူ ဘင္ဝႈိက္က အေကာင္းဆုံး ေျခစြမ္းေတြ ျပသထားခဲ့တာျဖစ္သလို ခံစစ္ အားျဖည့္ဖို႔ လိုအပ္ေနတဲ့ ယူႏိုက္တက္၊ ခ်ယ္ဆီးနဲ႔ စပါးတို႔က သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ လ်င္ျမန္ၿပီး ေခါင္းတိုက္ေဘာေတြမွာ ေကာင္းမြန္သလို ကာဗာနီရဲ႕ စိတ္အားထက္သန္မႈနဲ႔ အၿမဲတမ္းအဆင္သင့္ျဖစ္ေနတာေတြက အေကာင္းဆုံး ၿခိမ္းေျခာက္ႏိုင္မႈေတြျဖစ္တယ္လို႔ တူခ်ယ္က သူ႔အသင္းကို သတိေပးေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ပုံစံေျခစြမ္းေအာက္ က်ဆင္းေနတဲ့ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ တစ္မွတ္ရယူၿပီး ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္တယ္ဆိုေပမယ့္ ဒီပြဲမွာ သူတို႔ရဲ႕ ခံစစ္ပိုင္းက တိုးတက္ဖို႔ လိုတယ္လို႔ ဝက္စ္ဘေရာင္းက ေျပာဆိုခဲ့ပါတယ္။

ခ်န္ပီယံလိဂ္မွာ ၄ ပြဲကစား၊ ၆မွတ္သာရထားတဲ့ ပီအက္စ္ဂ်ီဟာ ယူႏိုက္တက္နဲ႔ပြဲကို ဖိုင္နယ္လို သေဘာထားၿပီး ကစားရမယ္လို႔ မာကို ဗာရတ္တီ က ဆိုလိုက္ၿပီး ဘာဆင္ေျခမွ ေပးစရာမရွိဘူးလို႔ အသင္းေဖာ္ေတြကို သတိေပးေျပာဆိုခဲ့ပါတယ္။

ေဆာက္သမ္တန္နဲ႔ပြဲမွာ ဖရီးကစ္ကို ကာကြယ္ဖို႔ ႀကိဳးစားရင္း ဂိုးတိုင္နဲ႔ ျပင္းျပင္းထန္ထန္ ေဆာင့္မိခဲ့တဲ့ ဒီဂီယာဟာ ခ်က္ခ်င္းလူစားလဲခဲ့ရၿပီး ကုသမႈ ခံယူခဲ့ရေပမယ့္ ဗုဒၶဟူးေန႔ ေလ့က်င့္ေရးမွာ ပါဝင္လာခဲ့တဲ့ေနာက္ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ကစားႏိုင္ဖြယ္ရွိပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ အထူးေျခစြမ္းျပခဲ့တဲ့ ကာဗာနီကို ခ်ီးက်ဴးခဲ့ၿပီး သူဟာ ဂိုးကို အနံ႔ခံႏိုင္တဲ့ ထက္ျမက္တဲ့ တိုက္စစ္မႉး ျဖစ္ၿပီး အသင္းက ေအာင္ျမင္မႈ ရေအာင္ အမ်ားႀကီး ကူညီေပးလိမ့္မယ္ လို႔ ေျပာဆိုခဲ့ပါတယ္။